ဂျပန်ဘာသာ စကား ပြောပြီး သရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်

0
262

Witt-Hmone-(1)အကယ်ဒမီ ဝတ်မှုံရွှေရည်က သြဂုတ်လ ၁ဝရက်မှာ ကျရောက်တဲ့ ၂၉နှစ်ပြည့် မွေးနေ့အလှူ အဖြစ် မိသားစုနဲ့ အတူ အောင်ဇမ္ဗူတော ရ ကျောင်းတိုက်မှာ ဆရာတော်၊ သံဃာ တော်များကို နေ့ဆွမ်းဆက် ကပ်လှူ ဒါန်းခဲ့ပြီး ဝတ္ထုငွေကိုလည်း ဆက် ကပ် လှူဒါန်း ကာ မွေးနေ့ကို ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ရင်း ဖြတ်သန်း ခဲ့ပါတယ်။ မွေးနေ့ရောက်တိုင်းမှာ စိတ် အနှောင့်အယှက် ဖြစ်စရာတွေ ကြုံရလေ့ရှိတယ် လို့ဆိုတဲ့ ဝတ်မှုံရွှေ ရည်က

“မွေးနေ့နီးလာတိုင်း ကစ်သိ တာတစ်ခုက  stress များတယ်။ သူ့ဟာသူ  stress များတာ။ မွေးနေ့  stress တော့မဟုတ်ဘူး။ မွေးနေ့ နီးရင် ပြသနာလေးနည်းနည်း ရှိ တယ်။ စိတ် အနှောင့်အယှက် နည်းနည်း ရှိတယ်။ စိတ်ညစ်ရတယ်။ တစ်ခါတလေ နေ မကောင်းဖြစ် တယ်။ ပြီးရင် မွေးနေ့နီးရင် အလုပ်များ တယ်။ အလုပ်ရှုပ်တယ်။ အဲဒါ လေးတွေကတော့ သတိရနေတာ လေးတွေပါ”လို့ပြောပါ တယ်။ မွေးနေ့ တိုင်း လိုလိုက တော့ သူ့အတွက် အမှတ်ရစရာ တွေ များပါတယ်လို့လည်း ဆိုပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး အနေနဲ့ ရိုက်ကူးမယ့် “ဇာတိမြေ” ရုပ်ရှင် ဇာတ် ကားမှာ ပါဝင် သရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်က ဂျပန်ဘာသာ စကားပြောပြီး သရုပ်ဆောင် ရမှာဖြစ် တာကြောင့် ဂျပန်ဘာသာကို လေ့ လာ သင်ယူနေတယ်လို့လည်း သိရပါ တယ်။ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရ တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိတယ် လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က

“ပရိသတ် စိတ်ဝင်စားစရာ ကောင်းမယ့် ဇာတ်ကားလေးဖြစ် မှာပါ။ ကစ်က ဂျပန်မှာကြီးတဲ့ မြန်မာမိန်းကလေး အဖြစ် သရုပ် ဆောင် ရမှာပါ။ ဂျပန်မှာ ပဲမွေးတယ်။ ဂျပန် ယဉ်ကျေးမှုကို ချစ်တဲ့မိန်းက လေးတစ်ယောက်ပေါ့။ ပြင်ဆင်မှုက တော့ ဂျပန် စကားပြောရမယ်။ အခက် အခဲတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ် ။ မြန်မာဘက်ကရော ဂျပန်ဘက် ကရော ချစ်ကြည်ရေး အနေနဲ့ သေသေချာချာ ပူးပေါင်း ရိုက်တာ ဆိုတော့ မကောင်း စရာတော့ ရှိမှာမဟုတ်ဘူး လေ။ အဓိက အနေနဲ့က တော့ ဂျပန်ရဲ့ ယဉ်ကျေး မှုတွေ၊ မြန်မာရဲ့ ယဉ် ကျေးမှုအကြောင်းတွေ ပါမှာပါ” လို့ပြောပါတယ်။ ဝတ်မှုံရွှေရည်က ဒီဇာတ် ကားကိုတော့ သြဂုတ်လ ၂ဝ ရက် ဝန်းကျင်မှာ ဂျပန်နိုင်ငံကို သွားရောက် ရိုက်ကူးမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here