Rose Rider ဇာတ်ကားမှာ သရုပ်ဆောင်အပြင် Assistant Director အနေနဲ့ ပါဝင်ဆောင်ရွက်သွားမယ့်

0
284

Kyaw-Kyaw-Bo-1

Rose Rider (နှင်းဆီစီးခြင်း) ဇာတ်ကားအတွက် လွန်ခဲ့တဲ့ ၃ နှစ် ကျော်ကတည်းက ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ထားခဲ့တဲ့ ကျော်ကျော်ဗိုလ်က ဒီဇာတ်ကား အတွက် ရင်ခုန်မှုလည်း ကြီးသလို၊ တာဝန်လည်း အရမ်းကြီးကြောင်း ပြောပါတယ်။

“ကျွန်တော်တို့လွန်ခဲ့တဲ့ ၃နှစ် ကျော်လောက် ကတည်းက သန္ဓေတည်တယ်။ ကျွန်တော်တို့ပြော ကြတယ်။ ဆွေးနွေးကြတယ်။Idea Concept  တွေထုတ်တယ်။ အခုဆိုရင် အကောင်အထည် ဖော်လို့ရတဲ့ အဆင့်ထိရောက်ပြီး စရိုက်ကူး တော့မယ်။ ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင် ကားပုံသဏ္ဌာန်အတိုင်း ရိုက်ရတော့မယ့် ရင်ခုန်မှုမျိုး တွေ ကျွန်တော့်မှာ ရှိနေပါတယ်။ တာဝန်လည်းကြီး ပါတယ်။ ကိုယ်ဖန်တီးပြီး ကိုယ်မွေးဖွားထားတဲ့ အနုပညာတစ်ခုကို ကျွန်တော်တို့ အပြစ်အနာ ကင်း စေဖို့ ကျွန်တော်တို့မှာ တာဝန်အများကြီးရှိပါတယ်။ တာဝန်လည်း ရှိသလို၊ ရင်ခုန်မှုလည်း ကြီးပါတယ်။ ပရိသတ်အားပေးမှုအတွက်လည်း မျှော်လင့်ချက် အရမ်းထားထားပါတယ်”လို့ ပြောပါတယ်။

ဒီဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်မှုအပြင် Assistant Directorအနေနဲ့ပါ ပါဝင်ရိုက်ကူးသွားမယ့် ကျော်ကျော်ဗိုလ်က ကိုယ်ဖန်တီးချင်တဲ့ပုံသဏ္ဌာန်ကို ဒါရိုက် တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့တိုင်ပင်ပြီး ဖန်တီးသွားမယ်လို့ ပြောပါတယ်။

“ဦးမျိုးလိုအပ်တာ ခိုင်းလို့ရအောင် ဦးမျိုးဘေးမှာ အထောက်အကူပေးလို့ရအောင်  Assistant Director အနေနဲ့ ဝင်ထားတာပါ။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ကျွန်တော်လုပ်ချင်တဲ့ Idea ပေါ်မှာပဲ ကျွန်တော်တို့သွားမှာပဲ။ ဒါပေမဲ့ အတွေ့အကြုံရှိတိုင်းလည်း ကိုယ့်ရဲ့စိတ်ကူး Concept အ တိုင်း လုပ်ခဲ့ရတဲ့ အတွေ့အကြုံတော့မဟုတ်ဘူး။ သူများ Concept ကို လိုက်လုပ်ပေးတဲ့အနေအထားပါ။ ဒါကျတော့ ကိုယ့်ရဲ့စိတ်ကူးအတိုင်းကို ပုံဖော်ရမယ့် အနေအထားတစ်ခုမှာ Assistant Director အနေနဲ့ ကျွန်တော်ဖန်တီးချင်တဲ့ ပုံသဏ္ဌာန်ကို ဦးမျိုးမင်းနဲ့ တိုင်ပင်ပြီး ဖန်တီးမယ်”လို့ ပြောပါ တယ်။

တွယ်တာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here