မန္တလေးမှာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့  အစီအစဉ် ရှိတဲ့ နီနီဝင်းရွှေ

0
421

Ni-Ni-Win-Shwe

အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ မြန်မာသံတေးသံရှင် နီနီဝင်းရွှေက သြဂုတ်လ ၁ဝရက်နေ့မှာတော့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ဂီတစာဆို ကိုသက်ဦးရဲ့ အမှတ်တရ ဂီတပွဲကို ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ နီနီဝင်းရွှေက သြဂုတ်လ ၁၇ ရက်နေ့မှာ သူနေထိုင်ရာအမေရိကားကို ပြန်မှာ ဖြစ်ပြီး မြန်မာပြည်ကို ရောက်ရှိနေချိန်မှာတော့ ငြိမ်းချမ်းရေးဂီတပွဲတော်အတွက်လည်း သီချင်းသီ ဆို ရိုက်ကူးရေးပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“နီနီက ၁၁ ရက်နေ့က ပြန်ရောက်တယ်။ ၁၃ ရက်နေ့မှာ ကိုသက်ဦး အမှတ်တရပွဲဆိုတယ်။ ဒီကြားထဲမှာတော့ ငြိမ်းချမ်းရေး ဂီတပွဲတော် အတွက် သီချင်းရိုက်ကူးရေးလေး လုပ်ဖြစ် တယ်။ ၁၇ရက် နေ့မှာ ပြန်မှာပါ။ ပြီးရင်တော့ ဒီနှစ်ထဲမှာပဲ တစ်ခေါက်ပြန်လာဦးမှာပါ” လို့ နီနီဝင်းရွှေက ပြောပါတယ်။

နီနီဝင်းရွှေက အခုနှစ်ထဲမှာပဲ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ထပ်မံ စီစဉ် ဖို့ရှိပြီး အခုတစ်ခေါက်ကိုတော့ မန္တလေး မြို့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီတစ်ခေါက်တော့ ပုံစံလေး တစ်မျိုးဖြစ်အောင်လုပ်ဖို့စီစဉ်ထားတယ်။ မန္တလေးမှာ လုပ်မယ်။ အချိန် အတိအကျ ကိုတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ လုပ်ဖြစ်မှာပါ။ အသေး စိတ် အစီအစဉ်ကိုတော့ အနားနီးရင် ထပ်ပြောပါမယ်”လို့ နီနီဝင်းရွှေက ပြောပြ ခဲ့ပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here