အစ်ကိုဖြစ်သူ ဒွေး ဖြစ်စေချင်တဲ့ အနေအထားတစ်ခု ရောက်အောင် ကြိုးစားနေတဲ့ သားညီ

0
211

Thar-Nyi

သရုပ်ဆောင်တစ်ဦး ဖြစ်သလို ဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ သားညီကတော့ သူရဲ့အစ်ကို အရင်းဖြစ်တဲ့ ဒွေးကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် ဝမ်းနည်းခြင်း အမှတ်တရပွဲကို ကိုသားကြီး (ဒွေး) နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ အမှတ်တရ ဖြစ်ခဲ့တာတွေကို အခုလို ပြောပြခဲ့ပါတယ်။

” သူ့စိတ်ထဲမှာ သူကမင်းသား တစ်ယောက် ဆိုတာ မရှိဘူး။ ဘယ်နေရာမှာ ဘာလုပ်ရမယ် ဆို တာပဲ စိတ်ဝင်စားတယ်။ ပြီးတော့ အသစ်တွေနဲ့တွဲ ပြီး အလုပ်လုပ်ရတာလည်း ဝါသနာပါတယ်။ အမြဲ တမ်းလည်း အသစ်တွေကို မြေတောင်မြှောက်ပေး တတ်တယ်။ အဲဒီလို စိတ်ဓာတ်လေးတွေကို လေး စားပါတယ်။ အတုယူရပါတယ်။ အဲဒီအချိန်တုန်းက သူကကျွန်တော့်ကို နာမည်ကြီး သရုပ်ဆောင် တစ်ယောက် ဖြစ်စေချင်တယ်။ ကျွန်တော်ကလည်း ငယ်သေးတော့ သူလိုချင်တဲ့ အနေအထားတစ်ခုကို မရောက်လိုက်ပါဘူး။ အဲဒီအတွက် ကျွန်တော် ဒါရိုက်တာ ဘက်ကိုကူလာတဲ့အချိန်မှာ သူဖြစ်စေ ချင်တဲ့ အနေအထားတစ်ခုကို ရောက်အောင် ကြိုး စားနေပါတယ်” လို့ပြောပါတယ်။

ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ သူကတော့ အခု နှစ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက် ကူးထားပါတယ်။ သူရဲ့ရုပ်ရှင် ဇာတ်ကားကြီးတွေကို B ရုံ စနစ်နဲ့ ပြသတော့မှာနဲ့ ပတ်သက်ပြီး……….

“ကျွန်တော် ဇာတ်ကားတွေထဲက အရင်ဆုံး ရုံတင်ပြသမှာကတော့ လွှမ်းပိုင်နဲ့ အိချောပိုတို့ အဓိက သရုပ်ဆောင်ထားတဲ့ “ကြွေ” ဇာတ်ကား ရုံတင်ပါ လိမ့်မယ်။ ပြီးတော့ နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်တို့ ရိုက်ကူးထားတဲ့ ” ပက်ပက်စက် စက်ညှို့” ဇာတ်ကား ရုံတင်ဖို့အတွက် လုံးပန်း နေပါတယ်။ ရုံတင်ပြသမှာကတော့ နှစ်ကားလုံး B စနစ်နဲ့ပဲ သွားမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင် ပြသဖို့ ချိတ်ဆက်တဲ့ အခါမှာ B စနစ် ဝင်လာ တာတော့ ကောင်းပါတယ်။ အရင်လို အကြာကြီး စောင့်စရာ မလိုတော့ဘူးပေါ့။ ပြီးတော့ ရုပ်ရှင် ဇာတ်ကားတွေကို အရင်ထက် ပိုကောင်းအောင် ရိုက်ကူး လာကြတယ်။ B စနစ်မှာတင်တဲ့ ဇာတ်ကားတွေက A စနစ်မှာ တင်တဲ့ဇာတ်ကားတွေထက် မိုမာနေတယ် လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ B စနစ်က အပြိုင်အဆိုင်ပိုများတာပေါ့။ A စနစ်က အလှည့်ကျ စောင့်သွားရုံပဲဆိုတော့ B စနစ် ပေါ်လာတာ အရမ်း ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

သူကတော့ ၈ လပိုင်းအတွင်း မြဝတီမှာ ဗီဒီယိုဇာတ် ကား ရိုက်ကူးသွားမှာဖြစ်ပြီး ၉လပိုင်းမှာ ရုပ်ရှင် ဇာတ်ကား ကြီး ရိုက်ကူးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here