မျက်ရစ်ဖော်ချင်တဲ့ Miss Myanmar World 2015 ခင်ရတနာသိန်းမြင့်

0
269

Thein-Myint

အခုနောက်ပိုင်းမှာတော့ အလှအပရေးရာနဲ့ ပတ်သက်ပြီး Plastic Surgery လုပ်လာတာ ခေတ်စားလာတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ Miss Myanmar World 2015 ဆုရှင် ခင်ရတနာ သိန်းမြင့်ကလည်း မျက်ခွံမှာ အဆီများနေတဲ့အတွက် မျက်ရစ်ဖော်ချင်ကြောင်း ပြောပါတယ်။

“ကျွန်တော်က မျက်စိနည်းနည်း မှေးတော့ မျက်ရစ်ဖော်ချင်တယ်။ ဒါပေမဲ့ သေချာလေ့လာပြီး တော့မှ စဉ်းစားဖြစ်မှာပါ။ ကျွန်တော့်မျက်စိရဲ့ မျက်ခွံမှာ အဆီများနေတယ်။ အဲဒါကြောင့် လုပ် ချင်တာပါ။ ကျွန်တော့်အနေနဲ့ မျက်နှာမှာ အခြား အစိတ်အပိုင်း ပြင်ချင်တာမရှိပါဘူး။ အခုနောက် ပိုင်းမှာက ခွဲစိတ်ပြုပြင်တာက တော်တော်များ များ လုပ်လာကြတယ်”လို့ ပြောပါတယ်။

အနုပညာအလုပ်တွေနဲ့ အဆက်ပြတ်နေ တဲ့ ခင်ရတနာသိန်းမြင့်က သူ့အနေနဲ့ခရီး သွားရတာကို ဝါသနာပါတဲ့အတွက်ကြောင့် ခရီး သွားပရိုဂရမ်လည်း လုပ်ချင်ကြောင်း ပြော ပါတယ်။

“ကျွန်တော်ကခရီးသွားတာ ဝါသနာ ပါတော့ ကျွန်တော့်ရဲ့ organization ကလူကြီးတွေကို ပြောထားပါတယ်။ အခွင့်ရေးရမယ် ဆိုရင် အခွင့်ရေးပါလို့ ပြောထားပါ တယ်။ ကျွန်တော့်အနေနဲ့က ခရီးတွေ သွားဖြစ်တယ်။ နေရာအသစ် အသစ်တွေ သွားရတာ အရမ်းသဘော ကျပါတယ်။ နေရာအသစ်ဆိုတာထက် ပတ်ဝန်းကျင်စိမ်းစိမ်းလန်းလန်းရှိတဲ့ ရေတံခွန်တို့၊ ပင်လယ်ကမ်းခြေတို့၊ သဘာဝကို ဦးစားပေးတဲ့နေရာမျိုးကို ရွေးပြီးသွားဖြစ်ပါ တယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here