မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းဟာ အမေစုကို ချစ်ကြတဲ့ ပရိသတ်တွေ အားလုံးပိုင်တဲ့ သီချင်းပါ နီနီခင်ဇော်

0
199

Niniဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ သီချင်းဆိုပြိုင်ပွဲမှာ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နီနီခင်ဇော်က 1st Runner Up ဆုကို ရရှိခဲ့ပါတယ်။ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းနဲ့ ပတ်သက်လို့ နီနီခင်ဇော့်ကို ချစ်တဲ့ ပရိသတ်တွေ လည်း ရှိသလို တချို့ ပရိသတ်တွေက ဝေဖန်မှုတွေလည်း ရှိကြပါတယ်။ အဲဒီ အပေါ်ကို မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ နီနီခင်ဇော် ကို ဘာမှတ်ချက်ပေးချင်လဲလို့ မေးဖြစ်တော့…“နီနီ ဘာမှ မှတ်ချက်မပေးပါဘူး။ နီနီ့အတွက် ကတော့ ထွေထွေထူးထူး ရှင်းပြစရာ မလိုဘူး ထင်ပါတယ်။ ဒီသီချင်းကို နီနီချစ်တဲ့၊ မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို Tribute လုပ်တဲ့သီချင်းပါ။ ဂုဏ်ပြုသီဆိုတဲ့ သီချင်းပါ။ တေးရေး ကိုဆောင်းဦးကလည်း ဂုဏ်ပြုသလို တေးဆိုတဲ့ နီနီကလည်း ဂုဏ်ပြုတာပါ။ မြန်မာနိုင်ငံမှာရှိကြတဲ့ အမေစုကို ချစ်ကြတဲ့ ပရိသတ်တွေအားလုံး ပိုင်တဲ့သီချင်းပါ။ နီနီ ပိုင်တဲ့သီချင်းလည်း မဟုတ်ပါဘူး။ နိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားဆိုတာပါ။ နီနီ့ အတွက်လည်း မဟုတ်ပါဘူး” လို့ သူမကပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here