အဖေ့ဆီက ပညာတွေ အများကြီး ရရှိခဲ့တဲ့ ပန်းရောင်ခြယ်

0
244

Pan-Yaung-Cပရိသတ် အသိအမှတ်ပြုခြင်း ခံထားရတဲ့ အဆိုတော် ပန်းရောင်ခြယ်က တော့ အခုနှစ်အတွင်း တစ်ကိုယ်တော် တေးစီးရီး ထွက်နိုင်ဖို့ စီစဉ်နေ ပါတယ်။ သူမကတော့ Brand Ambassador ခန့်အပ်ခြင်းတွေ ခံထားရပြီး ကြော်ငြာ တွေလည်း ရိုက်ကူးဖြစ်နေကြောင်း သိရပါ တယ်။ ကြော်ငြာတွေ ရိုက်ကူးနေ တာနဲ့ ပတ်သက်ပြီး….

“သရုပ်ဆောင်ပိုင်းမှာတော့ TV ကြော်ငြာနဲ့ Music MTV လောက်ပဲ ရိုက်ဖြစ်ပါတယ်။ စစချင်း Music Video တွေ ကြော်ငြာတွေ ရိုက်တဲ့ အခါမှာ တော့ အခက်အခဲ တွေ့တယ်။ နောက်ပိုင်း ကျတော့ ကင်မရာနဲ့ နည်းနည်းယဉ် သွားတယ်။ အခုနောက်ပိုင်း ကြော်ငြာတွေ ရိုက်တဲ့အခါမှာ လည်း အဆင်ပြေ လာတယ်။ နောက်ပိုင်းလည်း ကြော်ငြာတွေ ပိုလက်ခံထားတာ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ အဆိုတော် ဂရေဟမ်ရဲ့သမီး ဖြစ်တဲ့ သူမကတော့ Music နဲ့ ပတ်သက်ပြီး အဖေဖြစ်သူဆီမှာ သင်ယူခဲ့ရကာ နောက် ထပ် Music နဲ့ပတ်သက် ပြီး လေ့လာသင်ယူခဲ့တာတွေကိုလည်း ပြောပြခဲ့ပါတယ်။

“ပန်းရောင်က အဓိက အနီး ကပ်လေ့လာခဲ့တာ ဆိုရင် အဖေ က ဆုံးဖြတ်ချက် ချပေးတယ်။ ကြီးကြပ်ပေးပါတယ်။ သူ လက်လှမ်း မီသလောက် အမြဲ တမ်းသင်ပေးပါတယ်။ သူ သိတာလေးတွေ ကိုလည်း Share ပေးတယ်။ ပန်းရောင်ရဲ့ တစ်သက် အဖေက ဂီတလောက မှာ ရှိနေခဲ့တာကြောင့် အဖေ့ ဆီက ပညာတွေ အများကြီး ရခဲ့ပါတယ်။ Australia  မှာဆိုလည်း Hight School မှာလည်း Music နဲ့ပတ်သက်ပြီး လက်လှမ်းမီ သလောက် လေ့လာ တယ်။ လုပ်ဖြစ်ပါ တယ်။ University  မှာလည်း Music  နဲ့ ပတ်သက်ပြီး လက်လှမ်းမီ သ လောက် လုပ်ဖြစ် ပါတယ်”လို့ ပြော ခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here