အဓိဋ္ဌာန်ဝင်ခဲ့တာ ၁ဝ နှစ်ကျော်ကြာပြီ ဖြစ်တဲ့ စမိုင်း

0
138

ss

နေ့စဉ်တိုင်းမှာ ဘာသာရေးနဲ့ ပတ်သက် လို့ အမြဲမပြတ်လုပ် ဆောင် လေ့ရှိပြီး မေတ္တသုတ်နဲ့ ပဋ္ဌာန်းရွတ်လေ့ရှိသူက သရုပ်ဆောင် စမိုင်းပဲ ဖြစ်ပါ တယ်။ စမိုင်းကသူနေ့တိုင်းလုပ် ဖြစ်တဲ့ ဘာသာရေး အကြောင်း တွေကို အခုလိုပြောပြခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်း
ဘုရားဆွမ်းကပ်ဖြစ် တယ်

အစ်မက အပတ်တိုင်း ကြာသ ပတေးနေ့ဆိုရင် ဆွမ်းချိုင့်အတွက် လုပ်ဖြစ်တယ်၊ ကြာသပတေးနေ့က အစ်ကို့မွေးနေ့ဆိုတော့ ဆွမ်းချိုင့် အတွက် စီစဉ်ပေးဖြစ်တယ်။ အမှန် အတိုင်းပြောရရင် မနက်ဆို ဘုရား မှာ ဆွမ်းကပ်ဖြစ်တယ်။ မေတ္တသုတ်နဲ့ ပဋ္ဌာန်းက အမြဲတမ်း ရွတ်တယ်၊ ၇ ရက်သားသမီးကို အမြဲတမ်း မေတ္တာပို့ဖြစ်တယ်။

၂ဝ၁၃ ခုနှစ်ကစပြီး ကိုးနဝင်း
အဓိ ဋ္ဌာန်ဝင်ခဲ့တယ်

ငယ်ငယ်တုန်းကတော့ မိရိုးဖ လာမို့လို့ ကိုးကွယ်ခဲ့ရတာ။ အခုဆို လို့ရှိရင် ကိုယ့်ဘဝကိုယ် ရပ်တည် လာတယ်။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ် ဖြစ်တယ်။ ကိုယ့်စီးပွားနဲ့ကိုယ် ဖြစ် လာတဲ့အချိန်မှာ ဘုရား၊ တရားက အဓိက အရေးပါလာတာကို တွေ့ရ တယ်။ အစ်မတို့ အရမ်းသိသာတယ်။ ဘုရားတရား မလုပ်မိတဲ့အချိန်ဆို အလုပ်ကအစ အရမ်း နှောင့်နှေးလာ တယ်။ အလုပ်ထဲမှာ ဘာမဟုတ် တာကအစ လွဲနေတာ တွေ့ရတယ်။ အရမ်းသိရတယ်။ ဘုရားတရားကို အမြဲတမ်း မပြတ် အောင် လုပ်လာ တယ်။ အထူးသဖြင့် အဓိဠာန်ကို များများဝင်ဖြစ်တယ်။ အဓိဠာန် တစ်ခုရှိရင် အမြဲတမ်း ဘုရားကို မပြတ်မမေ့ဘူး။ အစ်မဆို ကိုးနဝင်း အဓိဋ္ဌာန်ဝင်တာ ၂ဝဝ၃ ခုနှစ်ကစပြီး အဓိဠာန်ဝင်တာ အခုချိန်ထိ အဓိ ဋ္ဌာန် မပြတ်သေးဘူး။ ဆက်တိုက်ကို ဝင်နေတယ်။ အဓိကကတော့ ဘုရား တရားလုပ်တယ်ဆိုတာ ကိုယ် ယုံကြည်ရာပဲပေါ့။

smile1
အလှူလုပ်ခြင်း၏ အကျိုးကျေးဇူး
အလှူကတော့ ကြီးကြီးသေး သေး တစ်လတစ်ခါတော့ အမြဲတမ်း လုပ်ဖြစ်တယ်။ အဓိကကတော့ အ လှူအတန်း လုပ်တယ်ဆိုတာက ၇ ရက်သားသမီးကို စတုဒိသာ ကျွေး တာ အမြဲတမ်းလုပ်ဖြစ်တယ်။ နောက်တစ်ခု အစ်မအခံယူထားတာ က ‘မလှူလို့မရှိ၊ မရှိလို့မလှူ’ ဆိုတဲ့ စကားကို အစ်မလက်မခံဘူး။ ရှိရှိ မရှိရှိ စိတ်ကအဓိကပဲ။ သဒ္ဓါသ လောက်ကလေးကိုလှူရတယ်။ အစ်မ ကလေးတွေကိုလည်း သူတို့ရဲ့ ပစ္စည်း လေးတွေကအစ ပြန်ပြီးလှူ တတ် အောင် သင်ပေးထားတယ်။

လူငယ်တွေကို ဘုရားတရားလုပ်စေ ချင်

အဓိကကတော့ လူငယ်တွေကို ပြောချင်တာက ဘုရားတရားကို လုပ်စေချင်ပါတယ်။ ချမ်းသာမှ ဆင်း ရဲမှ မဟုတ်ဘူး။ကိုယ့်စိတ်ညစ်မှပျော်မှ မဟုတ် ဘူး။ ဘုရားတရားလုပ်ရင် ကံတရား က ကောင်းလာမယ်၊ ကံဆိုတာက ပြုပြင်လို့ရတယ်။ အရင်ဘဝက မကောင်းခဲ့ရင်တောင် ဘုရားတရား လုပ်ထားခဲ့ရင် ဒီဘဝမှာကံက ကိုယ့် အပေါ်မှာအဆိုးကြီးမကျ ရောက်ဘူး။ ကံမကောင်းရင် ဘုရားတရားနဲ့ ပြုပြင်လို့ရတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here