ရုပ်ရှင်လောကအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်မျိုးကို အရွေးချယ် ခံစေချင်ကြောင်း ဦးနှင်းမိုး ပြော

0
206

MgHninMoeမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင်သစ် ရွေးကောက် ပွဲက ရက်အတိအကျ မသိရသေးပေ မယ့် မကြာမီလပိုင်း အတွင်းမှာ ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစည်းအရုံး အနေနဲ့ ဘာတွေပြင်ဆင်နေသလဲ၊ ရွေး ကောက်ပွဲကို ဘယ်လိုမျိုး ကျင်းပမလဲ၊ အသစ် တက်လာမယ့် အမှုဆောင် သစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလူ မျိုးကို မျှော်လင့်ထားသလဲ စတဲ့ မေးခွန်းတွေကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယကတစ်ဦး ဖြစ်တဲ့ ဦးနှင်းမိုးကို ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်ရွေး ချယ်တော့မှာက စက်တင်ဘာလ ထဲမှာ ဖြစ်လောက်မယ်လို့ သိရတယ်။ အဲဒါ ကျင်းပဖြစ်၊ မဖြစ်နဲ့ ပတ်သက် ပြီး ဘကြီးမိုးပြော ပြပေးပါ။

ဖြေ။ ။ အခုကတော့ အစီ အစဉ်က တစ်ခုပြီးတစ်ခု လုပ်နေတာ ပေါ့။ ဒါပေမဲ့ တိတိကျကျ ပြောနိုင်တဲ့ အခြေအနေ မရောက်သေးဘူး။ သူက ရက်အတိအကျ မသိရသေးဘူး။ ဘာဖြစ်လို့လဲ ဆို တော့ အခုက မဲပေးပိုင်ခွင့် စာရင်းကို ကပ်ရုံပဲ ရှိသေးတယ်။ အဲဒါပြီးရင် နောက်ထပ် လုပ်ရ မှာတွေက အများကြီး ရှိသေး တယ်။ အောက်တိုဘာမှာက ရုပ်ရှင် သက်ကြီးပူဇော်ပွဲကလည်း ရှိနေတော့ စက်တင်ဘာလ ထဲမှာ အချိန်မီ လောက်မယ်ထင်ပါတယ်။

မေး။ ။အခုချိန်မှာက လုပ်ရဦး မယ့် အစီ အစဉ်တွေက ရှိသေးတော့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အတိ အကျ မပြောနိုင် သေးဘူး ဆိုပေမယ့် ဘကြီးမိုး အနေနဲ့ ပြောနိုင်သလောက် ပြောပြပေးပါ။

ဖြေ။ ။ပထမဦးဆုံး အနေနဲ့ စည်းကမ်းချက်တွေက ဘာတွေ လဲဆိုတာကို ရွေးကောက်ပွဲကော် မရှင်အနေနဲ့ ထုတ်ပြန်ကြေညာပြီး ပြီပေါ့။ နောက်ဒုတိယ ကတော့ သတင်းစာ ထဲမှာ တွေ့တဲ့ အတိုင်း ပဲလေ။ မဲပေးပိုင်ခွင့်ရှိ တဲ့သူစာရင်းထဲ ကိုယ့်နာမည်မပါဘူး ဆိုလို့ရှိ ရင်လာ ပြီးတော့ ကြည့်နိုင် တယ်။ ကန့်ကွက် လိုတဲ့သူတွေ ရှိရင် လည်း ကန့်ကွက် နိုင်တယ် ဆိုပြီးတော့ ကြေညာထား တယ်။ ဒါပေမဲ့ ဒီနေ့ အချိန်ထိတော့ မရောက်လာဘူး။ မရောက်လာရင် တော့ ကန့်ကွက်ရန် မရှိဆိုတဲ့ သဘော ဖြစ်သွားပြီပေါ့။ အဲဒီတော့ နောက်ထပ် လုပ်ရမှာက ရွေးချယ်ပိုင် ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ ဖောင်လာယူပြီး ဖြည့်ပြီးရင် တော့ တင်ဖို့တွေ ရှိတယ်။ အဲဒါကို တို့တွေ ကနေပြီး ကြော်ငြာဘုတ်မှာ ကြော်ငြာရဦးမယ်။ ကန့်ကွက်မယ့် သူမရှိဘူး ဆိုတော့မှ အစည်းအဝေး ထိုင်ပြီး ကန့်ကွက် သူမရှိဘူး ဆိုတာကို ထပ်ကြေညာရ မယ်။ ထပ်ကြေညာပြီး တော့မှ ဘယ် နေ့ရွေးကောက်ပွဲလုပ် မလဲဆိုတာကို ရက်အတိအကျ ထုတ် ပြန်လို့ရမှာ။

မေး။ ။ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်း ထားတာနဲ့ ပတ်သက်ပြီးလည်း ဘယ်လိုပုံစံမျိုး နဲ့ ဖွဲ့စည်းထား လဲဆိုတာ သိချင်ပါ တယ်။

ဖြေ။ ။ ရွေးကောက်ပွဲကော်မ ရှင်ကို တို့က နာယကတွေနဲ့ ရွေးချယ် ခံတဲ့ အထဲမှာမပါတဲ့ ပုဂ္ဂိုလ်တွေကို ကော်မရှင် အနေနဲ့ ဖွဲ့ထားတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲမှာ ဝင်ပြီးမပြိုင်တဲ့ ပုဂ္ဂိုလ်တွေကို အလွှာ အလိုက် ရွေးကောက်ပွဲ ကော်မရှင်မှာ ထည့်ထားတယ်။ ကော်မရှင် အဖွဲ့ ဝင်တွေ အားလုံး ကတော့ ၃ဝလောက် ရှိမယ်ထင်တယ်။

မေး။ ။ မကြာမီ ကျင်းပတော့မယ့် အမှုဆောင်သစ် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက တစ်ဦးအနေ နဲ့ ဘကြီးမိုး ပြောချင်တဲ့ စကားလေး တွေရှိရင် ပြောပြပေးခဲ့ပါဦး။

ဖြေ။ ။ ပြောရမယ်ဆိုတော့ တကယ် လုပ်နိုင်မယ့်သူ၊ တကယ် အချိန်ပေးနိုင်မယ့် သူကို တို့က လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆို တော့ တကယ် အချိန်မပေးနိုင်ဘဲ နဲ့ ပါလာပြီးတော့ ဟိုတန်းလန်း၊ ဒီတန်း လန်းနဲ့ ဒီမှာလည်း တကယ်ထဲထဲ ဝင်ဝင် မလုပ်နိုင်၊ ကိုယ့်အလုပ်နဲ့ ကိုယ်က လုံး ပန်းနေရတာမျိုး ဆို လို့ရှိရင်တော့ အဲဒီလိုမျိုးအချိန် မပေးနိုင်တဲ့သူကို အမှန် အတိုင်း ပြောရရင် မလုပ်စေချင်ဘူး။ ကိုယ် ကျိုးတော့ စွန့်ရမှာပေါ့လေ။ ဘာပဲ ဖြစ်ဖြစ် ဒီအထဲမှာ ဝင်လုပ်လိုက် ပြီ ဆိုကတည်းက အလုပ်အကိုင် ကိုတော့  ထိခိုက်မယ်။ ထဲထဲ ဝင်ဝင် စေတနာနဲ့လုပ် မယ်ဆို လို့ရှိရင် တကယ်ထိခိုက်နစ်နာမှာ။ အဲဒီလို အထိ အခိုက် အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်၊ အနစ်နာခံနိုင်မယ့် ပုဂ္ဂိုလ်မျိုး ကို ပါ စေချင်တာပေါ့နော်။ အဲဒါ မျိုး တွေရှိတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ဆန့်ကျင် ထားတဲ့သူ၊ အပြစ်နဲ့ ထုတ် ပယ်ထားတဲ့သူတွေကို တော့တို့တွေက ပါခွင့်မပေးဘူး။ အဲဒီတော့ ဒါတွေ ကလည်း လုပ်ရမှာလေးတွေ တော့ ရှိတာပေါ့။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here