ကိုယ့်ကိုယ် တအားနှိမ်တဲ့ ဇာတ်မျိုး မရိုက်ချင်သူ ပတ်ထရစ်ရှာ

0
210

Pheriaပတ်ထရစ်ရှာ ပါဝင်သရုပ် ဆောင်ထားတဲ့ “ရာဇဝင် ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဖွဲ့သား များ ပရိသတ်တွေနဲ့ တွေ့ဆုံ လက် မှတ်ထိုးပွဲကို သြဂုတ်လ ၁၁ ရက်နေ့  နေ့လယ်ပိုင်းက သမ္မတ အဆင့်မြင့် ရုပ်ရုင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ “ရာဇဝင်ရိုင်း သူများ” ရုပ်ရုင်ဇာတ်ကားမှာတော့ ပတ်ထရစ်ရှာက ရိုးရိုး အေးအေးနဲ့ ချစ်သူကို တအားချစ်တဲ့ “ယိမ်းမြသာ” ဆိုတဲ့ ကောင်မလေး နေရာကနေ ပါဝင်သရုပ် ဆောင်ထားတာကို ပရိသတ်များ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရုင် ဇာတ် ကားနဲ့ ပတ်သက်ပြီး  ပတ်ထရစ်ရှာက…

“အရှေ့မှာ စတင်တုန်းက ဟာသ ဇာတ်ကားလေး။ ဒါ ကျတော့ ကိုယ်တအားကြိုးစားထားရတဲ့၊ ငိုထားရတဲ့ ဒရာ မာတွေရောဆိုတော့ ကိုယ်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါမှာ လည်း တအား ရင်ခုန်ခဲ့ရတယ်။ ကိုယ့်ကို လည်းပြန်ကြည့်ရင် နဲ့ ပြန်သုံးသပ်ရ တာပေါ့နော်။ ဒီအခန်းကြီးက ဘယ်လို ဖြစ်သွားလည်းပေါ့။ လိုအပ်ချက်တွေ ကတော့ လိုပါ သေးတယ်။ ပြီးတော့ ဒီဇာတ်ကားက ညီမ ပထမဆုံး ရိုက်ကူးရတဲ့ ရုပ်ရှင် ဇာတ်ကားပါ။ ဆရာ ဦးမျိုး တို့ပြောတာကတော့ အသစ် တစ်ယောက်အ နေနဲ့ လက်ခံလို့ ရတယ်လို့ပြောတယ်။ အဲဒီ အသံ လေးကြားရတော့ ဝမ်းသာပါတယ်။ ညီမ ကတော့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကားလေးက ညီမအတွက် ကောင်း တယ်။ ပါတဲ့ အခန်းလေးတွေကလည်း ကိုယ့်အ တွက် ကောင်းတယ်။ လုပ်ကွက် ကလေးရတယ် ပေါ့နော်။ ဒီဇာတ်ကားလေး ထွက်လာတဲ့ အ တွက်လည်း ဝမ်းသာပါတယ်။ ကိုပြေတီဦး ဆိုလည်း ညီမကို ဆွဲခေါ်တယ်။ actor တွေ အကုန်လုံးက မျှမျှတတလေး ရှိတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက် သရုပ်ဆောင် ရလို့လည်း ပျော်လည်းပျော်တယ်။ ပညာတွေလည်း ရတယ်”လို့ ပြောပါတယ်။ ပြီးတော့ ဒီဇာတ်ကားက ပတ်ထရစ်ရှာ ပထမဆုံး ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ဒီဇာတ်ကားမှာ ထူးခြားတဲ့ အဖြစ် အပျက်တစ်ခု ရှိကြောင်းကို ပတ်ထရစ်ရှာက …

“ထူးခြားတဲ့ အဖြစ်အပျက်ကရှိတယ်။ မြွေနဲ့ ရိုက်တဲ့ အခန်းပါ။ မြွေနဲ့ ရိုက်ရတာ တအားလည်း အန္တရာယ်များတယ်။ အဲဒီအနားမှာ ဘယ်သူမှမနေရဲဘူး။ မြွေက အစစ်ကြီးလေ။ ပြီးတော့ အစွယ်လည်း ချိုးမထားဘူးလေ။ မြွေဆရာက သူကိုယ်တိုင် သေချာထိန်းပြီးတော့ မြွေကို ရိုက်ရတာပေါ့ နော်။ ညီမကလည်း အဲမှာ မြွေကို ကိုင်ကြည့်ချင်တာ။ မြွေကို အထုပ်ထဲ ထုပ်ခိုင်းပြီး မြွေကို ရအောင်ကိုင်တာ အဲဒါကတော့ အမှတ်တရပါ။ ကိုက်တဲ့ြေ>ွမကိုတော့ ကြောက်တာပေါ့နော်။ ဒါပေမယ့် အိမ်မွေးမြွေလေးတွေဆို ရင်တော့ မွေးတောင်မွေးချင်တယ်”လို့ ပြောပါတယ်။

အခု လက်တလောမှာတော့ ပတ်ထရစ်ရှာက ကြော်ငြာများ၊ မဂ္ဂဇင်း ဓာတ်ပုံများကို လက်ခံ ရိုက်ကူးနေပါတယ်။ ဇာတ်ကားရိုက် ကူးမှုအပိုင်း မှာတော့ သူ့အနေနဲ့ လုပ်ကွက်ရှိမယ့်၊ နေရာလေး ကောင်းမယ့် ဇာတ်ကားမျိုးတွေကိုသာ ရွေးချယ် ရိုက်ကူးမှာဖြစ် ကြောင်းကို ပတ်ထရစ်ရှာက အခုလိုပြောပြပါတယ်။

“အခန်းနည်းရင် နည်းပါစေ။  ကိုယ့်လုပ်ကွက် ရှိမယ့် ဥစ္စာ မျိုးပေါ့နော်။ ကိုယ့်ကို တအား နှိမ်လိုက်တဲ့  ပုံစံမျိုးကြီးဆိုရင်တော့ ညီမ မရိုက်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လည်း ကိုယ့် ပရိသတ်ကလေးနဲ့ ကိုယ်ဆိုတော့ ပရိသတ်တွေက ဘာ တွေကလည်း သူတို့ မင်းသမီးလေးကို အဲဒီလိုမျိုး ဖြစ်သွားမှာ မကြိုက်ဘူးပေါ့နော်။ အဲဒီတော့ ညီမက ကိုယ့်အတွက် လုပ်ကွက်လည်း ရှိမယ် ကိုယ့်အတွက် နေရာလေး ကောင်းမယ့် ဟာကို ညီမ ရွေးချယ်တယ်။ ကိုယ့်ဇာတ် ကား တွေများရင်ပြီးရော ဆိုပြီး ညီမ ဘယ်တော့မှ မရိုက်ဘူး” လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here