၂ဝ၁၇ မှာ စီးရီးခွေ ထွက်ဖြစ်အောင် လုပ်ဆောင်မယ့် မေမြတ်နိုး

0
217

May-Myat-Noe

အလှမယ် တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ သရုပ် ဆောင်တစ်ဦးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်သလို သူမရဲ့တစ်ကိုယ်တော်တေးစီးရီးထွက် ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သူမရဲ့တစ်ကိုယ် တော် တေးစီးရီးနဲ့ပတ်သက်ပြီး…

“တေးစီးရီးထွက်ဖြစ်ဖို့ စီစဉ်နေပါတယ်။ သီချင်းသွင်းဖို့က သုံးပုဒ်ပဲ ကျန်တော့တယ်။ သီချင်း တွေကတော့ ညီမအသံနဲ့ လိုက်ဖက်တဲ့ Pop သီချင်း တွေပါပဲ။ တေးရေးဆရာက ဦးရွှေဂျော်ဂျော်ပါမယ်။ နောက်ပြီး အဆိုတော်တွေရေးပေးတဲ့ သီချင်း တွေပါတယ်။ Audio အနေနဲ့ဆိုရင်တော့ ဒီသုံးပုဒ်အသံသွင်းပြီးရင် ပြီးပြီပေါ့။ Audio  အရင်ထွက်ဖြစ်မလား၊ MTV  အနေနဲ့ပဲ ထွက်ဖြစ်မလားတော့ မပြောတတ်ဘူး။ MTV အနေနဲ့ ထွက်ဖြစ်မယ် ဆိုရင်တော့ နည်းနည်းလိုသေးတယ်။ Album  နာမည် ကတော့ မပေးရသေးပါဘူး။ အားလုံးကို ခြုံပြီးတော့မှ တစ်ခုရွေးပြီးပေးမယ်လို့ စဉ်းစားထားပါတယ်။ ဒီနှစ်ထဲမှာ ထွက်ဖြစ်ဖို့တော့ စဉ်းစားထားပါ တယ်”လို့ ပြောခဲ့ပါတယ်။

သရုပ်ဆောင်တစ်ဦးလည်း ဖြစ်တဲ့သူမက ဇာတ်ကားရိုက်ကူးမှု ပြုလုပ်တဲ့ အခါကိုယ်တိုင်ရိုက်ကူး ချင်ဆုံး ကာရိုက်တာပိုင်းနဲ့ပတ် သက်ပြီးတော့လည်း

“မြတ်နိုး တော်တော်များ များဇာတ်ကား ရိုက်ကူးရင် ယဉ်ကျေးတဲ့ကောင်မ လေး၊ အဲဒီလိုကာရိုက်တာလေး တွေ ဆက်တိုက်ရိုက်ကူးဖြစ် တယ်။ မြတ်နိုးရိုက်ကူးချင်တဲ့ ကာရိုက်တာက မြတ်နိုးနဲ့ နည်းနည်း ကွဲထွက်မယ့်ကာ ရိုက်တာမျိုးတွေရိုက်ကူးချင်ပါ တယ်”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here