မွေးနေ့မှာ အုတ်ခွက်ဘုရား ပင့်ဆောင်ပူဇော်တဲ့ စန္ဒီမြင့်လွင်

0
182

 Sadi-2သရုပ်ဆောင်၊ အဆိုတော် စန္ဒီ မြင့်လွင်ရဲ့ မွေးနေ့အလှူ အဖြစ် အေး ချမ်းအောင်မြင် အုတ်ခွက် ဘုရားကို သြဂုတ်လ ၁၁ ရက်နေ့ နေ့ လယ် မှ သြဂုတ် ၁၂ရက်နေ့ နေ့လယ် အထိ နေအိမ်မှာ ပင့်ဆောင် ပူဇော်ခဲ့ပါ တယ်။ စန္ဒီမြင့်လွင်က နှစ်စဉ်မွေးနေ့ တိုင်း ဘုရား ပင့်ဆောင် ပူဇော်ခဲ့တာ ဒီနှစ် ဆိုရင် ၅နှစ် ရှိနေပြီလို့လည်း သိရပါတယ်။ မွေးနေ့ မနက်ပိုင်းမှာ တော့ သံဃာတော် များကို နေအိမ်မှာ ဆွမ်းဆက်ကပ် ခဲ့ပါတယ်။ ဒီနှစ် မွေးနေ့နဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင်က

“ဒီးဒီရဲ့မွေးနေ့ နှစ်တိုင်းလိုလို ဘုရားပင့်ဖြစ်ပါတယ်။ ဒီနေ့ ဘုရား ပင့်တယ်။ မုန့်ဟင်းခါး ကျွေးတယ်။ မွေးနေ့မနက်မှာ ဘုန်းကြီး ဆွမ်းကပ် တယ်။ မိသားစုနဲ့ အတူနေတယ်။ နောက်ပြီး သူငယ်ချင်းတွေ နဲ့အတူ မုန့်သွားစားတယ်။ ဘာသာရေးက တော့ အမြဲတမ်း လုပ်ဖြစ် ပါတယ်။ ပဋ္ဌာန်းရွတ်တယ်။ ပရိတ်ရွတ်တယ်။ ဒီနှစ်မွေးနေ့ ကတော့ ခံစားမှုရယ်လို့ သိပ်မရှိပါဘူး။ အသက် တစ်နှစ် ကြီးလာတာပေါ့လေ။ မွေးနေ့မှာ ဆုတောင်းပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြော ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ Koe Ko Fashion တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် သြဂုတ်လ ၁ဝရက်နေ့ မနက် ၆နာရီက မြောက်ဥက္ကလာပ ဆေးရုံရှိ လူနာများကို နံနက်စာ အာဟာရဒါန လှူဒါန်းခဲ့ပါတယ်။ အလှူအတန်းတွေ အမြဲမပြတ် လုပ်လေ့ရှိတဲ့ စန္ဒီမြင့်လွင်က နောက် ပိုင်းမှာလည်း Koe Ko Fashion ရောင်းချရငွေထဲကနေ လှူဒါန်းသွား မှာပါလို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က သူ့မွေးနေ့အမှတ်တရ အနေနဲ့ ပထမ ဆုံးအင်္ဂလိပ်လို သီဆိုထားတဲ့  Long Way To Go သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။

ခိုင်ဝေလွင် ၊
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here