ဇာတ်ကားရိုက်ကူးပြီးအပြန်လမ်းမှာအသက်အန္တ ရာယ်ခြိ မ်းေ ခြာက်ခံရတဲ့ ပိုးအိအိခန့်

0
259

Poe-Ei-Kahnt

သရုပ်ဆောင် ပိုးအိအိခန့်က ဖားကန့်မြို့ မှာဇာတ်ကားသွားရောက် ရိုက်ကူးပြီး ရန်ကုန် ပြန်လာတဲ့လမ်းခရီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ သိရပါတယ်။

“ပိုးအိ ‘မဲသဝေါမှ သွေးသစ္စာ’ ဇာတ်ကား ရိုက်ကူးအပြီး မန္တလေးကို ဇာတ်ကားရိုက်အမီ သွားစရာရှိလို့ သြဂုတ်လ ၇ ရက်နေ့က ညတွင်း ချင်းပဲ ရန်ကုန်ပြန်လာတယ်။ ဖြစ်ချင်တော့ မနက် ၃း၃ဝ နာရီလောက် အမှတ် ၃ လမ်းမကြီး Toll Gate ကို ကျော်ကျော် ချင်းမှာပဲ ပိုးအိကား မောင်းတဲ့ ဘက်ခြမ်းမှာ ကား၂စီး၊ အဖြူတစ်စီးအမည်းတစ်စီးရပ်ထားတယ်။ လူ၃ယောက်က အော်ဟစ် အကူအညီ တောင်းလိုက်တော့ ပိုအိကားကို လှမ်းတားတယ်။ တားတဲ့သူရဲ့ အသက်က ၄ဝ ဝန်းကျင်လောက်ရှိပြီ။ ပိုးအိလည်း ကားမရပ်ပေးဘူး။ ဘာလို့လဲဆိုတော့ သူတို့က ယောက်ျားတွေကြီးပဲ။ ပြီးတော့ တားတဲ့သူက မျက်နှာက ပြုံးစိစိနဲ့ စသလို နောက်သလိုနဲ့ တားတယ်။

ဒါကြောင့် မောင်းထွက်ရုံပဲ ရှိသေးတယ်။ ခဲလို့ထင်ရတဲ့ အရာနဲ့ ကားကိုလှမ်းပေါက်တယ်။ ကားမှန်ကို ပစ်တာ မှန်မ ထိဘဲ ကားရဲ့ သြိပပဲ ထိသွားတယ်။ ပိုးအိ ကားကိုအရှိန်နဲ့ မောင်းပြေးတာကို အနောက်က ပိုးအိမောင်းနှင်တဲ့ အရှိန်အတိုင်း လိုက်မောင်းနှင်လာတယ်။ ပိုးအိ ကားဘေးကို အရမ်းကပ်ပြီး ခဲလိုထင်ရတဲ့အရာနဲ့ ဆက်တိုက်ပစ်တယ်။ နောက်ကားအမည်းတစ်စီးက ပိုးအိကားကို Accident ဖြစ် အောင်လုပ် တယ်။ ပိုးအိ အထင်တော့ Accident ဖြစ်အောင်လုပ်ပြီး ပစ္စည်းတွေလုဖို့ လုပ်တယ်လို့ထင်တယ်။ Toll Gate  မှာကတည်းက ကားကိုမှန်ပိတ်ပြီး မောင်းလာတယ်ဆိုတော့ မိန်းကလေး မောင်းနှင်လာတယ်လို့ သိပြီးလိုက် လုပ်တာ။ ပိုးအိလည်း ကားကိုအရှိန် လျော့ပြီး နီလာ မြို့သစ်လမ်းဆုံမှာ ဆိုင်တွေ့တော့ကားရပ်ပြီး အဒေါ်က ချက်ချင်းဆင်းပြီး ဆိုင်က လူတွေ ကို အကူအညီတောင်းလိုက်တာ့ ကားဖြူတစ်စီးက အမှတ် ၃ လမ်းမ ကြီးအတိုင်း မောင်းပြေးသွားတယ်။ ပိုးအိအရမ်း ကြောက်ပြီး ကား တောင်မမောင်းရဲလောက်အောင်ဖြစ်နေပြီ”လို့ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here