ဂျပန်မှာ အကသင်တန်းတက်ခဲ့ရခြင်း အကြောင်းအဆိုတော်အမွန်းပြော

0
198

amon

အမွန်းက ဂျပန်နိုင်ငံမှာ သွားရောက်ဖျော်ဖြေရင်း သူ့ရဲ့အယ်လ်ဘမ်အသစ်ထဲက သီချင်းနှစ်ပုဒ်ကိုလည် ရိုက်ကူးခဲ့တယ်လို့ ပြောပါတယ်။”အဓိကကတော့ အလည်အပတ်နဲ့ အနုပညာအလုပ်နဲ့ပါ မျှပြီးတော့ လုပ်ဖို့သွားတာပေါ့နော်။ သင်တန်းတချို့လည်း တက်ခဲ့ ပါတယ်”လို့ သူမက ရန်ကုန်ကိုပြန် ရောက်လာတဲ့အခါ အင်တာ ဗျူးမေးမြန်းခဲ့စဉ်မှာ ပြောကြားခဲ့ခြင်းပါ။ ဂျပန်လို အနုပညာဆိုင်ရာဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံမျိုးမှာ အကနဲ့ ပတ်သက်လို့ သင်တန်း တက်ခဲ့တဲ့ အမွန်းကို သူမရဲ့အတွေ့အကြုံ အကြောင်းမေးမြန်းဖြစ်တဲ့အခါ….

“အမွန်းတက်ရောက်ခဲ့တာက EN Dance ဆိုတဲ့ Studio ပါ။ အကတွေကတော့ အများကြီးပေါ့။ Hip Hop ရှိမယ်။ Contemporary ရှိမယ်။ Jazz ရှိမယ်။ အများကြီးပဲ။ အဲဒီမှာမှ အမွန်းက ခရီးကလည်း တိုတော့ HipHop ဘက်ကိုတက်ခဲ့တယ်။ သူတို့တွေက နိုင်ငံတကာအဆင့်မီကတဲ့ Dance သမားတွေက သင်တာဆိုတော့ သင်တန်း သားတွေကအစ အရမ်းတော်တယ်။ သူတို့တွေ သင်တဲ့အမြန်နှုန်းနဲ့ ကကွက်တွေက Level အရ တော်တော်လေးကိုမြင့်တယ်။ အဲဒီအတွက် ကိုယ့်အနေနဲ့ကတော့ Experience ရတယ်။ သူတို့ဆီက Course တစ်ခုတက်ပြီးသွားလို့ရှိရင် ကိုယ့်ရဲ့လှုပ်ရှားမှုတွေကအစအတွေ့အကြုံအသစ်တွေ အများကြီးရပါတယ်”လို့ ပြောပါ တယ်။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်းကိုလည်း မေးဖြစ်ခဲ့တဲ့အခါ …

“အဓိက က တော့ အခုလောလောဆယ် အမွန်းရဲ့ Album လေးကို အပြီးသတ်နေတာ ပေါ့နော်။ အဲဒါ ထွက်လာဖို့အတွက်ကို အမွန်းအာရုံစိုက်နေတယ်။ အမွန်းသရုပ်ဆောင်ထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားကလည်း ထွက်လာဖို့အတွက်ကို လုပ်နေကြပြီဆိုတော့ ပရိသတ်တွေနဲ့အတူ ရင်ခုန်စွာ စောင့်မျှော်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here