ဆပ်ကပ်၊ မျက်လှည့် ပညာရပ်များ ထိန်းသိမ်း မြှင့်တင် ပြန့်ပွားရေး ကော်မတီမှ ဆပ်ကပ်နဲ့ မျက်လှည့် ပညာရှင်များကို ဘာတွေ ကူညီထောက်ပံ့ ပေးနိုင်မလဲ

0
209

မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို)၏ ပညာရပ်ဆိုင် ရာ ထိန်းသိမ်းရေး မူဝါဒ နှင့်အညီ အစဉ်အဆက် ဖျော်ဖြေလာခဲ့သော မြန်မာ့ ဆပ်ကပ်နှင့် မျက် လှည့်ပညာရပ် များအား ထိန်းသိမ်း မြှင့်တင်နိုင်ရန် အလို့ငှာ ကော်မတီ တစ်ရပ်အား သြဂုတ်လ ၁ဝ ရက်နေ့က ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

အဆိုပါကော်မတီ အဖွဲ့တွင် ဂရိတ်ဖိုးထူး (မျက်လှည့် ၊ဆပ်ကပ်)၊ ရွှေမန်းဦးသန်းနိုင်(ဆပ်ကပ်)၊ ဦးပေါက်စီ၊ ဦးကွာစိ၊ အာဇာနည် စန်းစန်း၊ ဦးစာကလေး၊ ဦးလှသန်း၊ ဦးတင်ဝင်း၊ ဦးသန်းဇော်၊ ဒေါ်ဝင်းဝင်း၊ ဦးဝင်း အေးတို့က နာယကအဖြစ် ဆောင်ရွက် သွားကြမည်ဖြစ်ပြီး အလုပ်အမှုဆောင် ကော်မတီတွင် ဦးကျော်ဦး-ဥက္ကဋ္ဌ၊ ဦးစက္ကောမ-ဒုတိယဥက္ကဋ္ဌ၊ ဦးဝင်းဆွေ-ဒုတိယဥက္ကဋ္ဌ(၂)၊ ပဉ္စလက်ဦးခိုင်-အတွင်းရေးမှူး၊ ဦးရဲဇော်ထွန်း-တွဲဘက် အတွင်းရေးမှူး(၁)၊  ဦးခင် မောင်ထွန်း (တွဲဘက် အတွင်း ရေးမှူး (၂)၊ ဦးမောင်မောင်မြင့် -ဘဏ္ဍာ ရေးမှူး၊ ဦးမျိုးနိုင်(မှော်မင်းသား)- တွဲဘက် အတွင်းရေးမှူး၊  ဦးအာလာဒင်-စာရင်းစစ်(၁)၊ ဦးမှော်ဇာမဏီ-စာရင်းစစ်(၂)၊ ဦးမစ္စတာတော့-စည်းရုံးရေးမှူး၊ ဦးဂျိုကာ – စည်းရုံးရေးမှူး (၂)၊ ဦးမင်းလက်ရာ-စည်း ရုံးရေးမှူး(၃)၊ ဦးစွန်ညို (ခ)ကျော်ဇင်လတ် -ပြန်ကြား ရေးမှူး၊ ဒေါ်စန်းစန်းအေး -ပြန်ကြားရေးမှူး(၂)တို့က ဆောင်ရွက် သွား ကြမည်ဖြစ်သည်။

“ဒီလ၂၅ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေး လုပ်ပါမယ်။ အဲဒီ အစည်းအဝေးမှာ ဒီအသင်းရဲ့ ရည်ရွယ်ချက် ကဘာလဲ။ ကျွန်တော် တို့ ရှေ့ဆက် ပြီးလုပ်ရမယ့် အလုပ်တွေက ဘယ်လို အလုပ်တွေလဲ၊ ပြီးတော့ကျွန်တော် တို့ဘာတွေ တတ်နိုင်တယ်၊ ဘာတွေ မတတ်နိုင်ဘူး ဆိုတာတွေကို ဆွေးနွေးကြ မယ်။ ကျွန်တော်တို့ ရည်ရွယ်ချက် တစ်ခုကတော့ ရှိပါတယ်။ တချို့နည်း ပညာအားနည်းတဲ့ အဖွဲ့အစည်းတွေ ရှိမယ်။  နည်းပညာ အားနည်းတဲ့ လူငယ် တွေရှိမယ်။ ကျွန်တော်တို့ ဒီအဖွဲ့တွေကို နည်းပညာ ဘယ်လောက် ပံ့ပိုးပေးမလဲ ပေါ့။ ကျွန်တော်တို့ အနေနဲ့  ဟိုဟာကြီး လုပ်ပေးပါ့မယ်၊ ဒီဟာကြီး လုပ်ပေး ပါ့မယ်ဆိုပြီး မပြောနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ကော်မတီ အဖွဲ့သည် အခုမှ စတင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်” လို့ အဆိုပါ ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်တဲ့ မျက်လှည့် ပညာရှင် ဦးစက္ကောမက ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here