လူသားချင်းစာနာစွာဖြင့်ပခုက္ကူမျက်မမြင်ကျောင်းသို့ဆက်သွယ်လှူဒါန်းနိုင်

0
331

Mg-Nan-Wai

ပခုက္ကူမျက်မမြင်ကျောင်းအားမျက်မမြင်ဆရာတော်ဦးပညာဝံသ မှ (၁၂၉၉)(၁၉၃၇)ခုနှစ်ကတည်ထောင်ခဲ့သည်။ယခုလက်ရှိနေရာမှာ မြို့မလမ်းအနောက်ကားကြီးကွင်းအနီးတည်ရှိပြီး(၆)ဧကခန့်ကျယ် ဝန်းကြောင်းသိရသည်။မျက်စိမမြင်တဲ့သူတွေ စိတ်ဓာတ်ကျဆင်းမှုမရှိ စေဖို့ရယ်ပတ်ဝန်းကျင်ကိုရဲရဲရင့်ရင့်ရင်ဆိုင်သွားလာနိုင်ဖို့ရယ်လူသား ချင်း စာနာစိတ်နဲ့စောင့်ရှောက်ပေးပြီး ဂီတဗေဒင်အနှိပ်ပညာရပ်တွေ အပြင် မျက်မမြင်စာပေပါ သင်ကြားပေးပါတယ်ဟုဂေဟာမှုး ဦးတင်ကြူး က ပြောသည်။၂ဝ၁၇ ခုဧပြီလအထိ မျက်မမြင်ကျောင်းသား(၁၇)ဦးရှိသည်ဟု ၄င်းကဆက်လက်ပြောပြသည်။အာဟာရဒါနပြုလိုပါက မနက်စာ (၅)ထောင်ကျပ် နေ့လယ် ညစာ(၁)သောင်းကျပ်စီဖြစ်သည်။အသားဟင်း(၁)ချဉ်ရေဟင်း(၁)ငရုတ်ကြော်(၁)ဟင်းချို(၁)ဟင်းကြမ်း(၁)ခွက်နှင့်ကျွေးမွေးသည်ဟုလည်းသိရသည်။နံနက်(၅း၃ဝ)ဘုရားဝတ်ပြု (၆)နာရီ နံနက်စာ (၈)နာရီမှ(၁ဝ)နာရီ စာသင်၊ (၁ဝး၃ဝ)နာရီ နေ့လယ် စာစား၊ မွန်းလွဲ(၂)နာရီမှ(၄)နာရီ စာသင်၊ ညနေ(၅)နာရီထမင်းစား၊ ည(၈)နာရီ ဘုရားဝတ်ပြု၊ (၉)နာရီည အိပ်ချိန်ဖြစ်သည်”ဟု မျက်မမြင် ကျောင်းအကျိုးတော်ဆောင်တစ်ဦးကပြောသည်။

ပခုက္ကူမျက်မမြင် ကျောင်း အားအမှုဆောင်ကော်မတီဖွဲ့စည်း၍ဆောင်ရွက်လျက်ရှိသည်။ ဂေဟာမှူးအတွက်နိုင်ငံတော်မှတစ်နှစ်စာ(၃)သိန်းကျပ်ဝန်းကျင်နှင့် မျက်မမြင်ကျောင်းအတွက်ကျပ်(၁၃)သိန်း နီးပါးထောက်ပံ့ ကြောင်းသိရ သည်။စားဖိုမှုးအားကော်မတီမှ တစ်လကျပ်(၉)သောင်း ထောက်ပံ့ ကြောင်းလည်းသိရသည်။ မျက်မမြင်ကျောင်းတော်အတွက် ဥက္ကဋ္ဌ ဦးလှ သောင်း၊ အတွင်းရေးမှုးဦး အောင်ကျော်မင်း၊ ဘဏ္ဍာရေးမှုး ဦးကျော် သန်း၊ ဂေဟာမှုးဦးတင်ကြူးတို့ကပရဟိတစိတ်ထားဖြင့်စီမံဆောင်ရွက် နေကြောင်းလည်းသိရသည်။ မျက်မမြင် ကျောင်းအား အလှူဒါန ကုသိုလ်ပြုလိုပါက ဝ၆၂-၂၃၆၆၂၊ ဝ၉-၂၅၆၄၆ဝ၁ဝ၉ သို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here