လူရိုင်းထံကို ရောက်နေတဲ့ Email တစ်စောင်

0
342

Untitled-1

ငြီးငွေ့ မှုအရောင်တွေထဲ
လက်ကိုင်ဖုန်း မျက်နှာပြင်တွေ
ပါဝင်နေလား
ပန်းချီကားတွေဟာ
နည်းပညာနဲ့ ချစ်တင်းနှောဖို့
အချိန်အနည်းငယ်သာလိုတော့တယ်
ရုပ်မြင်သံကြားစက်တွေ ပြားတယ်
ကဗျာတွေ ပြားတယ်
ခေတ်ကြီးလည်း ပြားတယ်
ပြားတဲ့အကြောင်းတွေ online ပေါ်
ပြည့်ညှပ်လို့ ။

ရာဘာနွားရုပ်ပေါ်က
ကလေးငယ် သူ့မျက်လုံးတွေက
ကွင်းပြင်ကျယ်တွေနဲ့ မထိတွေခဲ့
စည်သွတ်ဘူးခွံထဲက အသားငါးဟာ
ဘယ်ဘတ်စ်ကားပေါ်ကိုမှ မရောက်ဘူး
အရည်မပါတဲ့ဟင်းတွေထည့်ထားတဲ့
ထမင်းဘူးတွေ
ကော်လာပြာတွေလက်ထဲ အများအပြား
ဘယ်လိုနင်းနင်း
ဖိနပ်အသံတွေ အမြဲကွာနေတဲ့ ခေတ်
လူကြီးမင်းတို့ စိတ်တိုင်းကျ
ထုတ်လုပ်တပ်ဆင်ထားတဲ့ ဒုက္ခတွေ
သံချေးမတက် ခြမစား ဆွေးမြည့်မှုမရှိ
စစ်ပွဲဟာ ရောက်ရာအရပ်မှာ
ပျော်ရွှင်လို့ ။

မယုံကြည်လို့မဖြစ်ဘူး
ကိုယ့်နောက်စေ့မှာ
ကျည်ဆန်ရာရှိနိုင်တယ်ဆိုတဲ့အ ကြောင်း
စပါးဈေး၊ ပဲဈေး၊ ဖုန်းနဲ့ကြည့်နိုင်တယ်တဲ့
လယ်သမားရဲ့အြေ<ွကး
အလုပ်သမားရဲ့အြေ<ွကး
ဘယ်လူကြီးမင်း ဖုန်းနဲ့ကြည့်နေလဲ
ဒီကဗျာကို ဒီနေရာမှာအမြန်ရပ် လိုက်တယ်
စကားလုံးတွေ ဆွေးနွေးပွဲတက်ရာကနေ
ပြန်မရောက်လာသေးလို့ ။

ထက်လူအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here