ရဲရင့်အောင် ရဲ့ အတိတ် အကြောင်း လုံးဝ စိတ်မဝင်စားဘူး ဧငြိမ်းဖြူ

0
155

A-Nyein-Phyu-(2)၂ဝ၁၃ ခုနှစ်လောက်ကတည်း ကသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူက အခု အချိန်မှာတော့ သူတို့နှစ်ဦး ချစ်သူ တွေဖြစ်နေကြပြီး ချစ်သူသက်တမ်း ကတော့ ၆လကျော် ၇လ ဝန်းကျင်ရှိ နေပြီလို့ ဧငြိမ်းဖြူက ဖွင့်ဟလာပါ တယ်။ သူ့ရဲ့အရင်က အတိတ်တွေကို လုံးဝ စိတ်မဝင်စားဘဲ သူ့ကိုလက် ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံဖြစ်ခဲ့ကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ညီမတို့ချစ်သူ သက်တမ်းက ၆လကျော် ၇လရှိနေပါပြီ။ ညီမနဲ့ သူနဲ့က ၂ဝ၁၃ ခုနှစ်လောက် ကတည်းက ရင်းနှီးလာတာပါ၊ ညီမတို့က သူငယ်ချင်းတွေလို အရင်ခင်ခဲ့ ကြတာဆိုတော့ သူဘယ်လိုမျိုး ဖြစ်ချင်လဲ ဘယ်လိုမျိုးဖြစ်ခဲ့လဲ ဆိုတာ ညီမကအသိဆုံးပါ၊ ဒီလိုအခြေ အနေတွေ ကို ညီမ လက်ခံနိုင်မလား ဆိုတာ ညီမသေချာ စဉ်းစားတယ်။ လူဆို တာကတော့ အတိတ်ဆိုး တစ်ခုခုတော့ ရှိခဲ့မှာပဲလေ။ ညီမက သူ့ရဲ့ အရင်က အတိတ် တွေကို လုံးဝ စိတ်မဝင်စားဘူး။ ညီမကတော့ သူ့ကိုကိုယ် လက်ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံ လိုက်တယ်၊ အခုမှ တရားဝင်တွဲဖြစ်တယ် ဆိုတာက သူလည်း အရှေ့မှာ အကြောင်းအရာလေးတွေ နည်း နည်း ရှိခဲ့တယ်။ ညီမလည်း ညီမမိဘရဲ့ အုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့အတွက် ညီမစိတ်ဆန္ဒ တစ်ခု တည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ ညီမ တို့က facebook မှာ မတင်တာပဲရှိတယ်။ အပြင်သွား ရင်လည်း ညီမတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ပဲသွားတာ။ အပြင်မှာ ညီမတို့ကို တွေ့တဲ့ သူတွေ အကုန်လုံး သိပါတယ်၊ ဟိုတစ်ခေါက်က သူငယ်ချင်းလို့ ပြောခဲ့တာ ကလည်း တကယ် သူငယ်ချင်းပဲ ရှိပါသေးလို့ပါ၊ ထွေထွေ ထူးထူး ဖုံးကွယ်ထားတာ မရှိပါဘူး”လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အပြည့် ယူထားပြီး တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက်က ဝင်မစွက်ဖက်ကြောင်း ဆိုလာတဲ့ ဧငြိမ်းဖြူက သူ့ထက်ချစ်သူ ဖြစ်သူ ရဲရင့်အောင်က သဝန်ပိုတိုတတ်ကြောင်း ဖွင့်ဟလာပါတယ်။

“ညီမကသူ့ရဲ့အနုပညာ အလုပ်တွေကို ဝင်မစွက်ဖက်ဘူး။ သူလည်း ညီမ အနုပညာ အလုပ်တွေနဲ့ ပတ်သက်ပြီး ဘာမှဝင်မစွက် ဖက်ဘူး။ ဒါကိုညီမတို့ နားလည်မှု ယူထားတယ်၊ သူ့ fan တွေနဲ့ဘယ်လိုပဲဓာတ်ပုံ ရိုက်ရိုက် ညီမ မခံစားရဘူး။ သူ့အလုပ်နဲ့ ပတ်သက်ပြီး ညီမနားလည်မှု ပေးထားတယ်။ ညီမတို့ နှစ်ယောက်ရန်ဖြစ်ရင်လည်း ၂၄ နာရီ မပြည့်ဘူး၊ ပြန်ခေါ်ကြတယ်။ တစ်ရက် ကျော်လောက်ကို စကားမပြောဘဲ အခု ချိန်ထိ မနေဖူးဘူး။ ရန်ဖြစ်လည်း ခဏပဲ။ သူမကြိုက်တာ၊ ကိုယ် မကြိုက် တာတွေကို တစ်ယောက်နဲ့ တစ် ယောက် ညှိယူရတယ်။ သူကညီမ ထက်စာရင် ညီမကို အရမ်း သဝန်တို တယ်။ ညီမလည်းသူ့ကို သဝန်တို ပါတယ်။ ဒါပေမဲ့ ညီမထက် သူက အများကြီး သဝန်ပိုတိုပါတယ်” လို့ ပြောပါတယ်၊

လတ်တလောမှာ ဧငြိမ်းဖြူ က မိခင်ဖြစ်သူ ထုတ်လုပ်ရေး ဖြစ်တဲ့ Laurel Art ထုတ်လုပ် ရေးက ရိုက်ကူးတဲ့ “မိရိုးဖလာ” ရုပ်ရှင်ဇာတ် ကားကြီးကို ရန်အောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ မေသန်းနု တို့နဲ့အတူ ခေါင်းဆောင် မင်းသမီးနေရာက နေ ပါဝင်သရုပ်ဆောင် ထားကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးက တောင်ပြုန်းကို အခြေခံပြီး ရိုက်ကူး ထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ကို ဧငြိမ်းဖြူ က…

“ညီမကာရိုက်တာက ညီမက အင်္ဂလန်ကနေ စာတမ်းပြုစုဖို့ အတွက် မြန်မာနိုင်ငံကို ပြန်လာတယ်။ တောင်ပြုန်းရိုးရာကို အခြေခံပြီး ရိုက် ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ညီမ အတွက်က ဒီဇာတ်ကားကဒုတိယ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ညီမက ကက်ဆက်တို ဇာတ်လမ်းတွေ ရိုက် ခဲ့တာ များတော့ ရိုက်ကွင်းမှာ ခက်ခက်ခဲခဲတော့ မရှိပါဘူး။ အဓိကက တော့ ဝါရင့် သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင် ရတဲ့အခါမှာ ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ ပိုပြီးကြိုးစားရတယ်”လို့ ပြောပါတယ်။

တွယ်တာ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here