နွေးထွေးတဲ့ မိသားစု မရှိပေမယ့် ကိုယ့်ဘက်က အမြဲအားပေး ချစ်ခင်သူတွေရှိလို့ ကျေးဇူးတင်ပါတယ် အကယ်ဒမီ ထက်ထက်မိုးဦး

0
221

Htet-Htet-Moe-Oo

ပြည်သူ့အချစ်တော် အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးက ကာလအတန်ကြာ ဇာတ်ကားရိုက်ကူးမှု တွေ ရပ်နားထားရာမှ အခုအချိန်မှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပါတယ်။ ဇာတ်အိမ်ကောင်း ကောင်းလေးတွေနဲ့ ရေရှည်မှာ လူတွေရဲ့စိတ်ထဲ ကျန်ရစ်ခဲ့တဲ့ ဇာတ်လမ်းမျိုး ရိုက်ကူးချင်တယ်ဆိုတဲ့ ထက်ထက် မိုးဦးက လတ်တလောမှာ MRTV-4 က ရိုက်ကူးခဲ့တဲ့ ‘မိုးကောင်းကင်အိပ်မက်’ဇာတ်လမ်းတွဲ ကို အေးမြတ်သူတို့နဲ့ အတူ ရိုက်ကူးနေပါတယ်။

သမီးလေးမွေးဖွားပြီးကတည်းက ခန္ဓာကိုယ်ပုံပျက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး အနုပညာအလုပ်တွေ မလုပ်တော့ဘဲ အခုအချိန်မှာ တော့ ဝိတ်ချနေပြီး ဇာတ်ကားရိုက် ကူးမှုတွေ ပြန်လည် ရိုက်ကူးမှာဖြစ်ကြောင်း ထက်ထက်မိုးဦးက ပြောပါတယ်။ သမီးဖြစ်သူ စစ်လွန်းဝတီထက် ကိုတော့ အခုလောလောဆယ်မှာ ပညာရေးဘက်ကိုပဲ ဦးစားပေးနေစေ ပြီး အနုပညာအလုပ်တွေကို အရင်က လောက် ပေးမလုပ်ဖြစ်တော့ကြောင်း ထက်ထက်မိုးဦးက ပြောပါတယ်။

“သမီးက အခုအတန်းက Year II ဆိုတော့ စာတွေလည်းခက်လာတယ်။ သမီးကို ဒီအနုပညာ အကြောင်းတွေ သူ့ရှေ့မှာ သိပ်မပြောတော့ဘူး။ စာကိုပဲ ပိုစိတ်ဝင်စား အောင်ပါ။ ပညာရေးကိုပဲ ဦးစားပေးချင်ပါတယ်။ ပညာတတ်ဖြစ်ရင်တော့ ကိုယ်လုပ်တဲ့ဘယ်အလုပ်မျိုးကိုမဆို ကြိုးကြိုးစားစားနဲ့ ဘာပဲလုပ်လုပ် ကိုယ့်စိတ် ကြိုက်လုပ်လို့ရတယ်။ အခုကျတော့ အစ်မတို့က အနုပညာသမားဆိုတော့ သူများစိတ်နဲ့ အားလုံးအပေါ်မှာ ကတိတည်ရတယ်။ သစ္စာရှိရှိနဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်။ မင်းသမီးဆိုတော့ ပိုဆိုးတယ်။ စရိုက်ပေါင်းစုံစိတ်ထဲမှာ သွင်းပြီး အမျိုးမျိုးဖန်တီးယူနေရတယ်”လို့ ပြောပါတယ်။

ကာလအတန်ကြာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် လည်း အခုချိန်ထိ ပရိသတ်တွေ အရမ်းအားပေးကြတဲ့အတွက် ကျေးဇူး တင် ကြောင်းလည်း ထက်ထက်မိုးဦးက ပြောပါတယ်။

“ပရိသတ်တွေကို အမြဲတမ်းချစ်ပါတယ်။ အားလုံးကိုလည်း လေးစားပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ထက်ထက်ဘဝမှာ ကျန်တာတွေ ဘာမှမရှိပေမယ့် သူများလို နွေးထွေးတဲ့ မိသားစုမရှိပေမယ့် နွေးထွေး ပြီး ကိုယ့်ကိုအမြဲတမ်း အားပေးပြီး မှားမှားမှန်မှန် ကိုယ့်ဘက်က အမြဲတမ်း ရပ်တည်ပေးပြီး ထောက်ခံပေးတဲ့ ချစ်တဲ့သူ တွေရှိလို့ ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here