မို့မို့မြင့်အောင် ရဲ့ ခန္ဓာကိုယ်ထိန်းသိမ်းနည်း

0
248

Moe-Moe-Myint-Aung-(2)

သရုပ်ဆောင် မို့မို့မြင့်အောင်က ယခုအချိန်ထိ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းထားနိုင်သလို အမြဲတမ်းလည်း သွယ်လျလှပပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ အမြဲတွေ့မြင်ရပါ တယ်။ အရင်ကတော့ ကိုယ်အလေးချိန် ပေါင် ၁ဝဝ ဝန်းကျင်သာ ထိန်းထားပြီး ယခုတော့ အသက်အရွယ်အရ ခန္ဓာကိုယ် ပြည့်ဖြိုး နေထိုင်တယ်လို့ မို့မို့မြင့်အောင်ဆိုပါတယ်။ ဒါကြောင့် မို့မို့မြင့်အောင်ရဲ့ လက်ရှိကိုယ်အလေးချိန်ကို မေးမြန်းတော့…

“မမို့အရင်ကတော့ ဝိတ်ကို ၁ဝ၄/ ၁ဝ၅ပေါင်လောက်ပဲ ထားတယ်။ ထိန်းထားတဲ့သဘောပေါ့။ အခုတော့ အမေအရွယ်အရဆို တော့ ခန္ဓာကိုယ်ပြည့်ပြည့်လေးကပဲ ကောင်းပါတယ်။ မမို့ဟိုတစ်လောက ၇ ပေါင်လောက် တက်သွားသေးတယ်။ အစားတွေပုပ်ပြီး၊ အိပ်လိုက်၊ တာတွေကြောင့်ပါ။ အရင်လို မပိန်တော့ပါဘူး။ အရင်ကတော့ မော် ဒယ်ရှိုးပွဲတွေကို လိုအပ်ရင် လျှောက်ရတာတွေရှိတယ်။ အခုတော့ အရွယ်ကလည်း ဒီလိုလျှောက်ဖို့ သိပ်မလိုက်ဖက်တာကြောင့်ပါ။ အခု မမို့ရဲ့ကိုယ်အလေးချိန်က ပေါင်၁၁ဝ ဝန်းကျင်လောက်ရှိပါတယ်”လို့ မို့မို့မြင့်အောင်က ပြောပြပါတယ်။

မို့မို့မြင့်အောင်အနေနဲ့ သရုပ်ဆောင်ပိုင်းမှာလည်း အသက် အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေကိုပဲ ရွေးချယ်ရိုက်ကူးလျက် ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအသက်အရွယ်နဲ့လိုက်ဖက်တဲ့ ကာ ရိုက်တာတွေက အနုပညာအား မွေးထုတ်ဖို့ ပိုကောင်းတယ်လို့ဆိုတဲ့ မို့မို့မြင့်အောင်က….

“မမို့တို့က လက်ရှိအရွယ်ကို လက်ခံရပါမယ်။ ဒါကြောင့် ကိုယ့်အရွယ်နဲ့ပတ်သက်တဲ့ ဇာတ်ကိုပဲ အဓိကထားပြီး ရွေးတယ်။ မမို့ကိုယ်တိုင်လည်း အဲဒီလိုဇာတ်နဲ့ လိုက်တဲ့ ဇာတ်လိုက်ပဲဖြစ်ချင် တယ်။ ဒါမှကိုယ့်အနုပညာအားကို မွေးထုတ်ရတာတွေ ပိုကောင်း မှာပါ။ မမို့ကို အမြဲတမ်းအား ပေးကြတဲ့ ပရိသတ်တွေကိုလည်း အမြဲတမ်းပေးဆပ်သွားချင်တယ်။ မမို့ရဲ့ အနုပညာဖန်တီးမှုနဲ့သော်လည်းကောင်း၊ အလှအပနဲ့သော်လည်းကောင်း အဘက်ဘက် က ပြည့်စုံနိုင်အောင်ဂရုစိုက်ပြီး ပေးဆပ်သွားမှာပါ”လို့ မို့မို့မြင့် အောင်က ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here