ဗုဒ္ဓဘာသာကို မိရိုးဖလာ အနေနဲ့မဟုတ်ဘဲ ကိုယ်တိုင်က ယုံကြည်သက်ဝင်တာပါ ဘွန်း

0
152

Bon-3

သြဂုတ်၃၁ရက်နေ့၊ မွေးနေ့ ရှင်ဖြစ်တဲ့ ဘွန်းကမွေးနေ့ရက်မှာ တော့ သူ့ရဲ့ Fan တွေနဲ့အတူ အလှူတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ သူကနှစ်စဉ်မွေးနေ့ တိုင်းမှာလည်း အလှူအတန်းတွေနဲ့ သာ ဖြတ်သန်းလေ့ရှိသူလည်း ဖြစ်ပါ တယ်။ လူငယ်ဖြစ်ပေမယ့်လည်း ဘာသာရေးနဲ့ပတ်သက်လို့ လစ်ဟင်း လေ့မရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် သူဟာတနင်္ဂနွေနေ့တိုင်းမှာ ဘုရားသွားလေ့ရှိသူပါ။

“ညအိပ်ခါနီးတိုင်း ဘုရားရှိခိုး ပြီးမှအိပ်တယ်။ ပြီးတော့ ဇာတ်ကပြီး ရင်လည်း တစ်ဖွဲ့လုံးက ဘုရားကန် တော့ကြတယ်လေ။ မေမေကလည်း ဘာသာရေးနဲ့ ပတ်သက်လို့ အမြဲ သွန်သင်ပါတယ်။ ကျွန်တော်ငယ် ငယ်က ဆိုကရေးတီးပြိုင်ပွဲ သွားပြိုင် တော့ ကျွန်တော်ကလည်း ကြာသပ တေးသား၊ မေမေကလည်း ကြာသ ပတေးသမီးဆိုတော့ ကြာသာပတေးသားသမီးတွေရွတ်ရတဲ့ ဘုရားစာ ကိုသင်ပေးတယ်။အဖေနဲ့အမေက ဗုဒ္ဒဘာသာဖြစ်လို့ ကျွန်တော်က ဗုဒ္ဓဘာသာဆိုပြီး ခံယူတာမဟုတ် ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုက ထေရဝါဒဗုဒ္ဒဘာသာကို ယုံကြည် သက်ဝင်တာပါ။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ မမေ့မလျာ့ လုပ် ဖြစ်တာပါ” လို့ ဘာသာရေးနဲ့ ပတ်သက်လို့ ဘွန်းကပြောပြပါတယ်။

ဘွန်းကလက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်း ဇာတ်မှာကပြလျက်ရှိနေပါတယ်။ မိခင်ဖြစ်သူက မင်းသမီးကြီး နန်းခင် မွှေးဖြစ်တဲ့အတွက်ကြောင့်လည်း ဘွန်းကငယ်စဉ်ကတည်းက အနု ပညာနဲ့ပတ်သက်ပြီး ဗီဇပိုးရှိခဲ့ ပါတယ်။ တင်မောင်ဆန်းမင်းဝင်းရဲ့ အပတ်စဉ် မိုးရာသီအထူးဖျော်ဖြေပွဲ မှာလည်း ဘွန်းကပါဝင်ကပြတင်ဆက် လျက် ရှိနေပါတယ်။ အခုလက်ရှိ အချိန်မှာ တင်မောင်ဆန်းမင်းဝင်းရဲ့ မြေတောင်မြှောက်ပေးမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဦးချမ်းသာရေးသားတဲ့ ပြဇာတ်တစ် ပုဒ်ဖြစ်တဲ့ အချစ်ကိုရကောင်း စေ ဆိုတဲ့ ပြဇာတ်မှာဘွန်းရဲ့ သရုပ် ဆောင်မှုတွေကို ပရိသတ်တွေ က အားရကျေနပ်မှုရှိခဲ့ကြပါတယ်။ဘွန်း ကိုယ်တိုင်ကလည်း ဒီပြဇာတ်နဲ့ ပတ် သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားမှု တွေနဲ့အတူ သရုပ် ဆောင်ခဲ့ရ တာပဲ ဖြစ်ပါတယ်။

“ဦးချမ်းသာပြဇာတ်ကို ကိုကြီး တင်မောင်ဆန်းမင်းဝင်းရယ်၊ မအေး မရယ်က ကျွန်တော့်ကို ကခိုင်းတာပါ။ တအားစိတ်ပူတာပါ။ ကတဲ့အခါ ကောင်းမှကောင်းပါ့မလား။ ပရိသတ် ကကော ကြိုက်ပါ့မလားပေါ့။အိုက် တင်ပိုင်းနဲ့ပတ်သက်ပြီး ကိုဆန်းမင်း ကသင်ပေးတယ်။ မအေးမကလည်း အိုက်တင်နဲ့ပတ်သက်ပြီး အကြံပေး တယ်။ ပြီးတော့မေမေကလည်း မန္တလေး ကနေဖုန်းနဲ့လှမ်းပြီးပြောပြ တယ်။ ကပြီးသွားတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော်သိပ်ပြီး အားမရပေမယ့် ပရိသတ်တွေက ကြိုက်တယ်လို့ ပြောကြတဲ့အတွက် တအားပျော်ပါတယ်။ ဒါကပထ မဆုံးအကြိမ်ဖြစ်တဲ့အတွက် နောက် အကြိမ်တွေမှာတော့ ဒီ့ထက်ဒီ့ထက် ပိုကောင်း သွားအောင်ကြိုးစားသွား မှာပါ” လို့ ဘွန်းကကြိုးစားသွားမယ့်အကြောင်းကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here