ဘန်ကောက်မှာ ရိုက်ကူးရေး ပြုလုပ်ရင်း မျက်လုံးကိုပါ ဆေးကုသခဲ့မယ့် ရတနာဗိုလ်

0
137

Yadanar-Boရတနာဗိုလ်က အခုလက်တလောမှာတော့ ဒါရိုက် တာ “ခင်စောမျိုး” ရိုက်ကူးနေတဲ့ “ရေစီးမှားသော မြစ် တစ်စင်း’ ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို လူမင်း ၊ ဘေဘီ မောင် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ရိုက် ကူးပြီးရင်တော့ ဘန်ကောက်မှာ MTV အတွက် သွား ရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဘန်ကောက်ကို အလည်ပတ်အနေနဲ့  ရောက်ဖူးပေမယ့် အလုပ်နဲ့ကတော့ ပထမဆုံး အကြိမ် သွားရောက် ရိုက်ကူးခြင်းဖြစ်ကြောင်းကို ရတနာဗိုလ်က

“အဆိုတော် မင်းရတုပိုင်ရဲ့ MTV အတွက် ဘန်ကောက်မှာသွား ရိုက်မယ်။ သူ့သီချင်းလေးက လုံးဝ ကို အမြူးလေး။ သူနဲ့ကလည်း ခင်နေ တာ တော်တော်ကြာ ပြီ။ ၃နှစ်လောက် ရှိနေပြီ။ သူငယ်ချင်းတွေ ဆိုတော့ ဘန်ကောက် သွားရိုက်ကြ မယ်ဆိုတော့ ရိုက်ဖြစ်သွားတာ ပါ” လို့ပြောပြပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်က မျက်လုံး ဝေဒနာအတွက် ဘန်ကောက်မှာ သွားရောက် ကုသခဲ့တဲ့ ရတနာဗိုလ်က အခုရိုက်ကူးရေး ခရီးစဉ်မှာ လည်း  ဆေးခန်းကို ဝင်ရောက် ပြသဖြစ်မယ်လို့ သိရပါ တယ်။

“ညီမ မျက်လုံးထဲမှာ မျက်ရည်ခန်းခြောက်နေသေး တယ်။ ဆေးရုံက ဆင်းလာကတည်းက ဇာတ်ကားရိုက် တွေကလည်း ဒရာမာ ဇာတ်ကားတွေ ပဲ ရိုက်နေရတာ။ ကားတိုင်း လိုလိုက ငိုနေရတော့ မျက်လုံးအသုံးပြုရ တာ တအားများတော့ မျက်လုံး က အောင့်အောင့် လာ တယ်။ အဲဒါကို အရင်လက ထပ်သွားပြတော့  ဆရာဝန်ကတော့ ဆေးပဲအဓိက ပုံမှန် ခတ်စေချင် တယ်တဲ့။ သောက်ဆေး လည်း ပေး လိုက်တယ်။ သောက်ဆေးတော့ ပုံမှန် သောက်ဖြစ်တယ်။ မျက်စဉ်းကျတော့ အလုပ် များတာနဲ့  မခတ်ဖြစ်တာ နဲ့ ဆိုတော့ မေ့လိုက် မေ့ လိုက် ဖြစ်နေတာပေါ့နော်။ ဆရာဝန်က လည်း တစ်လတစ်ခါတော့ လာပြစေချင် တယ်။ ကိုယ်က လည်း လာနိုင်လို့ရှိရင် လာခဲ့ပါ့မယ် ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ သွားရတာကလည်း ကုန်ကျ စရိတ်တွေက များတယ်လေ။ ကုန်ကျ စရိတ်ကို တွက်ရသလို အလုပ်ကို လည်း တွက်ရသေးတယ်လေ။ အလုပ် လက်ခံထားတာလေးတွေကို နည်း နည်း ပါးပါး နောက်ဆုတ်လိုက်ရ တာဆိုတော့လေ။ အခုတော့ အလုပ် အတွက်သွားရင်းနဲ့ ဝင်ပြလိုက် မယ် ပေါ့နော်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here