ကိုရီးယား ပရိသတ် စိတ်ဆိုး တုံ့ ပြန်မှုကိုခံခဲ့ရတဲ့ Ariana Grande

0
231

p01br7g4

သြဂုတ် ၁၅ ရက်နေ့က Ariana Grande က ဆိုလ်းရှိ Gocheok Sky Dome မှာ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပါတယ်။Ariana  က ဂျပန်မှာ သြဂုတ် ၁ဝ ကနေ ၁၃ အထိ ဖျော်ဖြေခဲ့ပြီး သြဂုတ် ၁၄ ရက်မှာ ကိုရီယားမှာဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ဆိုက်ရောက်ချိန် နောက်ကျခဲ့ပါတယ်။ သူမမှာ Kimpo Airport ကို ဖျော်ဖြေဖို့ ၃ နာရီအလိုမှ ရောက်ရှိခဲ့ပါတယ်။ ကိုရီယားက ပရိသတ်တွေကတော့….

Ariana  ရဲ့ ဆိုက်ရောက်မှု နောက်ကျတာကို စိတ်ဆိုးဒေါသဖြစ်နေကြပါတယ်။ VIP tickets ဝယ်ထားတဲ့ ပရိသတ်တွေကလည်း အကြို လေ့ကျင့်မှုကို မကြည့်ရှုလိုက်ရပါဘူး။ Meet & Greet အစီအစဉ်ကလည်း အကျဉ်းချုပ် ပြုလုပ်ခဲ့ပါတယ်။

အဆိုးဆုံးကတော့ Ariana  က သူမရဲ့ အကြို လေ့ကျင့်မှုကို အိမ်သာထဲမှာ ပြုလုပ် ခဲ့တာ ကြောင့်ပါ။ သူမဟာဖျော်ဖြေပွဲကိုတော့ အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့ပါတယ်။ VIP ticket  တွေဝယ်ထားတဲ့ပရိသတ်တွေကတော့ငွေပြန် အမ်းပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပရိသတ်တွေက Ariana ရဲ့ ရိုင်းစိုင်းပြီး ပရော်ဖက်ရှင်နယ်မဆန်တာကို စိတ်ဆိုးနေ ကြပါ တယ်။ သူမ ဟာ ဖျော်ဖြေပွဲ ပြီးတာနဲ့ ကိုရီး ယားမှတန်းပြန် သွားခဲ့တာကြောင့် Comment တွေမှာ သူမကို စိတ်ဆိုးတဲ့ အရေးအသားတွေပဲ ပရိသတ်တွေက ရေးသားခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here