`ကျွန်မတို့ ခေတ်က ယှဉ်ပြိုင်ရတာ ပိုနည်း တယ်“ ဆရာမဂျုး

0
314

Jueအင်တာတိန်းမန့်တွေ များလာ တဲ့အတွက် စာပေဘက်ကို စိတ်ဝင် စားမှုက နည်းနည်းတော့ နည်းသွား တယ်လို့ ဆရာမဂျူး က ပြောပါတယ်။

”ဒီတော့ ဒီခေတ်ရဲ့ အခက်အခဲက ဖတ်တဲ့သူကို ပိုပြီး စွဲဆောင်နိုင်ဖို့ အခက်အခဲပေါ့။ ရေးဖို့ အတွက် မဂ္ဂ ဇင်းက များတယ်။ သို့သော် ကိုယ် ရေးပြီးတဲ့ နောက်ထည့်ပေးတဲ့သူ က ထည့်ပေးသည့် တိုင်အောင် ဖတ်တဲ့သူ က ကျွန်မ တို့ခေတ် ကလိုများ ပါမလားပေါ့။ အဲဒီ လိုပြန်တွေးမယ် ဆိုရင်တော့ ဒီခေတ်က စာရေးဆရာ တွေအတွက် အခက်အခဲ ပိုများ မယ်။ ဘာကြောင့်လဲ ဆိုတော့ ယှဉ် ပြိုင်ရမှာ ပိုများတယ်။ ကျွန်မတို့ ခေတ်က ယှဉ်ပြိုင်ရတာ ပိုနည်း တယ်။ ဒီခေတ်မှာတော့ ကိုယ်နဲ့ယှဉ် လို့မရတဲ့ အသံရော၊ ရုပ်ရော၊ အကုန် လုံး ပြ လို့ရတဲ့၊ အမျိုးမျိုး ဆွဲဆောင်နေ တဲ့ မီဒီယာတွေနဲ့ ကျွန်မတို့စာလုံး လေးတွေကိုပဲ ပြခွင့်ရတဲ့ ပရင့်တက် မီဒီယာပေါ့နော်။ စာရေးတဲ့ဟာနဲ့ ဆွဲဆောင်ဖို့ ယှဉ်ပြိုင်ရတာ ဆိုတော့ အဲဒါလေးတော့ အခက်အခဲတွေ ရှိပါ တယ်” လို့ ဆရာမဂျူးက သူ့ရဲ့အမြင် ကို ပြောပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here