မြောက်လူးကန်ပုဗ္ဗာရုံကျောင်းရေအောင်ပွဲ ရွှေပြည်တော်အဖွဲ့သားများဆင်နွှဲကုသိုလ်ယူ

0
226

NayOoMg(1)

ပခုက္ကူမြို့နှင့်(၅)မိုင်ခန့်ဝေးကွားသော ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာအမှတ်(၁၃)ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းပုဗ္ဗာရုံ ကျောင်း တိုက်ဝန်းအတွင်းသြဂုတ်(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က စက်ရေတွင်းအောင်ပွဲကျင်းပခဲ့သည်။(၁)နာရီလျှင်ဂါလံ(၂၄ဝဝ)ထွက်နိုင် သော(၄)လက်မခွဲံ စက်ရေတွင်းအား အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့အားအမှုးထားပြီး ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတ အသင်း ပခုက္ကူမြို့နယ်က လှူဒါန်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းကျောင်းထိုင် ဆရာတော်ဦးဇောတိကမှပြောကြားပါသည်။

စက်ရေတွင်းရေစက်ချ အောင်ပွဲ မင်္ဂလာသဘင်အား ပေါင်းလောင်း ကန်ဆရာတော် ‘အောင်မြေဆရာတော်’ ညောင်ကျစ်ပင်ဆရာတော်(ပခုက္ကူမြို့ နယ်ဘုန်းတော်ကြီးသင်ကြီး ကြပ်မှု ကော်မတီဥက္ကဌ)နှင့်သံဃာတော် အရှင် သူမြတ်(၅)ပါးကိုလည်းဝါဆိုသင်္ကန်း များကပ်လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။ အဆိုပါအခမ်းအနားသို့ ရွှေပြည် တော်သို့ဆုံမှတ်အဖွဲ့ပခုက္ကူအဖွဲ့ မြို့နယ်စာရေးဆရာအသင်းကဖိတ်ကြား ထား သောဧည့်သည်တော်များတက်ရောက်ကြသည်။ ပခုက္ကူဂျာနယ်အဖွဲ့သား များဖြစ်ကြသည့် ဆရာနေဦးမောင် (ပခုက္ကူ)၊ ဆရာစာဘဏ္ဍာမြဝင်း၊ ဆရာ သန်းလင်း(ရွှေချောင်း)တို့မှလည်းရန်ကုန်မြို့မှပေးပို့လှူဒါန်းသည့်ပေါ် ပြူလာ ဂျာနယ်များကိုကျေးလက်ပြည်သူများနှလုံးသားလှဖို့စာဖတ်ကြပါစို့ဟူသော ရည်ရွယ်ချက်ဖြင့်စာပေကုသိုလ် ဒါနပြုပေးဝေခဲ့ကြောင်းသိရသည်။

မောင်နန်းဝေ(ပခုက္ကူ)


LEAVE A REPLY

Please enter your comment!
Please enter your name here