ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ပရီးမီးယားလိဂ် ရာသီအစ

0
251

plပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘောလုံးရာသီ ကတော့ အဖွင့်ပွဲစဉ်-၁ နဲ့အတူ သြဂုတ်လ ၁၂ရက် နေ့က စတင်ခဲ့ပါပြီ။ မထင် မှတ်ထား တာတွေလုပ်ပြလေ့ ရှိတဲ့ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ရာသီ အဖွင့်ပွဲစဉ်တွေက တော့ တကယ့်ကို စိတ်လှုပ် ရှားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ နဲ့ ပြီးဆုံး ခဲ့တာပါ။ လက်ရှိ ချန်ပီယံချဲလ်ဆီးကတော့ မထင်မှတ်တဲ့ အနေအထားနဲ့ အိမ်ကွင်းမှာ ဘန်လေ အသင်းကို ၃ဂိုး၊ ၂ဂိုး ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ် အသင်းကတော့ လက်စတာ အသင်းကို ၄ဂိုး၊ ၃ဂိုး ရလဒ်နဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစား ခဲ့ရပြီး နည်းပြ ဂျာဂန်ကလော့ပ် ရဲ့လီဗာပူးလ် အသင်းကတော့ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သရေရလဒ်သာရ အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီး အသင်း ကတော့အဝေးကွင်းမှာ ဘရိုက်တန် အသင်းကို ၂ဂိုး၊ ဂိုးမရှိ ရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်ယူကတော့ ဝက်စ်ဟမ်း အသင်းကို ၄ဂိုးပြတ်အနိုင်နဲ့အတူ ဇယားထိပ် မှာ ဦးဆောင်နိုင်ခဲ့ပါ တယ်။

ရာသီသစ်မှာ ကစားသမား သစ် ဝယ်ယူမှုတွေနဲ့အတူ အသင်း သစ်မှာ တိုက်စစ်မှူးသစ်တွေ ဖြစ်ကြတဲ့ မန်ယူက လူကာကူ၊ ချဲလ်ဆီးက မိုရာတာ၊ အာဆင်နယ်က လက်ကာဇက်၊ လီဗာပူးလ်က ဆာ လက်ခ်ျ၊ အဲဗာတန်က ဝိန်းရွန်းနီ တို့ရဲ့ဂိုးသွင်းမှုတွေ ကလည်း ပရိ သတ် အကြိုက် တွေ့စေခဲ့ပါတယ်။ ပရီးမီးယားလိဂ် နဲ့ပတ်သက်လို့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသွေး က သူကြိုက်နှစ် သက်တဲ့၊ အားပေး ဖြစ်တဲ့အသင်း အကြောင်းကို အခုလို ပြောပါတယ်။

“ကျွန်တော်က မန်ယူရဲ့ fan ပါဗျ။ ဒီနှစ်မှာ လီဗာပူးလည်း ဝယ်ရ တဲ့ဈေးနဲ့ တန်တယ် လို့ပြောရမှာပါပဲ။ ကျွန်တော်တို့ ပထမဆုံးပွဲမှာ ဆိုရင် လည်း ကစားကွက် တွေရော၊ Teamwork  တွေရောကောင်းကြ တယ်။ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုကောင်းဖို့ မျှော်လင့်ပါ တယ်။ လူ သစ်တွေလည်း မန်ယူမှာ ကန်ချက် တွေက အခြေကျတယ်လို့ ကျွန်တော် ထင်တယ်။ မန်ယူကတော့ ကျွန်တော် တစ်သင်းလုံး ကြိုက်တယ်။ အရင်က တော့ ရွန်းနီကို ကျွန်တော် အရမ်းချစ် တယ်။ အခုတော့ ရွန်းနီလည်း အသင်းကနေ ထွက်သွားပြီပေါ့ဗျာ။ ရွန်းနီတို့ လိုမျိုး အသင်းပေါ် သစ္စာရှိ တဲ့လူတွေဆိုတော့ ပိုသဘောကျ တယ်။ ဒါပေမဲ့ တစ်သင်းလုံးကို အားပေးပါ တယ်” လို့ မင်းသွေး ကဆိုပါတယ်။ ချဲလ်ဆီး အသင်းကို စွဲစွဲမြဲမြဲအားပေးဖြစ်သူ ဟစ်ဟော့ပ် အဆို တော်  J.Fire ကလည်း သူအားပေးတဲ့ အသင်း နဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ချဲလ်ဆီးဖန် မှ မဟုတ်ပါဘူး။ လီဗာပူး လ်ဖန် ရော၊ အာဆင်နယ် ဖန်ရော၊ မန်ယူဖန်ရော ရှိတဲ့ဖန်တွေ အကုန် လုံး က ပရီးမီး ယားလိဂ်စပြီ ဆိုတာနဲ့ ငါတို့အသင်းဒီနှစ် ပရီးမီးယားလိဂ် ဖလားရအောင် ယူမယ်ဆိုတဲ့ စိတ်နဲ့ အားပေးကြတာ ချည်းပါပဲ။ အဲဒီလိုထဲမှာ ကျွန်တော် လည်းပါတဲ့ အတွက် ကျွန်တော်တို့ ချဲလ်ဆီးလည်း ဒီနှစ် ပြန်ပြီးတော့ ချန်ပီယံဘွဲ့ကို ကာကွယ်မယ် ဆိုတဲ့ စိတ်နဲ့ စတာပေါ့နော်။ ဒါပေမဲ့ ရာသီအစမှာ သိတဲ့အတိုင်းပဲ ဘန်လေ ကိုရှုံးသွားတယ်။ အဲဒီလိုပေါ့။ ကျွန်တော်ဆိုရင် ပွဲရှုံးသွားတာ ၄ရက်လောက် ကြာနေပြီ။ ကျွန်တော့် ပို့စ်တွေအောက် မှာ ဝင်ရေးနေ တုန်းပဲ။ ချဲလ်ဆီး ရှုံးသွားလို့လား၊ ချဲလ်ဆီး ရှုံးသွားလို့ လား ဆိုပြီးတော့ပေါ့။ မျက်နှာ မပြရဲဘူးပေါ့။ လာမယ့်ပွဲမှာ စပါးနဲ့တွေ့မယ်။ ကျန်တဲ့အသင်းတွေလည်း ကိုယ့် အသင်းကိုယ် အားပေးတယ်။ ကျွန်တော်တို့လည်း အဲဒီလို စိတ်နဲ့ ကျွန်တော်တို့ ချန်ပီယံ ကာကွယ်ဖို့ တွေးထားတယ်။ အဲဒါ လူတိုင်းပါပဲ။ အားလည်း အားရပါတယ်။ ဒီနှစ်လူ စာရင်းကို” လို့ပြောပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒီနှစ်ရာသီမှာ ဘယ်ကစားသမား တွေက ဘယ်လိုမျိုး မှော်ဝင်ခြေစွမ်း တွေနဲ့အတူ ပရိသတ် တွေရဲ့အချစ်တော် ကစားသမားတွေ ဖြစ်ကြဦးမလဲ၊ နည်းပြတွေရဲ့ စကားလုံး တိုက်ပွဲတွေနဲ့ ဘယ်လိုမျိုး အောင်ပွဲခံကြဦးမလဲ၊ ဘယ်ကစားသမားတွေက ကာ လ ရှည်ဒဏ်ရာတွေ ရကြလေဦးမလဲ၊ အရင်ဆုံး အထုတ်ခံရတဲ့ နည်းပြ က ဘယ်သူဖြစ်လေမလဲ၊ ပြိုင်ဘက် ကစားသမား အနေနဲ့ မိမိ အသင်းဟောင်း ကိုပြန်ရင်ဆိုင်ရမယ့် ကစား သမားတွေရဲ့ အိမ်ပြန် ခရီးကကော မျက်နှာပန်းလှပါ့မလား၊ ပွဲကြပ်ကာလတွေမှာ ဘယ်အသင်းက ခြေ ချော်ပြီး ဘယ် အသင်း ကအဖိုးတန်အမှတ် တွေယူဆောင် နိုင်မလဲ။
နောက်ဆုံး ရာသီ ပိတ်မှာ ချန်ပီယံ ဆုဖလား ကိုသယ်ဆောင်သွားမယ့်မြို့က မန်ချက်စတာလား၊ လန် ဒန်လား၊ လီဗာပူးလ်လား၊ ဒါမှမဟုတ် အင်္ဂလန်က မထင်မှတ် ထားတဲ့မြို့ တစ်မြို့ကို လား။ စိတ်ဝင် စားစရာပါပဲ။

ဖိုးဝ


LEAVE A REPLY

Please enter your comment!
Please enter your name here