mds မှမြန်မာနိုင်ငံတွင် ဒုတိယမြောက် ဆိုင်သစ်ဖွင့်လှစ်

0
181

MDS-1-(1)

Singapore မှ အမျိုးသမီးဝတ် ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ mds ရဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် ဆိုင်ခွဲသစ်ကို  Junction City မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ တယ်။ mds ကို ဝယ်ယူအားပေးတဲ့ ပရိသတ်များအတွက်လည်း ဆိုင်ဖွင့် ပွဲ ၂ ရက်အတွင်းမှာ ပထမဆုံး လာရောက်ဝယ်ယူသူ အယောက် ၅ဝ ကိုတစ်ထည်ဝယ်လျှင် ကျပ်လေး သောင်းတန် အင်္ကျီတစ်ထည် (သို့မဟုတ်) mds အမှတ် တံဆိပ် Leather  အိတ်တစ်လုံးစီ မေတ္တာလက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် mds တော်ဝင်စင် တာနဲ့ mds Junction City နှစ်ဆိုင် လုံးမှာလည်း အထူး Promotion အစီအစဉ်များနဲ့ ရောင်းချခဲ့ပါတယ်။

mds အမှတ်တံဆိပ်ကတော့  နိုင်ငံက အမျိုးသမီးဝတ် Fashion Barnd  တွေအကြားမှာ အထူး ရေပန်းစားတဲ့ Brand တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၇ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၅ ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂ဝ၁၆ ခုနှစ်က စတင်ပြီးတင်သွင်းဖြန့်ချိ ရောင်းချလျက် ရှိပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here