စိတ်ဝင်စားမှုများသည့်မျက်နှာဆေးရောင်ခြယ်အစီအစဉ်ကို မုံရွာကလေးစာပေပွဲတော်တွင်ထည့်သွင်းပြုလုပ်ရန်စီစဉ်ထား

0
229

DSC_0377

မုံရွာမြို့တွင်ကျင်းပမည့်ကလေးစာပေပွဲတော်တွင်လာရောက်မည့်ကလေး ငယ်များ၏မျက်နှာဆေးရောင်ခြယ်ပေးမည့် အစီအစဉ်ကို စိတ်ဝင်စားမှုများသည့် အတွက်ထည့်သွင်း  ပြုလုပ်ရန်စီစဉ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးမောင်ဖေထံ မှသိရသည်။

စက်တင်ဘာလ၁ရက် မှ ၃ရက်နေ့ထိ မုံရွာတက္ကသိုလ်တွင် ကျင်းပမည့် ကလေး စာပေပွဲတော်တွင် စာပေဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန်ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမောင်ဖေသည် မုံရွာမြို့နယ်စာရေး ဆရာအသင်းဝင်များ၊ မုံရွာပန်းချီဆရာများဖြင့်တွေ့ဆုံကာ ဆက်လက်ဆောင် ရွက်ရန်များ အသေးစိတ်ချပြဆွေးနွေးခြင်းကိုသြဂုတ်၅ရက်နံနက်ပိုင်းကမုံရွာ မြို့စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခန်း မတွင် ပြုလုပ်သည်။

“ကလေးစာပေပွဲတော်၃ရက်ကျင်းပရာမှာနေ့စဉ်မနက်ပိုင်းမှာ စာရေးဆရာကြီး၂ဦးကကလေးများနဲ့ပတ်သက်တဲ့ စာပေဟောပြောပွဲကိုထည့်သွင်းကျင်းပမှာဖြစ်သလိုညနေပိုင်းမှာအလုပ်ရုံဆွေးနွေးပွဲကိုစာရေးဆရာကဗျာဆရာ၎ဦး၅ဦးစသဖြင့်ကျင်းပဖို့စီစဉ်ထားပါတယ်။ ကလေးတွေဖွံ့ဖြိုး တိုးတက်ဖို့ စာဖတ်ဖို့နဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့အတွက်စုပေါင်းလုပ်ကြ မယ့်ပွဲတော် ဖြစ်ပါတယ်။ ကလေးတွေအတွက်ပျော်ပျော်ရွှင်ရွှင်နဲ့ဗဟုသုတ တိုး ပြီးအကျင့်စာရိတ္တကောင်းတွေတိုးပွားလာအောင်လုပ်တဲ့ပွဲတော်မှာအတ္တတွေ အာဃာတတွေရပိုင်မှုတွေ မပါဘဲစုပေါင်းလုပ်တဲ့ပွဲတော်ဖြစ်အောင် လုပ်ဆောင် နေကြပါတယ်” ဟုညွှန်ကြားရေးမှုးချုပ်ဦးမောင်ဖေကပြောကြားသည်။

ကလေးစာပေပွဲတော်၏ပထမဆုံးနေ့ရက်စက်တက်ဘာလ၁ရက်နေ့တွင်မုံရွာမြို့မှဆရာဗိုလ် (မြန်မာစာ)က ‘စာအုပ်စာပေကလေးတို့ရဲ့မိတ်ဆွေ’၊ ဆရာမ မြမြဆွေ (စိတ်ပညာ)က’စာပေဖွံ့ဖြိုးလူငယ့်အကျိုး’၊ ၂ရက်နေ့တွင် စစ်ကိုင်းမြို့မှ ဆရာရဲ သျမ်းက ‘လာရာနှင့်လားရာ’၊ ဆရာဇော်နောင်ဟိန်း(ဂစ်တာ)က ‘အလုပ်နှင့် ရည်ရွယ်ချက်’၊ စက်တင်ဘာလ၃ရက်နေ့တွင်ရွှေဘိုမြို့မှဆရာ ဒေါက်တာတင်ဝင်းက ‘ကနေ့လူကြီးတွေနဲ့မတူတဲ့လူငယ်တွေဖြစ်အောင် ကောင်းကင်တစ်ဆုံးလူငယ်ကျောက်သင်ပုန်း’  နှင့်ဆရာဘာမထီခင်အောင်က’ ကလေးသူငယ်များနှင့်အကျင့်စာရိတ္တ’ ခေါင်းစဉ်များဖြင့်အသီးသီးဟောပြော ကြမည်ဖြစ်သည်။

မုံရွာမြို့မှပန်းချီဆရာများကဆေးရောင်ခြယ်ပြိုင်ပွဲအတွက်ဆုရွေးချယ် ဒိုင်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်သလိုမန္တလေး၊ ရန်ကုန်နှင့်မုံရွာမြို့ကာတွန်းဆရာများကကယ်ရေကေးချား ရေးဆွဲပေးနိုင်ရန်ကာတွန်းဆရာများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးမောင်ဖေကပြောကြားသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here