Rose Rider ဇာတ်ကားအတွက် ဆိုင်ကယ် ၃စီး ဝယ်လိုက်တဲ့ ထွန်းထွန်း

0
275

Tun-Tunထွန်းထွန်းက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “Rose Rider” (နှင်းဆီစီး ခြင်း) ဇာတ်ကားကြီးကို မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ဇင်ဝိုင်း၊ နေမျိုးအောင်၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့အတူ သြဂုတ်လထဲမှာ နေပြည်တော်၊ မန္တလေး၊ မေမြို့တို့မှာ ပုံဖော်ရိုက် ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းနဲ့ ပတ် သက်ပြီး ထွန်းထွန်း က…

“အဓိကကတော့ ဒီဇာတ်ကားထဲမှာ လိုအပ်ချက် ကတော့ ဆိုင်ကယ်လေးဖြစ်တဲ့ အတွက် ဆိုင်ကယ်လေးတွေ ပြင်ဆင်ထားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဆိုင်ကယ် ကို ကြိုက်တဲ့ အတွက် မန္တလေးက Mandalay Amazing Try Group ဆိုတဲ့ Modified လုပ်တဲ့ သူတို့ဆီကို ကျွန်တော့် ဆိုင်ကယ်တွေ ပို့ပြီးတော့ ပြင်ထားတယ်။ သေချာ တာတစ်ခု ကတော့ ကျွန်တော်တို့တွေ ဆိုင်ကယ် ဇာတ်ကားဖြစ်တဲ့ အတွက် ကျွန်တော် အပါအဝင် သရုပ်ဆောင် အကုန်လုံးက ကိုယ်ပိုင် ဆိုင်ကယ်တွေ ကိုယ်စီနဲ့ တစ်ယောက်ကို ၂စီး၊ ၃ စီးနဲ့ ဒီဇာတ်ကားထဲမှာ ထည့်ရိုက်လို့ ရအောင် အဓိကထားပြီး သရုပ်ဆောင်ပါတယ်။ နောက်ပြီး ဒီထဲ မှာ Body Weight က လိုအပ် ချက်ရှိတော့Body Weight  လည်းထိန်းရတယ်။ ဆိုင်ကယ် တွေနဲ့ ရိုက်ရတဲ့ အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော် ကိုယ်တိုင်က လည်း ဆိုင်ကယ်ကြိုက် တဲ့သူဆိုတော့ ဒီဇာတ် ကားကို အကြောင်းပြပြီး အိမ်မှာ ဆိုင်ကယ် ၃ စီး ဝယ်လိုက် တယ်”လို့ ပြောပါတယ်။

နှင်းဆီအဖွဲ့အ နေနဲ့ စင်တင် မင်းသမီး ၅ ဦးရွေးချယ်ခဲ့ပြီး အဲဒီ ထဲမှာမှ မင်းသမီးသစ် ဇွန်လေးဖြူကိုတော့ “Rose Rider” ဇာတ် ကားအတွက် မင်းသမီးအ ဖြစ် ထပ်မံ ရွေးချယ်ခဲ့ ကြောင်း ထွန်းထွန်းက ပြောပါတယ်။

“မင်းသမီးရွေး ချယ်တာက Story Book မီဒီယာမှာ တာ ဝန်ရှိတဲ့  Judge  တွေက ရွေးချယ်တယ်။ လာ ရောက်လျှောက်ထားတာ က အယောက် ၃ထောင် ကျော် လျှောက်ကြတယ်။ အဲဒီထဲမှာမှ အယောက် ၁ဝဝကျော်၊ အယောက် ၂ဝ၊ နောက်ဆုံးဆန်ခါတင် ၅ ယောက် ရွေးချယ်ခဲ့ပါတယ်။ ဒီဇာတ်အတွက်က အဲဒီ ၅ယောက်ထဲ က ၁ယောက် ထပ်မံ ရွေးချယ်ခဲ့ပါ တယ်။ ဒါပေမဲ့ ကျန်တဲ့ ၄ ယောက် ကို နှင်းဆီအဖွဲ့က နောက်ထပ် ရိုက်ကူး မယ့် ဇာတ်ကားတွေမှာ ပါဝင် သရုပ် ဆောင်ခွင့်ရမှာပါ”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here