မြန်မာနိုင်ငံ သဘင်ပညာ ရှင်များ အစည်းအရုံး (ဗဟို)၏ ဂုဏ်ထူးဆောင် နာယကကြီးများ တိုးမြှင့် ဖွဲ့စည်း

0
157

ppp

မြန်မာနိုင်ငံသဘင်ပညာရှင် များ အစည်းအရုံး(ဗဟို)၏ သဘင်ထုတိုး တက်ရေး လုပ်ငန်းစဉ်များအတွက် လည်းကောင်း၊ မြန်မာ့သဘင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြှင့်တင် ရေးစီမံချက်များအတွက်လည်း ကောင်း၊ နာယကဂုဏ်(၆)ပါး နှင့်ပြည့်စုံသော ၊သမာသမတ်ရှိသော ပညာရှင်ကြီးများ၏ သြဝါဒနှင့် စောင့်ရှောက်မှုကို ဦးထိပ်ထား ခံယူ လိုပါ၍ စည်သူဦးရွှေနန်းတင် (မင်း သားကြီး)၊ စည်သူဦးစိန်ဘမော် (ဆိုင်း ဆရာကြီး)၊ ဒေါက်တာဦးရဲဒွေး (ရုပ် သေးပညာရှင်)ဦးအောင်တင်ဝင်း (ဇာတ်ပညာရှင်)၊ ဦးစိန်စတင်း (ဆိုင်းပညာရှင်)၊ ဦးညီဝင်းစိန် (ဇာတ် မင်းသားကြီး)၊ အကယ်ဒမီစိန်မွတ္တား(ဆိုင်း ပညာရှင်)၊ရွှေမန်းဦးချမ်းသာ (ဇာတ်မင်း သားကြီး)၊ ဦးသန်းအောင် (နည်း ပြ)၊ဒေါ်ရွှေလိပ်ပြာ (မင်းသမီးကြီး)၊ စည်သူဒေါ်နွဲ့နွဲ့စန်း(မင်းသမီး ကြီး)၊ ဒေါ်မမနိုင် (ရုပ်သေးပညာ ရှင်) စသည့် သဘင့်ဖခင်၊ သဘင့်မိခင်ကြီး များအား မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (ဗဟို) ၏ ဂုဏ်ထူးဆောင်နာယကအဖွဲ့ဝင်များအဖြစ် (စောင့်ရှောက် ကူညီကြပါရန် ရိုသေစွာခွင့်ပန်လျက်)တိုးမြှင့်ဖွဲ့ စည်းလိုက်ကြောင်း သိရသည်။

ထပ်မံပြီးလည်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပညာ ရှင်ကြီးများအား ခွင့်ပန်ပြီး တိုးချဲ့ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

P-038


LEAVE A REPLY

Please enter your comment!
Please enter your name here