မြန်မာ့ဝတ္ထုတို သမိုင်းဦး ကာလမှတ်စုများ

0
390

Untitled-1

(၁)
လူ တို့သည် ကျောက်ခေတ်က ပင် ပုံပြောသည့်အတတ်ကို တတ်ခဲ့ ကြပါလိမ့်မည်။ အမဲလိုက်ခြင်း၊ နေ၊ လ၊ ကြယ်တာရာ၊ ကောင်းကင်၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့မှာ ကျောက်ခေတ် လူသား တို့၏ ပြောစရာပုံပြင်များ ဖြစ်နိုင် သည်။ သဘာဝနိယာမကို မသိကြ သေးပါ။ နတ်ပုံပြင်၊ တန်ခိုးတော်ရှင်၊ ဒဏ္ဍာရီများ၊ ရိုးရာဓလေ့အစွဲများစွာ ရှိကြပါသည်။ မိဘ၊ သားသမီး စဉ်ဆက် လက်ဆင့်ကမ်းပြောကြား ခဲ့ပါလိမ့်မည်။ ဤသို့နှင့် ယဉ်ကျေးမှု ထွန်းကားလာ၍ စာပေပေါ်ပေါက် လာသည်။ အနုပညာခံစားတတ်ပြီး ပုံပြင်၊ ဝတÄုတို၊ရှည်ဖြစ်လာကြပါ လိမ့်မည်။

ရှေးဟောင်းအိန္ဒိယ၊ နီပေါတွင် ဂေါတမဗုဒ္ဓပွင့်တော်မူခဲ့၏။ BC- 6  ရာစုတွင်ဖြစ်၏။ ဗုဒ္ဓသည် သူ၏အဆုံးအမများကို ဇာတ်ဝတÄုအဖြစ် ဟောပြောခဲ့သည်။ ငါးရာငါးဆယ် နိပါတ်သည် ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဝတ္ထုတိုများဖြစ်သည်။ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက်၌ သူ၏နိပါတ်ဝတÄုများ ခေတ်စားထွန်းကားလာသည်။ ယင်း တို့ကို ကမ္ဘာ့ဝတ္ထုတိုသမိုင်း၌ တခမ်း တနား ဖော်ပြခဲ့၏။ အိန္ဒိယမှတစ်ဆင့် ပါရှား၊ ဂရိတို့သို့ ပြန့်ကားခဲ့သည်ဟု ဆိုပါသည်။

မြန်မာဗုဒ္ဓဘာသာဝင် အများ စုသည် ဝတ္ထု တိုနှင့် ရင်းနှီးကျွမ်းဝင် ခဲ့ကြသည်မှာ နှစ်ပေါင်းရာထောင်ရှိ နေပါပြီ။ ပိဋကတ်စာပေလာ၊ ငါးရာ ငါးဆယ်ဇာတ်တော်များမှာ မြန်မာ အများစု နှစ်သက်စွဲလမ်းခဲ့ကြသော ဝတ္ထု တိုများဖြစ်၏။ ကျွမ်းဝင်ပြီး မင်္ဂလာတရား ၃၈ ပါး ဖွင့်ဆိုသော ကျမ်းများတွင် သက်ဆိုင်သော ဝတ္ထု တိုများစွာကို ထုတ်ဖော် ရေးသား ဟောပြောခဲ့ကြပါသည်။ ရှေးဘိုးဘွား ဘီဘင်ကာလကပင် မြန်မာတို့သည် ဝတ္ထု တိုများကို နှစ်သက်စွဲလမ်းသူများ ဖြစ်ပါသည်။ ဗုဒ္ဓသာသနာမှာ လူကို ဆုံးမရေးသားဟောကြားထား၍ အကျင့်သီလဆိုင်ရာ သုစရိုက်၊ ဒုစ ရိုက်တရားများဆိုင်ရာ ပိဋကတ်လာ ဝတ္ထု တိုများစွာကို မဖတ်ခဲ့ဖူးလျှင်ပင် ဟောကြားသွန်သင်ခံယူပြီး လူမျိုးဖြစ် ပါသည်။ ရှေးခေတ်ဝတ္ထု များကို မြန်မာဆန်ဆန် (သို့မဟုတ်) ဘာသာ ရေးဆန်သော ဝတ္ထု တိုများကို သိ၊ ကြား၊ နာ၊ ဖတ်ပြီးသားဖြစ်ကြသည်။

(၂)
ဆရာကြီးငွေဥဒေါင်း (ဦးကြီး မောင်)၏ မြန်မာဝတ္ထုတိုသမိုင်း၌ “ယပ်လှဲတရားစာအုပ်များတွင် ပါဝင်သော ဝတများမှာ ဝတÄုတို များ” ဟုဆိုခဲ့ပါသည်။ လယ် တီပဏ္ဍိ တ ဦးမောင်ကြီး၊ ရွှေကျင်ဂိုဏ်း ဝိသုဒ္ဓါရုံ ဦးဓမ္မတိဏ္ဏနှင့် ဦး နာဂသေန (ဦးထွန်း စိန်)တို့၏ တရားစာ အုပ်များကို ရည်ညွှန်းခဲ့ ခြင်းဖြစ်သည်။ ၃၂ ကြိမ် တိတိ ရိုက်နှိပ်ရသော ဓနုဖြူ မြို့၊ မယုယဝတီပုံနှိပ်တိုက်က ရိုက် နှိပ်သော “နှဲ ကြိုးဆရာတော်၏ ဝဋ ဘေဒနီကျမ်း” သည်လည်း ဘာသာ ရေး ဝတ္ထု တိုများဟု ဆိုခဲ့ပါသည်။ သင်္ဂဇာ ဆရာတော်၏ စကားပုံများ (ဆရာသိန်းပြုစု)၊ ဝစနာလင်္ကာရ ဂီရတ္တမကျမ်းခေါ် ဆရာတော်ကြီး တို့၏ ဥပမာပုံပြင်များ၊ ဦးပေါ်ဦး လျှောက်ထုံး၊ အယူတော်မင်္ဂလာ လျှောက်ထုံးစသော စာအုပ်များသည် လည်း ဝတ္ထု တိုများဟု ဆိုခဲ့ပါသည်။ ယင်းစာအုပ်တို့တွင် သိဖွယ်၊ မှတ် ဖွယ်၊ ဖတ်ချင်စဖွယ် ဝတ္ထုတိုပုံစံ အကြောင်းရပ်များ ပါရှိ၍ အကြိမ် ပေါင်းများစွာ ရိုက်နှိပ်ရသော ယနေ့ ၂၁ ရာစုတိုင် တွင်ကျယ်စွာဖတ် မှတ်နေဆဲစာအုပ်များ ဖြစ်ကြပါ သည်။

“ခေတ်ပေါ် မြန်မာဝတ္ထု တို ဆိုသည်မှာ ဘာသာရေးကျမ်းဂန် အစဉ်အလာ၊ အတွေးအခေါ်များမှ ခွဲထုတ်၍ လူ့အဖွဲ့၊ လောကအဖွဲ့ ဘက်သို့ ရောက်လာသော အတွေး အခေါ်များ၊ တိုင်းခြားစာပေမှ နည်း ယူဆက်နွှယ်လာသော လူ့လောက အဖွဲ့စာများဟု ငွေဥဒေါင်းက ဆိုခဲ့ ပါသည်။ ယနေ့ခေတ် မဂ္ဂဇင်းမီဒီ ယာများတွင် အသားကျနေသော ဝတ္ထုတိုပုံစံဖြစ်သည်။

၁၉ဝ၅ ခုနှစ်တွင် ထုတ်ဝေ သော ‘မဂ္ဂဇင်းအစ မြန်မာမဂ္ဂဇိန်’ဟု ဆိုသော်လည်း ထိုမဂ္ဂဇင်းတွင် ဝတ္ထု တို မတွေ့ရှိဟု ဆုံးဖြတ်ကြ၏။ အခန်းဆက်ဝတ္ထု (ခင်သီ)အမည်ဖြင့် သာ တွေ့ခဲ့ရပါသည်။

မြန်မာစာပေလောက သုတေသ နသမားအများစုက ၁၉၁၇ ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော သူရိယ မဂ္ဂဇင်းပါ ‘မောင်သိန်းတင်၊ မသိန်း ရှင်’ ဝတ္ထု ထက်စောသော ဝတ္ထု တိုကို မတွေ့ဟု ဆိုပါသည်။ သို့သော် ဝတ္ထု တိုသည် ဖြစ်ရပ်တစ်ခု၊ အရေး ကိစ္စတစ်ခု၊ အချိန်ကာလ အခိုက် အတန့်အတွင်း ဖြစ်ပျက်သော အကြောင်းအရာကိုဖော်ပြရမည် ဆိုသော အယူနှင့် မကိုက်ညီခဲ့ပါ။ အတတ်ပညာပိုင်းအရ စာဖတ်သူ အား မချင့်မရဲ ဖြစ်စေသော ဆွဲ ဆောင်မှုအမြင်ဖြင့် မြန်မာမှ ပထမ ဆုံး(ခေတ်သစ်) ဝတ္ထုတိုအဖြစ် လက်ခံခဲ့ကြ၏။ ရွှေဥဒေါင်း လက် ရာဟုဆို၏။ အနောက်တိုင်း မဂ္ဂဇင်း ကဲ့သို့၊ တစ်ထိုင်တည်း အပြီးဖတ်၊ ဝတ္ထု တိုနှစ်ပုဒ် ထည့်မည်စီစဉ်ပြီး တစ်ပုဒ်ကို ပြင်ပမှ ဖိတ်ခေါ်ခဲ့ပါ သည်။

အယ်ဒီတာဆရာကြီး ရွှေဥဒေါင်း ရေးသားသော ဝတ္ထု တိုကို နောက်တစ် လ၊ သူရိယတွင် ‘ကြိုးကြာ ကန်ရွာ လူသတ်မှု၌ မောင်စံရှား စုံထောက် ပုံ’ဖြစ်၏။ ပြင်ပမှမလာ၍ အယ်ဒီတာ က ကလောင်ကိုယ်ပျောက်ဖြင့် ရေး ထည့်ခဲ့သည်။ ဤဝတ္ထုသည် အမှီးဖြစ် သော်လည်း ဝတ္ထုအတတ်ပညာဖြင့် မြန်မာမှုဆန်အောင် ပြုလုပ်ထား ပါသည်။

‘သူရိယမဂ္ဂဇင်း၌ လစဉ်ဖော် ပြရန် ဝတ္ထု အလိုရှိကြောင်း၊ ဖူးစကက် စက္ကူ ၁၆မျက်နှာရှိပြီး ဆက်ရန်ရှိ သေးသည့် ဝတ္ထု မျိုး မဟုတ်စေရ’ ဟု ‘ဝတ္ထုတို’ ဝေါဟာရအသုံးမပြုကြ သေးပါ။

သူရိယက ဝတ္ထု ရေးသူများကို ဆုပေးမည်ဟု ကြော်ငြာလိုက်သော အခါ သူရိယ၊ ၁၉၁၇၊ အမှတ် -၂မှ စ၍ ဝတÄုတိုဆရာအဖြစ် ထင်ရှား လာမည့် ကလောင်စောစီးစွာ ပေါ် ပေါက်လာခဲ့ပါသည်။ သူရိယသည် ဝတ္ထု တိုပြိုင်ပွဲကြော်ငြာ တောင်းခံ ခဲ့သည်။ မေလထုတ်တွင် ‘ချင်း ဗိုလ်မောင်တက်တူ’ဆုရ ဖော်ပြ၏။ ရေးသူအမည်မပါပါ။ ရှိတ်စပီးယား၏ အော် သယ်လို ပုံဝတ္ထုကို မှီငြမ်းပြု ထားသည်ဟု ဆိုပါသည်။

ပြည်မောင်တင် ခေါ် ဆရာ ဒဂုန်ရွှေမျှားဖြစ်ပါသည်။ ဝတ္ထု ရေး သူများကို ဆုပေးမည် ကြော်ငြာခြင်း မှာ ဝတ္ထုကိုမည်သူမဆို ရေးနိုင် သည်ကို သိရှိလာကြစေလိုသော ကြောင့် ဖြစ်ပါသည်။ လူတိုင်းရေး ခွင့်ရှိကြောင်း ပေါ်လွင်သွားခဲ့သည်။ ထိုစဉ်ဝတ္ထု ဆရာဟူသော အသိသည် ထိုခေတ်ကလောင်လောက၌ ထည်ဝါ သောအနေအထား မရှိသေးပါ။ ပေါ့ တန်၍ ဘုရားမကြိုက်သော ဒုစရိုက် ဆန်စွာ ချစ်ကြိုက်အကြောင်းသာ ရေးကြသူဟု ကလောင်လောကတွင် အထင် ရောက်ခဲ့ကြသေးသည်။

သူရိယက ဝတ္ထု ရေးသားမှုကို အဆင့်တက်ပေးခဲ့ပြန်သည်။ ယောက်ျားစာရေးသူများသာမဟုတ် အမျိုးသမီးစာရေးဆရာများလည်း ရေးသားနိုင်ကြောင်း ဖော်ထုတ်ပေးခဲ့ သည်။ ‘ဗမာမ’ဟူသော ကလောင် ထွက်ပေါ်ခဲ့ပြန်သည်။

သူရိယမှ ရွှေဥဒေါင်း၏ ပထမ ဆုံးသော စုံထောက်ဝတ္ထုတိုအ ကြောင်း၊ အခြားမဂ္ဂဇင်းများကလည်း စုံထောင်မောင်စံရှားဝတ္ထုမူရင်း၊ အာသာကိုနင်ဒွိုင်း၏ ဝတ္ထု များကို တိုက်ရိုက်ဘာသာ ပြန်ထည့်သွင်းကြ ၏။ သို့သော် အခန်းဆက်များ ဖြစ် နေ၍ ကြာရှည်မခံခဲ့ပါ။ ဤသို့နှင့် စုံထောက်ဝတ္ထု များသည် မြန်မာ့ ခေတ်ဦးဝတ္ထုတိုလောကကို ဦးဆောင် နိုင်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ရွှေဥ ဒေါင်းဦးစီးထုတ်ဝေသော

‘မြန်မာ့ဗျူ ဟာဂျာနယ်’တွင် ဝတ္ထုတို မတွေ့ရပါ။ ၁၉၂ဝ ခုနှစ်၊ စက်တင်ဘာလတွင် ဒဂုန်မဂ္ဂဇင်း ထွက်ခဲ့သည်။ ဇေယျ၊ မောင်သစ္စာ၊ ငွေလရောင်၊ ပီမိုးနင်း စသော စာရေးသူများ ဝတ္ထုတိုမိုး ရွာဖြိုးခဲ့ပါသည်။ ဒဂုန်မဂ္ဂဇင်း ၁ တွင် ‘ရသေ့ကြီး သို့မဟုတ် ခေတ္တရာ ဂျာနယ်ထုတ်မည်ဟု ကြော်ငြာပါ။ ကာလကြိုက် ဝတ္ထု အတိုအကောက် များ ‘ ထည့်သွင်းမည်ဟု ပါရှိခဲ့၏။ အဦးဆုံးသော ဝတ္ထု တို၏အစဦး အသုံးအနှုန်းဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းသည် မြန်မာဝတ္ထု တိုခေတ်ကို ထင်ရှားစွာ ပြောင်းလဲ စေခဲ့သည်။ အရေးအသား၊ အပြင် အဆင်၊ ကလောင်အမည် ဆန်း သစ်စေခဲ့သည်ဟု ဝတ္ထုတို သမိုင်းက ဆိုခဲ့၏။

လူတို့ပင်ကိုစရိုက်အရ ဝတ္ထု ဖတ်၊ နားထောင်လိုကြသည်။ ထိုစဉ် က မြန်မာတို့သည် စာပေကျယ်ပြန့် မှု အားနည်းခဲ့သေး၏။ ဘာသာရေး နှင့် သမိုင်းပုံပြင်များမှလွဲ၍ မခံစား ကြသေးဟု ဆိုနိုင်သည်။ ဘာသာ ရေးစာပေ ငါးရာငါးဆယ် ဇာတ်များ သည် မြန်မာတို့ကို ဝတ္ထုဖတ်စေလိုမှု စရိုက်နှိုးဆွပေးခဲ့ပါသည်။ ၁၉ ရာစု ပုံနှိပ်ခေတ်ဦး၌ ပြဇာတ်များ ထွန်း ကားခဲ့သည်။ သူရိယမဂ္ဂဇင်းမှ အစပြု ခဲ့သော ဝတ္ထု များကြောင့် ပြဇာတ် ကဏ္ဍ မှေးမှိန်သွားခဲ့သည်။

၁၉၂ဝပြည့်၊ စက်တင်ဘာလ၊ ဒဂုန်မဂ္ဂဇင်းခေတ်မှစ၍ ဝတ္ထုတို ခေတ်ကို အားပေးထောက်ခံသော စာစောင်များစွာ ထွက်ခဲ့သည်။ မန္တလေး ဒဂုန်ခင်ခင်လေးကြီးတို့၏ ကြည်တော်ဆက်၊ ရွှေလိပ်ပြာ၊ အောင် တော်မူ၊ ပြည်မြို့မှ ဒဂုန်ရွှေမျှား၏ ကြည်တော်မူနှင့် ရန်ကုန်အင်းစိန်မှ ဝတ္ထု စာစောင်များ ဖြစ်သည်။

ထူးခြားချက်မှာ တစ်မတ်တန် ဝတ္ထုတိုခေတ်ကို မန္တလေးမှ ဦး ဆောင်ခဲ့သည်။ မန္တလေးမှ ရွှေလိပ် ပြာ ဝတ္ထု မဂ္ဂဇင်းလေးများ၊ ပန်းချီ ကျော်ဦးစောမောင်၊ ဦးချစ်မြ၊ ပန်းချီ လက်ရာများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆွဲဆောင်အားကောင်းမွန်လှသည်။

ပြည်ညွှန့်မှ ထုတ်သော ‘မြမျိုး လွင်’ ၏ လေးပဲတန်ဝတ္ထု များ ခေတ်ထိ မန္တလေးမှ ဦးဆောင်ခဲ့သည်။ ‘ရွှေဗျိုင်းဖြူ’ ဦးဆောင်သော ဝတ္ထု၊ မဂ္ဂဇင်း၊ ပန်းချီဦးဘလုံ ထုတ်ဝေသော ပန်းချီဝတ္ထု၊ မဂ္ဂဇင်းများ အပြိုင်အ ဆိုင် ထွက်ခဲ့ပါသည်။ ၁၉၂၇ခုနှစ် တွင် ကဝိမျက်မှန်မဂ္ဂဇင်းသည် ဝတ္ထု တိုဦးစားပေး၏။ လေးပဲတန်ဝတ္ထု တို များမှာ မြန်မာအဆွေ(ဒဂုန်)တိုက် နှင့် ပီမိုးနင်း၏ ‘စရကကုမ္ပဏီတို့က ထုတ်ဝေကြသည်။ ရွှေဥဒေါင်း၊ မောင်သစ္စာ၊ ရွှေလရောင်၊ ဇေယျ၊ ဒဂုန်ရွှေမျှား၊ ပီမိုးနင်း၊ ဒဂုန်ခင်ခင် လေး၊ မင်းလက်ျာ စသည်တို့ ထင်ရှား ခဲ့သည်။

မြန်မာ့ဝတ္ထု တိုခေတ်ဦးကာလ ၌ ဆရာကြီးပီမိုးနင်းသည် ထူးခြား သော အတွေးအခေါ်၊ အရေးအ သားရှိသူဟု ဆိုကြပါသည်။ ရွှေဥ ဒေါင်းလက်ရာများမှာ လျှို့ဝှက် သည်းဖိုစွန့်စားမှု ရသပေးသည်။ ဆရာဇေယျ၏ အရေးသား ပြေပြစ် ချောမွေ့ပုံက တစ်မျိုးဖြစ်ရာ ပီမိုးနှင်း ကဲ့သို့ ဖျတ်ဖျတ်လတ်လတ်ဝါကျ လည်း မဟုတ်ပါ။ ရွှေဥဒေါင်းကဲ့သို့ ခန့်ထည်သော ဝါကျလည်း မဟုတ်။ အရောင်နုနုကလေးများ စပ်ထား သော ပန်းချီကားကဲ့သို့တည်း။ ဒဂုန် ခင်ခင်လေးသည်လည်း အရေးအ သား၊ အတွေးအခေါ် ထူးခြားသည်ဟု ဆို၏။

၁၉၂၇ခုနှစ်၊ ဇန်နဝါရီရလ ထုတ် ဗြိတိသျှဘားမားမဂ္ဂဇင်း၌ ‘မြမျိုးလွင်၊ ဇေယျ၊ ပီမိုးနင်း’ တို့ လက်ရာ ဝတ္ထု သုံးပုဒ်တွေ့ရသည်။ မြမျိုးလွင်သည် ခေတ်သစ်ဝတ္ထုတို အဖွဲ့ပုံစံဖြစ်သည်။ ဇေယျသည် ခေတ်သစ်ဝတ္ထုတို အတတ်ပညာ သဘောပါသည်ဟု ဆို၏။ ပီမိုးနင်း ကို ခေတ်သစ်ဝတ္ထု တို အတတ်ပညာ ကို အသုံးပြု၍ အရေးဆုံးဟု ဆရာ မင်းကျော်က ဆိုခဲ့၏။

၁၉၃ဝပြည့် ပတ်ဝန်းကျင်၌ ‘ဂန္တလောကမဂ္ဂဇင်း’ထွက်လာသည်။ ထူးခြားသော စာအမြုတေရှိခဲ့၏။ နောင်တစ်ခေတ်အတွက် စာပေ ခေါင်းဆောင်များ၊ တက္ကသိုလ်ပရိ ဝုဏ်မှ ဆရာများကို မွေးထုတ်ပေးခဲ့ ၏။ ထုတ်ဝေစဉ်က စာစောင်၊ လစဉ် ၆ဝဝ ပင်မကုန်ဟုဆို၏။ ဂန္တလော ကမှ ဝတ္ထုလက်ရာများကို ‘ခေတ် စမ်းပုံပြင်’ဟု စုစည်းထုတ်ဝေသော အခါ မြန်မာ့ဝတ္ထု လောက၏ အတွေး အခေါ်ပိုင်း ကြွ တက်လာသည်။

ယနေ့ခေတ်စမ်း ဆရာများဆိုလျှင် လူတိုင်း သိနေကြပါသည်။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ မောင်တင်၊ ကုသ၊ ဒဂုန်တာရာ၊ သိန်းဖေ၊ မန်းတင်၊ မောင်တက်တိုးတို့ ဖြစ်ကြသည်။

ဂန္တလောကမှ ဝတ္ထုတိုများသည် ခေတ်သစ် စံမီဝတ္ထု တိုများဖြစ်ကြ၏။ သိန်းဖေမြင့်ဟု ထင်ရှားသည့် ‘သိန်းနေနွယ်’၏ ဝတ္ထုများလည်း ပါဝင်သည်။ ဦးဖိုးကျားလည်း ထိုခေတ်ဝတ္ထုတို ဆရာစာရင်းတွင် ထည့်သွင်းသင့်ကြောင်း ဆရာမင်းကျော်က ဆိုပါသည်။ ၁၉၁၇ ခုနှစ်မှ ၁၉၄ဝခုနှစ်ထိ အတတ်ပညာပိုင်းတွင် မြန်မာ ဝတ္ထုတိုများ ကျေနပ်ဖွယ် တိုးတက်လာခဲ့ပါသည်။

၁၉၃ဝပြည့်နှစ်သည် စီးပွားရေး ကပ်ဆိုက် သည်ဟု ဆိုကြ၏။ ဥာဏ၊ သင်္ခါ၊ ရွှေလင်းယုန်တို့၏ လေးပဲ၊ ခြောက်ပဲတန်အထွက် နှေးကွေးသွားသည်။ ထိုစဉ် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထု တိုများကို ‘တိုးတက်ရေးမဂ္ဂဇင်း’တွင် ရေးခဲ့ရာ ကျောင်းသုံး ပြဋ္ဌာန်းခံရသည်။ ရွှင်ပျော်ပျော် စာအုပ်တိုက်မှ နှစ်ပဲတန်ဝတ္ထု တိုခေတ် စလာကြပြန်သည်။ တက်ထွန်း၊ သုခ၊ ကဝိမောင်၊ အောင်ကျော်တို့ ပေါ်ထွက်ခဲ့၏။ ၁၉၃ဝ ပြည့်နှစ် ကျော်၌ မဟာဆွေ၊ ဇဝန၊ ရန်အောင်၊ မင်းဆွေ၊ မေမြို့မောင်၊ ရဲထွဋ်စသော ကလောင်ချွန်များစွာ ထွက်ခဲ့သည်။

(၃)
ကမ္ဘာ့စာပေသမိုင်း၌ ပုံပြင်မဟုတ်သည့် ခေတ်သစ်ဝတ္ထုတိုသည် ၂ဝရာစု၏ သားငယ် ဖြစ်သည်။ ၁၉ ရာစုကုန်ခါနီးထိ သမိုင်းအတိအကျ မရှိခဲ့ပါ။ ခေတ်သစ်ဝတ္ထု တိုကို အမေရိကန်စာရေး ဆရာ အက်ဂါအယ်လင်ပိုး (Poe, Edgar Alငan (1809- 49))က စတင်ခဲ့သည်ဟု ဆို၏။ ၁၈၃၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင်(Philadelphia Courier) ၌ ဖော်ပြခံရသော ဝတ္ထု တို့ကို သတ်မှတ် ထားကြ၏။ မြန်မာဝတ္ထုတို နှစ်တစ် ရာပြည့်နှစ်တွင် ကမ္ဘာဝတ္ထုတိုမှာ ၁၈၅ နှစ်ဟု ပြောရပါမည်။

အက်ဂါအယ်လင်ပိုးက ‘ဝတ္ထု တိုဟူသည်မှာ အာရုံကျက်စားမှု တစ်ခုတည်း ထီးထီးသာရှိရမည်။ တစ်လိုင်းတည်းဖတ်နိုင်အောင်တိုရမည်’ ဟု ဆိုခဲ့ပါ သည်။ ပါမောက္ခ ဦးမျိုးမင်းက ယင်းဖွင့် ဆိုချက်ကို ယခုတိုင် ဝတ္ထုတိုဆရာများသည် ဤအတိုင်း လိုက်နာရပေမည်။ ဝတ္ထု တိုတို့တွင် ဇာတ်ဆောင် တစ်ဦးတည်းကိုသာ အာရုံစိုက်ရမည် သို့မဟုတ် အဖြစ်အပျက်တစ်ခုတည်းကိုသာ ပေါ်လွင်ထင်ရှား စွာ အဓိကထားရမည်။ စိတ်လှုပ် ရှားမှု၊ ခံစားမှုကို သာ အာရုံကျက်စားရမည်။ ယင်းအင်္ဂါရပ်ရှိပါမှ ဝတ္ထု တိုကို စာပေအနေဖြင့် လက်ခံနိုင်ပေမည် ဟု’ဆိုပါသည်။

ပညာရှင်များက ဝတ္ထု တိုတွင် ဇာတ်လမ်းသည် အရေးမကြီးလှ။ လူ့ သဘာဝစရိုက်အဖို့သည်သာ အရေး ကြီးဆုံးဖြစ်သည်ဟု ဆိုကြပါသည်။ ဝတ္ထုတို အင်္ဂါရပ်များမှာ (၁) ဝတ္ထုတို ဟူသည် မရှည်ရပါ။ (၂) ဒုတိယအင်္ဂါရပ်သည် စိတ်ကူးဥာဏ်ဖြင့် ဖန်တီး ဇာတ်လမ်းဆင်နိုင်ရမည်။ (၃) ဇာတ် လမ်း ၏ နောက်ခံဖြစ်သော ကာလဒေသပတ်ဝန်းကျင်၊ (၄) လူ့သဘာဝ (စရိုက်)အဖွဲ့၊ (၅) ဘဝပြဿနာနှင့် စာရေးသူ၏ အယူအဆအဖွဲ့အနွဲ့များဟု ပညာရှင် များက သတ်မှတ်ကြသည်။

အထက်ပါ စာစုသည် စာရေးသူ စုဆောင်း ထားသမျှ၊ မြန်မာ့ဝတ္ထုတို သမိုင်းခေတ်ဦးကာလ (၁၉၁၇- ၁၉၃၇)ခုနှစ်အတွင်း မှတ်စုဖြစ်ပါသည်။ ၂ဝ၁၇ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ဝတ္ထု တိုရာပြည့်နှစ် (၁၉၁၇-၂ဝ၁၇)ခုနှစ်ကို ကြိုဆို၍ ရေးသားလိုက်ပါသတည်း။

စာဘဏ္ဍာမြဝင်း(ပခုက္ကူ)
ဖတ်ညွှန်း
၁။ ဝတ္ထု တိုစာတန်းများ (စာပေဗိမာန်)
၂။ စာဘဏ္ဍာမှတ်စုများ

 


LEAVE A REPLY

Please enter your comment!
Please enter your name here