တစ်ကိုယ် တော်စီးရီးက သြဂုတ်လမှာ ထွက်ရှိမယ့် ချမ်းချမ်း

0
241

Cham-Cham

ချမ်းချမ်းရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်စီးရီးသစ် ‘ကျွန်မ၏ ပုံပြင်များ’လို့ အမည်ပေးထားတဲ့ စီးရီးသစ်ကိုတော့ သြဂုတ်လမှာ ထွက်ရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ စီးရီးနဲ့ ပတ်သက်ပြီး ချမ်းချမ်းက……

“၈လပိုင်း ၂ဝရက်ကျော်လောက်မှ ထွက်ရှိမယ်။ သီချင်းအကုန်လုံး ပြီးနေပါပြီ။ IC နဲ့ တီးခတ်ထားပါတယ်။ တေးရေးဆရာတွေက အသစ်တွေပါ။ သီချင်းပုံစံက JAZZ တွေပါမယ်၊ R&B ပါမယ်၊ Soft Rock ပါမယ်၊ Featuring မပါပါဘူး။ ဒီစီးရီးခွေမှာက အစ်မကိုယ်တိုင် ကြိုက်တဲ့အပြင် ကို အစ်မပရိသတ်တွေကလည်း comment လေးတွေပေးပြီး ဘယ်လို ပုံစံလေးထည့်ပါမယ်ဆိုတာနဲ့ အကုန်လုံးရွေးချယ်တဲ့ သီချင်းတွေလည်းပါတယ်”လို့ ပြောပါတယ်။

ဒီစီးရီးခွေမှာတော့ သီချင်းတွေကို တေးရေးဆရာအသစ် တွေနဲ့ ရေးစပ်ထားတာဖြစ်ပြီး ချမ်းချမ်းက တေးရေးဆရာတွေရဲ့ အရေးအသားတွေ က ဒီခေတ်နဲ့ကိုက်ညီတယ်လို့ မြင်တဲ့အတွက် ရေးခိုင်းဖြစ်ခဲ့ကြောင်းကို ပြောပါတယ်။

“အဓိကကတော့ သီချင်းအသစ်တွေကို Facebook ကနေရော၊ အိမ်ကိုလာပြီး သီချင်းအသစ်တွေ လာပြကြတယ်။ ပြတဲ့အခါကျတော့ အစ်မကိုယ်တိုင်ကလည်း စီးရီးခွေလုပ်နေတာ သိတဲ့အခါကျတော့ တေးရေးဆရာတွေ တော်တော်များများ လာပြကြတယ်။ အသစ်တွေကလည်း သူတို့ ရဲ့အတွေးအခေါ်နဲ့ ဆန်းသစ်မှုကလည်း အသီးတွေလို မခါးပါဘူး။ သူတို့ရဲ့ အရေး အသားက ဒီခေတ်နဲ့ ကိုက်ညီတယ်လို့ အစ်မမြင်တယ်။ အဲဒီ အတွက်ကြောင့် ရေးခိုင်းဖြစ်တာပါ”လို့ ပြောပါတယ်။

‘ကျွန်မ၏ပုံပြင်များ’ စီးရီးသစ်ကိုတော့ ပရိသတ်တွေ ကြိုက်နှစ်သက် ကြမယ်လို့ ပြောလာတဲ့ ချမ်းချမ်းက ကိုယ်လုပ်တဲ့ သီချင်းပုံစံ အမျိုးအစားက အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ပရိသတ်နားမှာ စွဲကျန်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here