မွေးနေ့မတိုင်မီ Mini Album ထွက်ရှိမယ့် ပိုင်တံခွန်

0
144

MIN_5481

မော်ဒယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ အခု လတ်တလော သူ့ရဲ့Mini Album  ထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ် Mini Album နဲ့ ပတ်သက်ပြီး…

” ကျွန်တော်အခု Mini Album  တစ်ခုလုပ်နေပါတယ်။ ပရိသတ် ကလည်း သီချင်းဆိုစေချင်တယ်။ အားပေးတယ်ပေါ့။ မွေးနေ့ အမှတ် တရလည်း ဖြစ်အောင် လုပ်ဖြစ်တာပါ။ ကျွန်တော်ကိုယ်တိုင် လည်း အဆိုတော် မဟုတ်ဘူး။ လက်ရှိကျော်ကြားနေတဲ့ အဆိုတော် တွေ မပြောနဲ့။ ဝါသနာရှင် အဆိုရှင်တွေလောက်တောင် ဆိုလို့ မရပါဘူး။ အဲဒါကြောင့် အရမ်းစိတ်ပူပါတယ်။ ဒါပေမဲ့ ပရိသတ်ရဲ့Comment တွေ မြင်ရတဲ့အခါ ကျွန်တော်လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ အဲဒါကြောင့် လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ပရိသတ် နဲ့အတူ ပွဲလုပ်မယ်။ သီချင်းတွေကတော့ Pop ဆန်ဆန်လေးတွေပါပဲ။ ကျွန်တော်ကလည်း Music ပိုင်းကို သေသေချာချာ မသိပါဘူး။ သီချင်းကတော့ ၅ ပုဒ်ပါဝင်တယ်။ တေး စီးရီးနာမည်ကတော့ ‘ချစ်သူ’လို့ ပေးထား ပါတယ်။ တေးရေးဆရာကတော့ ကျွန်တော် သူငယ်ချင်း ရေးပေးထားတာပါ။ စက်တင် ဘာ ၁၆ ရက်နေ့မှာ ဗကိငသ အနေနဲ့ ထွက် ဖြစ်ဖို့ စီစဉ်ထားပါတယ်”လို့ပြောခဲ့ပါ တယ်။

အဆိုပါ တေးစီးရီးမှ ရောင်းရ ငွေများကို September လ ၁၇ ရက် နေ့မှာကျရောက်မယ့် သူ့ရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့မှာ ပရိသတ်နဲ့ အတူ မိဘမဲ့ကလေးတွေကို အလှူအတန်းပြု လုပ်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက် ပြီး “မွေးနေ့မတိုင်ခင် တစ်နေ့ အခွေ ရောင်းမယ်။ ပရိသတ်နဲ့အတူ ပွဲလုပ် တာပေါ့။ အခွေရောင်းလို့ ရတဲ့ငွေကို မွေးနေ့မှာ မိဘမဲ့ ကျောင်းက ကလေးတွေကို အဝတ်အစား၊ စာရေးကိရိယာနဲ့ အစာအာဟာရ ပြည့်ဝဖို့ ဆန်အိတ်တွေလည်း လှူဒါန်းသွားမှာပါ”လို့ ပြောပြ ခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here