တေးစီးရီးထွက်ရှိတော့မယ့် G.Family အဖွဲ့

0
232

Guita-

G Family အဖွဲ့သားတွေ စုံစုံညီညီနဲ့ အနုပညာလှုပ်ရှားမှုတွေပြုလုပ်လာကြတာဟာ အသစ်တွေ မျှော်လင့်နေတဲ့ သူတို့ပရိသတ်တွေ အတွက် ကျေနပ်စရာပါပဲ။ G Family  ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းငြိမ်းကိုက “ကျွန်တော့်ရဲ့ ‘အမှားနဲ့မကင်း တဲ့လူ’ စီးရီးခွေထဲက G Family  သီချင်း ပေါ့။FG Entertainment နဲ့ ရိုက်ကူးတာပေါ့နော်။ ကျွန်တော့် အခွေ အမ်တီဗီထွက်ရှိရင်ပါမှာပေါ့။ ရက်အတိအကျမသိသေးလို့။ ဒီနှစ်က တော့ ကျိန်းသေတယ်။ ကြိုးစားနေတာကတော့ ကျွန်တော်တို့ ဒီလူတွေ အားလုံးပါတဲ့ G Family ဆိုတဲ့ နာမည်နဲ့ အခွေတစ်ခွေထွက်မယ်။ ၂ဝ၁၈ ခုနှစ်ထဲမှာလာဖို့ရှိတယ်။ တည်တာက ဘာဖြစ်လို့ကြာနေသလဲဆိုတော့ အကုန်လုံးက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာ။ ပြီးရင် ကျွန်တော် တို့ G Family ချည်းပဲ ရှိုးတစ်ခုလုပ်ဖို့ တည်နေတယ်” လို့ပြောပါတယ်။ မြန်မာပြည်ဟစ်ဟော့ပ်လောကမှာ ရပ်တည်လာတာ နှစ်ကာလတွေကြာ ခဲ့ပြီဖြစ်တဲ့ G Family အဖွဲ့ကတော့ လူသစ်တွေ၊ လူဟောင်းတွေနဲ့ တကယ့်ကို တောင့်တင်းလှတဲ့ ဟစ်ဟော့ပ်အဖွဲ့ကြီးပါ။

“ကျွန်တော်တို့ G Family  ကလူကြီးတွေထဲကဆိုရင် Snare က နေဝင်း၊ဖြိုးလေးပါမယ်။ ပြီးရင် ကျွန်တော်တို့ Hip 2 က ကျွန်တော်ရယ်၊ စည်သူချိုကြီးရယ်ပါမယ်။ ပြီးရင် One Way က ရဲရင့်ရယ်၊ Bro Gရယ်၊ မျိုးသန့်ရယ်ပါတယ်။ ပြီးရင် နိုင်းဝမ်းရယ်၊ အောင်သူရယ်ပါမယ်။ အငယ်တွေထဲမှာဆိုရင် Doe Doe ပါတယ်။ Satan ပါတယ်။Player K ပါတယ်။ ပြီးတော့ နောက်တစ်ယောက်ကG.Fatt ကိုခေါ်လိုက်တယ်။ အခု နောက်ဆုံး ခေါ်ထားတာက ဂိုးသမားကျော်ဇင်ထက်ပေါ့နော်။ သူလည်း သီချင်းဆိုတယ်။ ပြီးတော့ DJ ညီညီဆွေတစ်ယောက်ပါသေးတော့ အားလုံး ပေါင်း ၁၅ယောက်ဖြစ်သွားတာပေါ့” လို့ ချမ်းငြိမ်းကိုက ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊ ဓာတ်ပုံ – T Kyi


LEAVE A REPLY

Please enter your comment!
Please enter your name here