မြန်မာ့ ဇာတ်သဘင်ရဲ့ အနှစ်သာရတွေကို ခံစားကြည့်ရှုရမယ့် ရွှေမန်းဦးချမ်းသာရဲ့ အနုပညာဖျော်ဖြေပွဲ

0
202

Chan-Thar-(2)ရွှေမန်းချမ်းသာရဲ့ သဘင် သက်တမ်းနှစ်၎ဝ ပြည့် အမှတ်တရ အနုပညာ ဖျော်ဖြေပွဲကို စက်တင်ဘာ လ ၈ရက်နေ့ နဲ့ ၉ရက်နေ့ တို့တွင် ရန်ကုန်မြို့၊အမျိုးသား ဇာတ်ရုံမှာပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ ကိုတော့ ညနေ၆နာရီတိတိမှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ပွဲကို၂ ရက်တာ ပြုလုပ်မှာဖြစ်ပေမယ့် တစ်ရက်နဲ့ တစ်ရက်တင် ဆက်မှုပုံစံတွေကတော့ မတူကြောင်းသိရပါ တယ်။ ဖျော်ဖြေပွဲ မှာတော့ ရွှေမန်းဦးချမ်းသာ နဲ့အတူ ညွန့်ဝင်း၊ ဆန်းဝင်း၊ ဝင်းမောင်၊ ကျော်ကျော် ဗိုလ်၊တင်မောင်ဆန်းမင်း ဝင်း၊သူရဗိုလ်၊ မင်းရွှေရောင်တင်၊ မေတင်မောင်ဆန်းဝင်း တို့ဖျော်ဖြေ တင် ဆက်သွားမှာဖြစ်ပြီး ဧည့်သည် သဘင် အနုပညာရှင်တွေ အနေနဲ့ ရွှေမန်းဦးကံ၊ ဇော်ဝင်းမောင်၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ ဇံဟိန်း၊ စွမ်းဇာနည်၊ အဂ္ဂါမိုးဝင်း၊ ကိုဇေ၊ ရဲမင်းသွေး၊ ဟိန်းဇာ၊ သြရအောင်၊ စွမ်းညီညီ၊ ရွှေကူးတင်၊နန်းခင်မွှေး၊ ဒေါင်းမလေး၊ချယ်ရီ သင်း၊အိတာ၊ ပတ္တမြားကေခိုင်၊ ဒါလီလင်း၊ တင်ဇာမိုးဝင်း၊ ဟန်နွေညိမ်း၊ ဝင်းသပြေထွန်း၊ နေခြည်ငြိမ်းချမ်း၊ တို့အပြင် အထူးဧည်သည်အနုပညာရှင်တွေအ နေနဲ့ နေတိုး၊မင်းမော်ကွန်း၊ ထွန်းထွန်း (Examplez)၊ ရဲလေး၊ ခိုင်နှင်းဝေ၊ မေကဗျာ၊အရိုင်း နဲ့ ဟာသ လူရွှင်တော်ကြီးများ၊ သစ္စာမေတ္တာ ရွှေမန်းသဘင် အင်အားစုများ ပါဝင် ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။

“ပွဲနှစ်ရက် စလုံးရဲ့ အစီစဉ်တွေက မတူသလို  အစီအစဉ်တွေလည်း လုံးဝ မထပ်စေရပါဘူး။ တင်ဆက်မယ့် အရာတွေကလည်း အကောင်းဆုံးတွေကို တင်ဆက် သွားမှာပါ။အော်ပရာကြီးတွေ ကမယ်။ ပြဇာတ်ကို ကျတော့ တစ်ရက် ကို၎ထုပ်ကပါမယ်။ ၄ထုပ် ဆိုတာက ပြဇာတ် တစ်ထုပ်စီ က အကောင်း ဆုံးဇာတ် ဝင်ခန်းလေးတွေကို ရွေးထုတ်ပြီးတော့ ကမှာပါ။ နှစ်ပါးသွားတွေကမယ်။ ပြီးတော့ ဆက်တင်ပိုင်းကိုလည်း ပြဇာတ်တစ်ခုစီ အတွက် ဆက်တင်တစ်ခုစီ ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဆက်တင်နဲ့ ပတ်သက်ပြီး လည်း ဦးချမ်းလုပ် ထားတာတွေကို အကုန်လုံး ပရိသတ်ကို ချပြမှာပါ။ ဦးချမ်းအနေ နဲ့ကတော့ ဖေဖေရွှေမန်း ဦးတင်မောင်ရဲ့ သားဆိုတဲ့ အတွက်ကြောင့် ဘာပဲစီစဉ်စီစဉ်ဘာသာ၊ သာသနာ၊လူမျိုး ဤသုံးပါး အကျိုးရှိအောင် ကြိုးစား ပါတယ်။ဒါကြောင့် ဦးချမ်းရဲ့ ပွဲကြီးကို ဦးချမ်းရဲ့ ပရိသတ်တွေ ကလည်း ယုံကြည်စွာနဲ့ လာရောက် ကြည့်ရှုကြမယ်လို့ ထင်ပါတယ်။ မကြည့်ဖူးတဲ့ ပရိသတ် တွေကလည်း ဦးချမ်းသာကြီး က ဘာတွေ လုပ်မှာလဲ ဆိုတာတွေကို ကြည့်ရင်းနဲ့ မြန်မာ့ ဇာတ်သဘင်ရဲ့ ပြဇာတ်အရသာတွေကို ခံစားသွားစေ ချင်ပါတယ်”လို့ ပွဲနဲ့ပတ်သက်ပြီး ဦးချမ်းသာ ကပြောပါတယ်။ ပွဲရဲ့လက်မှတ်ဈေးနှုန်း ကတော့ ၂သောင်း၊ ၃သောင်း၊ ၅သောင်းဖြစ် တယ်လို့သိရပါတယ်။

လင်းအက္ခရာ၊
ဓါတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here