သီတင်းကျွတ် လပြည့်နေ့မှာ တတိယ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိမယ့် နီနီခင်ဇော်

0
183

Ni-Ni-(2)ကိုယ်တိုင်ရေး သီချင်းတွေ ဖြစ်တဲ့ “မူး” နဲ့ “မိုး” သီချင်း ၂ပုဒ်ကို အွန် လိုင်းကနေဖြန့်ခဲ့တဲ့ အဆိုတော် နီနီခင်ဇော်က သီတင်းကျွတ် လပြည့်နေ့မှာ သူမရဲ့ တတိယတစ်ကိုယ် တော်အခွေကို ထွက်ရှိတော့မှာပါ။ ဒီလက သူမရဲ့ မွေးလဖြစ်တဲ့အတွက် အခွေမထွက်ခင် သီချင်းတစ်ပုဒ် ထပ်မံတင် သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“နီနီ့ရဲ့ Super Red ကိုရော၊ သီချင်း အသစ်တွေကိုရော ခံစားနား ဆင်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါ တယ်။ နီနီ့ရဲ့ တတိယအခွေ ကလည်း ၁ဝလပိုင်း သီတင်းကျွတ်လ ပြည့်နေ့ကျရင် ထွက်ပါမယ်။ ဒါကြောင့်မို့လို့ အကောင်းဆုံး ကြိုးစား နေပါတယ်။ ပြီးတော့ အွန်လိုင်း ကနေလည်း တင်သွားပါဦးမယ်။ ဒီလက နီနီ့ မွေးလဖြစ်နေတဲ့အခါကျတော့ မွေးလထဲမှာတော့ တစ်ပုဒ် တင်ဖို့ စဉ်းစား နေပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

သြဂုတ်လ ၅ရက်နေ့က နီနီခင် ဇော်ရဲ့ Super Red New Series  စတင်မိတ်ဆက်ခဲ့ပြီး Junction City မှာ ပရိသတ်တွေ၊ အနုပညာရှင်တွေနဲ့ အတူ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသစ်ထွက်လာတဲ့ Super Red နဲ့ပတ်သက်ပြီး နီနီခင်ဇော်က

“အခုထွက်မယ့် ထုတ်ကုန်ကတော့ နှုတ်ခမ်းနီနဲ့ အတူတူ မျက် တောင်တုတွေပါ။ နှုတ်ခမ်းနီက အရောင် ၅မျိုး၊ မျက်တောင်တုက ၆မျိုး ထွက်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here