မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဆိုတာ ကိုယ့်လောကသားတွေ အပေါ် ကိုယ်ချင်းစာစိတ် ရှိတဲ့ လူမျိုး ဖြစ်ရမယ် ထပ်ဆင့် အကယ်ဒမီ ရန်အောင်

0
296

ZAW_5565မကြာမီမှာ ရုပ်ရှင်လောကသားတွေ အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌသစ်ကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ ဝါရင့် အနုပညာရှင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ရန်အောင်က သူ့အနေ နဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌရွေး ချယ်ပွဲမှာ ဥက္ကဋ္ဌရာထူး အတွက် ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘဲ နောက်ကွယ်ကပဲ ကိုယ့်လောကသားတွေ အတွက် ပံ့ပိုးကူညီပေးသွားမှာပါလို့ ပြောပါ တယ်။

“ကျွန်တော် တို့ကတော့ ဥက္ကဋ္ဌ ရွေးချယ်ရေးထဲ မပါတော့ပါဘူး။ နောက်ကနေပဲ ခိုင်းတာတွေ အကုန်လုံးကို လုပ်ပေးပါမယ်လို့ ရှေ့က ဥက္ကဋ္ဌတွေ အကုန်လုံးကို ကျွန်တော် ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဆိုတာ အချိန် အများ ကြီးပေးရတယ်။ ရုပ်ရှင်လောက အကြောင်းကို သေသေချာချာ ခရေစေ့တွင်းကျ အနုလုံပဋိလုံ သိထားတဲ့လူဖြစ်ရ မယ်။ လောက သားတွေ အပေါ်မှာ ကိုယ်ချင်းစာတဲ့ စိတ်ရှိရမယ်။ အဲဒီလို လူမျိုးမှ ဥက္ကဋ္ဌ ဖြစ်သင့်တာလေ။ အခုလက်ရှိ လုပ်နေတဲ့ အစည်းအရုံး ဥက္ကဋ္ဌတွေ ကိုလည်း ချီးကျူးပါတယ်။ သူတို့တွေလည်း အကုန်လုံး စွန့်လွတ်ပြီးတော့မှ အနစ်နာခံပြီး တော့မှ အပြောဆို ခံပြီးတော့မှ လုပ်ပေး ကြတာ ကိုလည်း အများကြီး ဝမ်းသာပါ တယ်” လို့ ရန်အောင်က ပြောပါတယ်။

ရန်အောင်က ဂျပန်-မြန်မာ ချစ်ကြည်ရေး အတွက်  ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမယ့် My Country My Home (ဇာတိမြေ) ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် သွားမှာဖြစ်ပြီး ဒီဇာတ်ကား အတွက် ပြင်ဆင်ထားမှု များကိုတော့ ရန်အောင်က

“ဒီဇာတ်လမ်းကို ဖတ်ကြည့်ပြီးတော့ ပါဝင်တဲ့ ပရိုဂျူဆာတွေ background တွေကို ကြည့် လိုက်တဲ့ အခါကျတော့ တကယ့်ကို မြန်မာတွေ နဲ့ ဂျပန်တွေ ပူးပေါင်း ထုတ်လုပ် ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်တဲ့ အတွက် ချစ်ကြည်ရေး ဇာတ်ကား တစ်ကားလို့ ယုံကြည် တယ်။ ဂျပန်နိုင်ငံ နဲ့ ပတ်သက်ပြီးမှာလည်း သွားရိုက်မယ်။ မြန်မာပြည်မှာလည်း ရိုက်မယ်။ ဇာတ်လမ်းကလည်း ကောင်းပါတယ်။ ရသလည်း မျိုးစုံပါတယ်။ ဇာတ်ကား အတွက်ကတော့ အထူးတလည် ပြင်ဆင်စရာတော့ မရှိပါဘူး။ ဂျပန်တော့ နည်းနည်းပါးပါး လေ့လာ ရမယ်။ ဟိုရောက်လို့ ရှိရင် လည်း ဂျပန်စာနည်းနည်း ပါးပါး ကျက်ရမယ်။ မြန်မာလိုပဲပြောမှာပါ။ ဒါပေမဲ့ ဂျပန်မှာ အနေကြာတဲ့ အတွက် ဂျပန်လို ဝဲမှာပေါ့။ ဟိုမှာ အနေများတဲ့ လူတွေ မြန်မာစကားပြောရင် ဂျပန်ဝဲဝဲ တယ်လို့ မကြည်ဖြူသျှင် ကပြောတယ်။ ကျွန်တော်လည်း တွေ့ဖူး ပါတယ်။ အဲဒီလိုမျိုး ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်။ နောက်တစ်ခုက ဒီဇာတ်ကားထဲမှာ ကျွန်တော်က ရှမ်းတိုင်းရင်း သား တစ်ယောက် အဖြစ် သရုပ်ဆောင်ရမှာ ဆိုတော့ ရှမ်းအင်္ကျီတွေ၊ ရှမ်းဘောင်း ဘီတွေဝတ်ရမယ်။ နောက်ပြီး အထဲမှာ ခံဝတ်မယ့် တီရှပ်တွေ ကလည်း မြန်မာပြည်မှာ လက်ရှိ ထုတ်လုပ် ဝတ်ဆင်နေတဲ့ မြန်မာဗျည်း အက္ခရာစဉ်စာလုံးတွေပါတဲ့ တီရှပ်တွေ၊ ပြီးတော့ မြန်မာ ရိုးရာနဲ့ ပတ်သက်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ဖို့ ပြင်ဆင် ထားပါတယ်”လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here