သားဖြစ်သူကို ကျောင်းထိုင်ဘုန်းကြီး ဖြစ်စေချင်တဲ့ သရုပ်ဆောင် ကိုဘင်းနှင့် နှိုင်းယှဉ်မြင့်မိုရ်

0
230

mrbean

သရုပ်ဆောင် ကိုဘင်းနှင့် နှိုင်းရှင်မြင့်မိုရ် တို့ရဲ့သား မောင်သုဟန်သာဦး (ခ) သားသု၏ အမည်ပေး ကင်ပွန်းတပ်နှင့် ၃ နှစ်ပြည့် မွေးနေ့မင်္ဂလာကို သြဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီ အချိန်က စွန်းလွန်းဂူ ဝိပဿနာ ကျောင်းတိုက် သင်္ကန်းကျွန်းမြို့နယ်မှာ သံဃာအပါး ၈ဝ ကျော်ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ သားလေးမွေးနေ့ပွဲနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်မြင့်မိုရ်က…

” စနေ၊ တနင်္ဂနွေမှာ လုပ်မလို့၊ ဘုန်းကြီးကျောင်းကကျတော့ စနေ၊ တနင်္ဂနွေဆို ရင်ရက်တွေကျပ်တယ်။ ဒီနေ့က သူ့မွေးနေ့အမှန်ပါ။ အမှန်ဆို ဒီနေ့က လင်မယား နှစ်ယောက်လုံး ဇာတ်ကားရိုက်ရှိတယ်။ သားလေး ၃ လကတည်းက အလှူလုပ်ဖြစ် တယ်။ ဒီနေ့က သားရဲ့သုံးနှစ်ပြည့်မွေးနေ့ပါ။ သံဃာအပါး ၈ဝကျော်ကို ဆွမ်းကပ် လှူတယ်။ ညပိုင်းမှ အိမ်က မိသားစုနဲ့ မွေးနေ့ကိတ်ခွဲပေးမယ်” လို့ ပြောပါတယ်။
သားလေးသုဟန်သာဦးကတော့ အခုအရွယ်မှာ သီချင်းဆိုတာလည်း ဝါသနာကြီးသူတစ်ဦးဖြစ်ကြောင်းကို မိခင်ဖြစ်သူနှိုင်းရှင်မြင့်မိုရ်က သားအပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး….

” သားက သီချင်းဆိုတာ အရမ်းဝါသနာပါတယ်။ သူ့အသံလုံး ကလည်း အကြီးကြီးပဲ။ သူကြီးလာလို့ အနုပညာပိုး ပါလာတယ်ဆိုရင်တော့ ဖြစ်ဖြစ်မြောက် မြောက်ဖြစ်အောင် လုပ်ပေးမှာပါ။ အနုပညာမဟုတ်ဘဲ တခြားဝါသနာပါရင်လည်း ပံ့ပိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ သားကိုဖြစ်နိုင်ရင်တော့ ကျောင်းတိုက်ကြီးမှာ ကျောင်း ထိုင်ဘုန်းကြီးဖြစ်စေချင်တယ်။ ဒါပေမဲ့ သူကလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့် စိတ်ထဲမှာသူ့ကို ကျောင်းထိုင်ဘုန်း ကြီးဖြစ်စေချင်တယ်။ တရားဟော တာကို အောက်ကနေနားထောင်တဲ့ မယ် တော်ဖြစ်ချင်တယ်”လို့ ပြော ပါတယ်။

ဇာတ်ကားတွေ ဆက် တိုက်ရိုက်ကူးဖြစ်နေတဲ့ နှိုင်း ရှင်မြင့်မိုရ်က အခုလတ်တ လောမှာ ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးတဲ့ဗီဒီယို ဇာတ်ကား ကို ခန့်စည်သူနဲ့ အတူတွဲဖက် သရုပ်ဆောင်နေကြောင်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here