အရင်က အကြော်သည် အခုကတော့ သီချင်းဆိုနေရတဲ့ သူပေါ့ သားငယ်

0
219

Thar-Nge-(1)

Winner ဆုရှင် အဆိုတော်သားငယ်က အခု လတ်တလောမှာ ရှိုးတွေသီဆိုဖြစ်နေပြီး အခွေ ထုတ် ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။ Rock သီချင်း တွေကို အားသာတဲ့အတွက် အခွေထဲမှာ Rock အမျိုးအစားတွေ ပါဝင်မှာဖြစ်ကြောင်း သား ငယ်က…

“ကျွန်တော် အခွေထုတ်ဖို့ စီစဉ်နေပါပြီ။ အတီးပိုင်းတွေ အရင် စလုပ်နေတယ်။ အဆိုပိုင်း လည်း စနေပါပြီ။ ထွက်ဖို့အချိန်ကတော့ အတိ အကျတော့ပြောလို့မရသေးဘူး။ အခွေ မြန်မြန် ထွက်မယ်ဆိုတာထက် ကျွန် တော်က ကောင်းကောင်းလေး ထွက်စေချင်တယ်။ စောင့်နေတဲ့ ပရိသတ်တွေကို အားနာလာ ပါပြီ။ Audio/CD အရင် ထွက်မှာပါ။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် အကြိုက်တွေ့မယ့် သီချင်း တွေကို သီချင်းအမျိုးအစား ပေါင်းစုံပါဝင်ပြီး ကျွန်တော် အားသာတဲ့ Rock အမျိုး အစားတွေလည်း ထည့်ထား တယ်။ ပြိုင်ပွဲမှာဆိုခဲ့တဲ့’မမ မိုး’သီချင်းကတော့ ပြန်ပါမယ်” လို့ ဆိုပါတယ်။

သားငယ်က အရင်နေ ထိုင်မှုပုံစံနဲ့ ပြိုင်ပွဲအပြီးမှာ သူ့ဘဝနေထိုင်မှုပုံစံပြောင်း သွားပုံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“Myanmar Idol ပြိုင်ပြီးတော့ ဘဝနေထိုင်မှု ပုံစံ လေးကတော့ နည်းနည်းလေး ပြောင်းသွားပါ တယ်။ အရင်က အကြော်သည်၊ အခုတော့ သီချင်းဆိုရတဲ့သူပေါ့။ ဒါပေမဲ့ Music ကို ကြိုက်နေတာ ချစ်နေတာက အတူတူ ပဲ။ ဒါကတော့ ဒီအတိုင်းပဲ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်တော် အနေနဲ့ အခုလက်ရှိဘဝလေးကို ကျေနပ် ပါတယ်။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ဘဝပဲ။ ကျွန်တော့် အိမ်ထောင်ရေးကလည်း အရမ်းကောင်းတယ်။ အရမ်း ပျော်ဖို့ကောင်းတယ်။ တစ် နိုင်ငံလုံးက ကျွန်တော့်ကို စင်ပေါ်တင်ပေးလိုက် တာပါ။ အချိန်တွေငွေ တွေ အကုန်ဆုံးရှုံးခံပြီး တော့ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေကို အားပေးရ ကျိုးနပ်အောင် ဆက်ကြိုးစားနေ မယ်”လို့ သားငယ် က သူ့ရဲ့အနုပညာ အပေါ်ထားတဲ့ စိတ်ကို ဖော်ပြခဲ့ ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here