မြန်မာဘောလုံး အသင်းနိုင်သွားပြီ ဆိုရင် တခြား အဆင်မပြေတာ တွေကိုတောင် မေ့သွားတယ် ဖိုးချစ်

0
129

Pho-Chit-1မြို့ရွှေမန်းသား ဖိုးချစ်က ငယ်စဉ်ကတည်းက ဘောလုံးဝါသနာပါသူ တစ်ဦးဖြစ်တဲ့အပြင် ကိုယ်ပိုင် ဘောလုံးအသင်းတည် ထောင်ထား သူတစ်ဦးပါ။ သူကိုယ်တိုင်လည်း သူ့ရဲ့အသင်းမှာလည်း ပါဝင် ကစား လျက်ရှိပါတယ်။ ဒါ့အပြင် သူ့အနေ နဲ့ မြန်မာအသင်းနဲ့ ပတ်သက်လို့ လည်း စိတ်အား ထက်သန်စွာနဲ့ အားပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် မလေးရှား နိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင် ကစားနေကြတဲ့ မြန်မာ အားကစား သမားများကို မလေးရှား နိုင်ငံအထိ သွားရောက် အားပေးမယ်လို့ သိရ ပါတယ်။

“ကျွန်တော်တို့တွေ ဒီနှစ်က စိတ်ဓာတ် အများကြီး ပြောင်းလာတယ်။ သိပ်ပြီး ချီးကျုးစရာကောင်း တာကတော့ ဘယ်တော့မှ စိတ်ပျက် မသွားတဲ့ မြန်မာပရိသတ် တွေလို့ ပြော ရမှာပါပဲ။ နည်းနည်းစိတ်တိုင်း မကျရင် မြန်မာပွဲကို ဘယ်တော့မှ မကြည့်တော့ဘူး ဆိုတဲ့ သူတွေက အချိန် တန်တော့လည်း ကွင်းထဲ ရောက်တာပဲ။ ကျွန်တော်တို့ အပါ အဝင်ပေါ့လေ။ အားတက်စရာ ကောင်းတာကတော့ ပရိသတ်တွေပါ။ ကမ္ဘာကတောင် တဖြည်းဖြည်းနဲ့  အသိအမှတ်ပြုလာတဲ့ မြန်မာပရိ သတ်တွေ ဖြစ်လာတာပေါ့။ ဝမ်းသာ ပါတယ်။ ကျွန်တော် လည်း အားပေး ဖို့သွားပါဦးမယ်။ ကျွန်တော်အား ကစားနည်း အားလုံးကို အား ပေးသွားမှာပါ။ အဓိကတော့ ဘော လုံးတော့ သွား အားပေးရမှာပေါ့။ ဒီအချိန်မှာတော့ သူတို့လည်း တအား ခွန်အားတက်နေပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံး ကတော့ မြန်မာဘောလုံး အသင်းနဲ့ အမြဲတမ်း အတူတူ ရှိနေပါတယ်။ ကျွန်တော်တို့ ရဲ့ တစ်တိုင်း တစ်ပြည်လုံးကို ပျော်ရွှင် စေတာ သူတို့ပါပဲ။ ကျွန်တော်တို့ ဇာတ်ပွဲတွေ ဆိုတာက ကတဲ့နေရာ လောက်ပဲ ပျော်တာဗျ။ သူတို့ကကျ တော့ ကျွန်တော်တို့ထက် ပါဝါပိုကြီး တယ်။ သူတို့ရဲ့အောင်မြင်မှု၊ ကျရှုံးမှု ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်နှလုံးကို တိုက် ရိုက် အချိုးကျ နေတယ်။ ဘောလုံး ပွဲနိုင်သွားပြီ ဆိုရင် တခြားအဆင်မ ပြေတာတွေကို မေ့သွားတယ်” လို့  ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်နေတဲ့ အားကစားသမားများနဲ့ ပတ်သက်လို့ မြို့ရွှေမန်းသား ဖိုးချစ် က ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here