ဆိုင်းပညာကို မြတ်နိုးတဲ့ လူငယ်တွေတွေများများ ထွက်ပေါ်စေချင်တဲ့ ဆိုင်းပညာရှင် မွန်ပြည်နယ် ကိုကိုနိုင်

0
86

Mon-Ko-Ko-Naing

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ဗဟို)မှ ဆိုင်းပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းစည်း ကမ်းများအပေါ် ဆိုင်းပညာရှင်တစ်ဦးအနေနဲ့ ထောက်ခံပါကြောင်း မွန်ပြည်နယ် ကိုကိုနိုင်က ပြောပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေ အပေါ် နားလည်မှုလွဲတဲ့ ဆိုင်းပညာရှင်တွေရှိပေမယ့် လည်း ဒါတွေကတစ်ချိန်မှာ အဖြေပေါ်သွားမှာဖြစ် ကြောင်း၊ ရန်ကုန်တိုင်းအနေနဲ့ကတော့ ဒီစည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်မှုအပေါ်မှာ ပြဿနာအကြီး ကြီးမဖြစ်ဘဲဆိုင်း ၆၄ဆိုင်းမှာ ဆိုင်း၆ဝက သဘောတူကြ ပြီး ကျန်တဲ့၎ဆိုင်းကတော့ သဘောထားကွဲလွဲမှုရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သဘင်အစည်းအရုံးရဲ့ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်တဲ့ မွန်ပြည်နယ် ကိုကိုနိုင်က ရန်ကုန်တိုင်းအတွင်းက ဆိုင်းအဖွဲ့များနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

သူ့အနေနဲ့လည်း မွန်ပြည်နယ် ကိုကိုနိုင်ရယ်လို့ နာမည်ရလာတာက ဂစ်တာတွေ၊ အော်ဂင်တွေမပါဘဲ နဲ့ ဆိုင်းတီးလုံးတွေ အလှူသီချင်းတွေကြောင့် ကျော် ကြားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အခုဆိုရင် လူငယ်ဆိုင်းဆရာတွေများလာတယ်။ လူငယ်ဆိုင်းဆရာတွေကိုလည်း အဓိကတော့ နာမည် ရစေချင်တယ်။ ခေတ်သီချင်းတီးတာမှာ နာမည်ရမယ် လို့လည်း တချို့ကတွက်တယ်။ တချို့ကလည်း အနု ပညာကိုမြတ်နိုးစွာနဲ့ ဆိုင်းတီးလုံးတွေ၊ စိန်ဗေဒါ တီးလုံးတွေ၊ စိန်စတင်းတီးကွက်၊ စိန်ဗိုလ်တင့်တီးကွက် အဲဒီလိုတီးလို့နာမည်ရတာနဲ့ ခေတ်သီချင်းတီးလို့ နာ မည်ရတာမှာ တကယ်တမ်းကျတော့ ရှေးဆရာကြီး တွေရဲ့တီးလုံးတွေကို တီးပြီး နာမည်ရတာကတော့ ပိုအနှစ်များတာပေါ့။ ဆိုင်းကို မြတ်နိုးသော ပုဂ္ဂိုလ် တွေရှိသလို စီးပွားရေး ကိုမြတ် နိုးသော ပုဂ္ဂိုလ်များလည်း ရှိတယ်။ မြတ်နိုးတာချင်းတူပေမယ့် ဆိုင်းပညာကို မြတ်နိုးတဲ့ ကလေးတွေများပါစေလို့ ဆုတောင်းပါ တယ်”လို့ ဆိုင်းပညာရပ်နဲ့ပတ်သက်ပြီး လူငယ်မျိုးဆက် သစ်တွေကို မွန်ပြည်နယ် ကိုကိုနိုင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here