ခွဲစိတ်ပြုပြင်လို့မရတဲ့ အသားအရေ ပိုင်ရှင် အိချောပို

0
207

Ei-Chaw-Po-1မြန်မာ သရုပ်ဆောင် မင်းသမီး ထဲက ခန္ဓာကိုယ် အချိုးအစား အလှနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ မင်း သမီးတွေထဲမှာ သရုပ်ဆောင် အိချောပို လည်း ပါဝင်ပါတယ်။ သူမဟာ ခန္ဓာကိုယ် အလှအပကို ဂရုတစိုက် မထိန်းသိမ်း ဖြစ်ပေမယ့် နဂိုရှိရင်းစွဲ ခန္ဓာကိုယ် အလှ အပကြောင့်ပရိသတ်တွေရဲ့ စိတ်ဝင် စားမှုကိုလည်း ခံခဲ့ရ သူဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး အိချောပို က…

“အိချော ဘာဝတ်ဝတ် သူ့ဟာသူ အဲဒီလိုမျိုးလေး ဖြစ်နေတာပေါ့နော်။ တချို့ကျတော့လည်း ဒါပဲဖော်နေတာပဲလို့ ပြောကြတယ်။ တစ်ခါ တလေ ကျရင် ကြားရတာ စိတ်မကောင်းဘူး သိလား။ ဒါက တမင် လုပ်တာ မဟုတ်ပါဘူး။ ဘောင်း ဘီဝတ်လည်း ဒီလိုပဲ  စကတ် ဝတ်လည်း ဒီလိုပဲ။ ထဘီဝတ်လည်း ဒီလိုပဲ။ အရေးကြီးတာကတော့  သရုပ်ဆောင် တစ်ယောက် ဖြစ်နေတဲ့ အတွက် သရုပ်ဆောင် တာကိုပဲ အားပေးကြပါလို့။ တချို့ကျတော့လည်း ဝတ်တာ စားတာလေးကို ကြည့်ကြတာပေါ့နော်။ အိချောက တော့ ဒါကို ဘုရားပေးတဲ့ ဆု လို့ သတ်မှတ်ပါတယ်။ အိချော ခန္ဓာကိုယ်လေးက အမေ မွေးပေးတဲ့ အတိုင်းလေးပါ။ ဒီလိုမျိုး ဖြစ်လာအောင်လည်း ဘာမှမလုပ်ပါဘူး။ ဂျင် ဆိုလည်း အိချော မဆော့ဘူး။ ဆော့ရမှာလည်း ပျင်းလို့ တစ်ခါမှ မဆော့ဘူး” လို့ ပြောပါတယ်။

အိချောပိုက ခန္ဓာကိုယ် အလှအတွက် ပြုပြင်မှုတွေ ထိန်းသိမ်းမှုတွေ ပြုလုပ်လေ့မရှိပေမယ့် အသားအရေ လှဖို့ အတွက်ကိုတော့ body scrub တို့ ပေါင်းတင်ခြင်း တို့ကိုတော့ ပြုလုပ် လေ့ရှိတယ်လို့ သိရပါတယ်။ အခု ခေတ်မှာ အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်လို့ရနေ ပေမယ့်လည်း သူ့ရဲ့ အသားအရေက ခွဲစိတ်ပြုပြင်လို့ မရကြောင်းကို လည်း အိချောပိုက…

“အလှအပနဲ့ ပတ်သက်ပြီးအခု နောက်ပိုင်း တော်တော်များများ ပြင်ကျတယ်။ ပြင်ထားတာလည်း လှကြတယ်။ အိချော ကျတော့ ပြုပြင် လို့ မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ အိချော အသားအရေက ခွဲစိတ်လို့မရဘူး။ ခွဲစိတ်လိုက်ရင် အသီးလေးတွေ ထတတ်တယ်၊ အဲဒါကြောင့် ခွဲစိတ်ပြုပြင်လို့ မရဘူး။ အသားအရေ အလှအပနဲ့ ပတ်သက်ရင်တော့ အိချောတို့က နေပူထဲမှာ ဇာတ်ကား ရိုက်ရတဲ့ အခါ အသားအရေကို ထိန်းတဲ့ အနေနဲ့ body scrub တို့ ပေါင်းတင်တာတို့ လုပ်ဖြစ်တယ်။ အစားအသောက်နဲ့ကတော့ အိချောက အစုံစားတယ်။ သိပ် ရှောင်တာမရှိဘူး။ ဒါပေမဲ့ နည်းနည်းလေးဝိတ် တက်လာတယ်ဆိုမှ အစား လျှော့လိုက်တယ်၊ ဒီလောက်ပါပဲ” လို့ ပြောပြပါတယ်။

မိန်းကလေး တစ်ယောက် အနေနဲ့ အလှအပဟာလည်း အင်မတန် အရေး ကြီးကြောင်းကို အိချောပိုက… “မိန်းကလေး တစ်ယောက် အနေနဲ့ အလှအပ ဆိုတာ အများကြီး အရေးကြီးပါတယ်။ မိန်းကလေးတစ် ယောက်ကို ကြည့်လိုက်ရင် လူတိုင်းက အလှအပကိုပဲ ကြည့်ကြတာလေ။ အဲဒီလို ဆိုတော့ အများ ကြီး လိုအပ်ပါတယ်။ အိချောတို့ ကိုယ်တိုင်က လည်း အလှအပ ကြိုက်တယ်။ ဒါပေမဲ့ အိချောတို့ကတော့ ကာရိုက်တာနဲ့ လိုက်ဖက်အောင် အလှအပကို ပြုပြင်ပြီးတော့ နေပါတယ်” လို့ ပြော ပါတယ်။

အခုလတ်တလောမှာတော့ အိချောပိုက ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ “ဘီးကျဲ” ရုပ်ရှင်ဇာတ်ကားကို ပြေတီဦး၊ နေနော် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here