ဆန်းသစ်လှပသော ဝတ်စုံဒီဇိုင်းတွေ ပြသခဲ့တဲ့ Eternity Love (အဆုံးမဲ့ချစ်ခြင်း) Fashion Show

0
290

e

မြန်မာနိုင်ငံရဲ့ ထိပ်တန်းဒီဇိုင်နာ ၅ ဦးတို့ ပူးပေါင်းတင်ဆက်တဲ့ Eternity Love (အဆုံးမဲ့ချစ်ခြင်း) Fashion Show ပွဲကို သြဂုတ်လ ၁၂ ရက်၊ ၁၃ ရက်နေ့ ည ၆ နာရီ မှာ Novotel Hotel မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဒီပွဲမှာ Forever Germs by ရွှေနန်းတော်ရဲ့ လက် ဝတ်ရတနာဒီဇိုင်းဆန်းများနဲ့အတူ မော်ဒယ်များက ဒီဇိုင်နာ ပြည်စိုး အောင်၊ ဒီဇိုင်နာ မမဉ္ဇူတို့ရဲ့ မြန်မာ ဝတ်စုံလက်ရာဆန်းများကို ပထမ နေ့မှာ ပြသခဲ့ပြီး ဒုတိယမြောက်နေ့ မှာတော့ ဒီဇိုင်နာကောင်းမြတ်၊ မိုးကုတ်ပေါက်ပေါက်နဲ့ လတ်လတ် တို့ရဲ့ ခေတ်မီဆန်းသစ်တဲ့ ဝတ်စုံ ဒီဇိုင်းများကို ပြသခဲ့ပါတယ်။

eternity

ဒီပွဲ ကိုတော့ နာမည်ကြီး အနုပညာရှင် များစွာ တက်ရောက်ခဲ့ကြပြီး အဆို တော် ဟေမာနေဝင်း၊ ရေဗက္ကာဝင်းနဲ့ ချစ်သုဝေစတဲ့ တေးသံရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေ ခဲ့ကြပါတယ်။ ဒါ့အပြင် Forever Germs by ရွှေနန်းတော်ကလည်း Online Competition မှ ဆုရရှိ သူများကို ဆုချီးမြှင့်ပေးခဲ့ပြီး ပွဲကို လာရောက် ကြည့်ရှုသူ ပရိသတ် များက ဒီဇိုင်နာများရဲ့ ဝတ်စုံများကို ကြိုက်နှစ်သက်ပြီး ဝယ်ယူလိုသူများ အတွက် Discount များနဲ့ ရောင်းချ ခဲ့ပါတယ်။

ဝါကျွတ်အချိန်မှာ မင်္ဂလာ ဆောင်ကြမယ့် မင်္ဂလာမောင်နှံတွေ အတွက်လည်း ကြိုတင်ဘိုကင်လုပ်နိုင်တဲ့ ဝန်ဆောင်မှုအပြင် အခြားသော အထူးအစီအစဉ်များလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here