စိုးပြည့်သဇင် နဲ့ အတွဲ များရခြင်း အကြောင်း ဟိန်းဝေယံ ရှင်းပြ

0
634

heain-Way-Yanဟိန်းဝေယံ ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးခဲ့တဲ့ “ချစ်တီးမကြီးများ” ယာယီ အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးတဲ့ ရိုက်ကွင်း ပုံရိပ်တချို့ အွန်လိုင်း စာမျက်နှာထက်ကို တက်ခဲ့ပြီး ပရိသတ် ဝေဖန်သံ တချို့လည်း ထွက်ပေါ်ခဲ့ပါ တယ်။ ဒီဇာတ်ကားကြီး မှာတော့ အနုပညာရှင် တော်တော် များများလည်း ပါဝင် သရုပ် ဆောင်ထားပြီး ဟာသ ဇာတ်လမ်းလေး လည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပရိသတ် ဝေဖန်သံ တချို့နဲ့ ပတ်သက်ပြီး ဟိန်းဝေယံက…

“ဒီဇာတ်ကားကို အစ်ကိုတို့က ဟာသပုံစံလေး ရိုက်ကူးထားတာ။ ဘာရည် ရွယ်ချက်မှလည်း မပါဘူး။ ဇာတ်ကား နာမည်ကလည်း “ချစ်တီး မကြီးများ”လို့ နာမည်ပေးထားတာ ကလည်း ယာယီပေးထားတဲ့ နာမည်ပါ။ နာမည်ပြောင်းချင်ရင် လည်း ပြောင်း မယ်။ တချို့ ဇာတ်ဝင်ခန်း တွေကလည်း ဘာသာရေး လည်း မထိခိုက်ပါဘူး။ လူမျိုး ရေးလည်း မထိခိုက်ပါဘူး။ ဘာရည်ရွယ် ချက်နဲ့မှ ရိုက်ကူး ထားတာ မဟုတ် ပါဘူး။ ဟာသ စရိုက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံစံလေး ပါပဲ။ အပျော် ပုံစံလေးနဲ့လုပ်ထားတဲ့ သဘောလေးပါ”လို့ ဇာတ် ကား ရဲ့ ဇာတ်ဝင်ခန်း တချို့နဲ့ပတ်သက်ပြီး ပြောပြ ခဲ့ပါတယ်။

အချစ်ရေးကတော့ တစ်ယောက်တည်း ပဲလို့ ဆိုလာ တဲ့ ဟိန်းဝေယံက အခုအချိန်မှာတော့ အချစ်ရေးထက် အနုပညာဘက်ကိုပဲ အာရုံ ပိုစိုက်နေကြောင်း ပြောပါ တယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါမှာတော့ စိုးပြည့်သဇင်နဲ့ တွဲဖက်ပြီး သရုပ်ဆောင်တဲ့ ဇာတ်ကားတွေ ကို ပရိသတ်တွေ ပိုကြိုက်နှစ်သက်ကြ တာကိုတွေ့ရပြီး သူတို့တွဲဖက်ပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း တော်တော်များများ ရိုက်ကူးထားကြောင်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက် ပြီး ဟိန်းဝေယံက…

“စိုးပြည့်နဲ့က ခင်တာလည်း ကြာနေပြီ။ အိုက်တင် ကောင်းတဲ့ မင်းသမီး တစ်လက်လည်း ဖြစ်တယ်။ အစ်ကိုရိုက်တဲ့ ဇာတ်ကားတွေ ကလည်း ပွင့်ပွင့်လင်း လင်းပြောရရင် သူနဲ့လိုက်တဲ့ဇာတ်တွေဖြစ်နေတယ်။ အဲဒါပဲ။ တခြားထွေ ထွေထူးထူးတော့ မရှိပါဘူး”လို့ ပြောပါ တယ်။ နောက်ထပ်လည်း ဒါရိုက်တာ ကျော်ဇော လင်း၊ ဒါရိုက်တာ ပြည်ဟိန်းသီဟ တို့နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက် ကူးမယ့် ဇာတ်ကားတွေလည်း ရှိကြောင်း ဟိန်းဝေယံက ပြောပြခဲ့ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here