နတ်မျက်စိ၏မှတ်စုများ -၁၆

0
223

ssssss

တစ်နေ့သောအခါ စီနီယာ နတ်မင်းကြီးတစ်ပါးက နတ်မျက်စိကို ဆင့်ခေါ်ပြီး အရေး တကြီးတာဝန် Assignment တစ် ရပ်ပေးအပ်သည်။ မပေးအပ်မီ အမှာစကား အဖြစ်ပြောသည်မှာ….

” အချင်း…ဒိဗ္ဗစက္ခု…။ သင်ဟာ ဂျိုကာလို လိုရာသုံးနိုင်တဲ့ စွယ်စုံဒေဝတာတစ်ပါး ဖြစ်ရုံမျှမက ထူးကဲ စွမ်းအင်ရှိတဲ့ စူပါနတ်လည်း ဖြစ်ပေတယ်။ သည်တော့ကာ… သင် အကျွမ်းကျင်အနှံ့စပ်ဆုံးဖြစ်တဲ့ Field ကို သွားရလိမ့်ဦးမယ်။ သင် အကျွမ်းကျင် အနှံ့စပ်ဆုံးက ရွှေမြန် မာပြည်ကြီးက ရွှေမြို့တော် ရန်ကုန် မဟုတ်ပေဘူးလားကွယ်” ဟူ၍ဖြစ် ၏။ ထိုအခါ နတ်မျက်စိက ရိုသေစွာ လက်အုပ်ချီ၍…

” မှန်လှပါ… ရန်မကုန် သေးတဲ့ ရန်ကုန်၊ ရန်အစုံစုံမအေးတဲ့ ရန်ကုန်ပါဖရား။ တချို့ကတော့ ရှာ သမျှဖွေသမျှ သုံးရတာနဲ့ မလောက် လို့ အရမ်းကုန်တဲ့ မြို့လို့ ခေါ်ကြပါ သဖျား”

“အဲသဟာက အသုံးနဲ့ အဖြုန်း ခွဲခြားနားမလည်တဲ့ အကောင်တွေ ပြောတဲ့စကားကွယ့်။ အရမ်းဖြုန်းရင် အရမ်းကုန်မှာပေါ့။ အရမ်းကုန်တော့ ပိုက်ဆံကို အရမ်းလိုအပ်လာပြန်က ရော။ အရမ်းလိုအပ်လာတော့ ကု သိုလ်မသိ အကုသိုလ်မသိနဲ့”

“ကုသိုလ်က လူရွှင်တော်ပါ ဖရား”

နတ်မျက်စိက အမှတ်တမဲ့ စ ကားဖြတ်ပြောလိုက်ရာ၊ စီနီယာ နတ်မင်းကြီး ကျွဲမြီးတိုသွားသည်။

” လူရွှင်တော်တွေ လူပြက်တွေ ပြောမနေနဲ့လကွယ်။ ငါပြောချင် တာက ငွေအရမ်းလိုလာရင် ကုသိုလ် မသိ အကုသိုလ်မသိနဲ့ ဒုစရိုက်မှု တွေကို မျက်ကန်းတစ္ဆေမကြောက်။ ဆင်ကန်းတောတိုး ကျူးလွန်မိတတ် တယ် ဆိုတာပဲ။ တစ်လောကပဲကြည့်၊ ရန်ကုန်မြို့ရဲ့ လူလတ်တန်းစား ရပ်ကွက် တစ်နေရာက အသေးစား ဘဏ်က လေး တစ်ခုဖြစ်တဲ့ Money Changer  တစ်ခုကို လူငယ်တစ် ယောက်က မနက်ခင်းကြီး ကြောင် တောင်မှာ သေနတ်ပြပြီး ဝင်လုသ တဲ့…”

“ငွေတွေ ပါသွားကရောလား”

“ဘဏ်ကလေးက လုံခြုံရေး အစီအမံကောင်းတော့ အဲသည် ဘဏ်ဓားပြ ဂျက်စီဂျိမ်းကလေး တစ်ပြားမှ ရမသွားရှာဘူး။ အဟီး သနားဖို့ ကောင်းလိုက်တာ။ ဒါပေမဲ့ ဓားပြကလေးက သေနတ်နဲ့ လက် သရမ်းသွားလို့ ဘဏ်အဆောက် အအုံမှာ အပျက်အစီးတော့ နည်း နည်းရှိခဲ့သတဲ့။ အခြေအနေမဟန် တော့ ဗမာဂျက်စီ ဂျိမ်းကလေးလည်း အသင့်စောင့်နေတဲ့ သူ့ဘော်ဒါရဲ့ မော်တော်ဆိုင်ကယ်နဲ့ တရကြမ်း ထွက်ပြေးရကရောတဲ့”

” အဲသည်မှာ… ကုန်အပြည့် နဲ့ ကွန်တိန်နာကြီးကို ဝင်အောင်းပြီး နှစ်ကောင်စလုံး လျှောသွားရော ဆိုပါတော့”

” လျှောဖို့ နေနေသာသာ… ဒီကောင်တွေ ဘယ်ပြေးလို့ ပြေးမှန်း တောင် သဲလွန်စမရဘူး။ အဲသည် တော့ ရန်ကုန်မြို့ကြီးမှာ သေနတ် ကိုင်ပြီး ဂျက်စီဂျိမ်းလုပ် နေတာ ကိုတော့ ငရို့လော ကပါလနတ်မင်း တွေ လက်ပိုက်ကြည့်လို့ မရဘူး။အချင်း… ဒိဗ္ဗစက္ခုရဲ့ အထူး တာဝန်ကတော့ ဗမာဂျက်စီဂျိမ်းကို အမိဖမ်းဖို့ပဲ…”

သို့တပြီးကား… ကျွန်ုပ်တို့ အထူးအားထားရသော စွမ်းအားရှင် ဒိဗ္ဗစက္ခု (ခေါ်) နတ်မျက်စိသည် (ရေဘူး ပေါက်ခြင်းသည် သာမည၊ ရေပါလာခြင်းသည်က အဓိက) ဟူ သော ထုံးကို နှလုံးမူကာ လူ့ပြည် လောကသို့ စွတ်ရွတ်ဆင်းချ လာခဲ့ ပေတော့သည်။ ရန်ကုန်ရွှေမြို့တော်သို့ ရောက်လျှင် ပထဦးစွာ အခင်းဖြစ် ပွားခဲ့သော လမ်းဘေးဘဏ်ကလေး ပိစိကွေးကို ကိုယ်ရောင်ဖျောက်၍ ဝင်ရောက်ကြည့်ရှု၏။ ဗမာဂျက်စီ ဂျိမ်း လက်သရမ်းသွားခဲ့သည့် သေ နတ်ကျည်ဆန်ထိမှန်သော နံရံကို စစ်ဆေးလေ့လာ၏။

“ငါတို့ဆီမှာ ဓါးပြတိုက်ဖို့ ကြိုးစားတဲ့ ငပွေးတွေကို ဖမ်းမိမယ် လို့ ငါမထင်ဘူးဟာ”ဟု ဘဏ်စာရေး မလေးတစ်ယောက်က သူ့အဖော်ကို ပြောလိုက်သည်ကို နတ်မျက်စိ ကြားမိသောကြောင့် သူကပို၍ နားစွင့်ထားလိုက်သည်။

“ဒီငနဲတွေက ဆေးသမားတွေ ဖြစ်မှာကွ။ ဆေးဖိုးလိုလို့ ကြံမိကြံရာ ကမူးရှူးထိုးကြံကြတာ။ အကြံ မအောင်တော့ သေနတ်နဲ့ ကမူးရှူး ထိုးပစ်ပြီး ကမူးရှူးထိုး ထွက်ပြေးရော မဟုတ်လား။ ငါတို့ရဲ့ ရဲတွေကို လျှော့မတွက်နဲ့။ တရားခံပြေးဆိုရင် မီးခိုးမဆုံး မိုးမဆုံးလိုက်တာ။ တစ်နေ့နေ့တော့ မိမှာပဲ”

အဖော် စာရေးမလေးက တက် ကြွစွာ ပြောလိုက်သည်ကိုလည်း နတ် မျက်စိ ကြားသည်။

” မပူနဲ့ သမီးတို့… အတော် ဆုံး စုံထောက်ကြီးဒိဗ္ဗစက္ခု ရောက် လာပြီ”ဟု နတ်မျက်စိက အသံတိတ် အားပေးလိုက်သည်။

နတ်မျက်စိသည် အမှုနှင့် သက်ဆိုင်ရာ ရဲမှတ်တမ်းများကို လည်း နတ်တို့၏တန်ခိုးဖြင့် လျှို့ဝှက် စွာ လေ့လာသည်။ ထို့နောက် အမှုဖြစ်ပွားပုံ အစအဆုံးကို အနုလုံ ပဋိလုံ စဉ်းစားဝေခွဲကြည့်လေ၏။

“ဒီကောင်တွေ သေနတ် ဘယ် ကရသလဲ…”

အထက်ပါ မေးခွန်းကို မိမိ ဘာသာ မေးကြည့်မိသောအခါ နတ် မျက်စိသည် ဟည်းခနဲ ပင့်သက်ရှူ လိုက်တော့သည်။ သူသည်ကားဘဏ် ဓားပြမှု၊ သေနတ်ဓားပြမှု တို့သာမက လက်နက်မှောင်ခို ဒုစရိုက်ဂိုဏ်းကိုပါ ဖြေရှင်းရတော့မည် မဟုတ်ပါ လား …”

“မအောင်မြင်တဲ့ ဓားပြနှစ် ကောင်ဟာ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတယ်။ မော်တော် ဆိုင်ကယ် … မော်တော်ဆိုင် ကယ်…” ဟုတွေးမိရာက နတ် မျက်စိသည် ဟည်းခနဲ ပင့်သက်ရှူ ပြန်၏။

” မဟာရန်ကုန် နယ်နိမိတ် အတွင်းမှာ အရေးတကြီး အစိုးရတာ ဝန် ထမ်းဆောင်နေသူများမှအပ ဘယ်သူမှ မော်တော်ဆိုင်ကယ်စီး ခွင့်မှ မရှိတာ။ တော်တော် လက်ရဲ ဇက်ရဲနိုင်တဲ့ ဓားပြကလေးတွေပါ ကလား…”

ဤသို့ဖြင့်… နတ်မျက်စိသည် ဓားပြတွေ အသုံးပြုခဲ့သော မော် တော်ဆိုင်ကယ် သဲလွန်စကို ရှာဖွေ ရင်း မော်တော်ဆိုင်ကယ် အရောင်းပြ ခန်း Show Room များ ဆီသို့ ရောက်ရှိသွား၏။ ရပ်ကွက်အကျို အကြားက မော်တော်ဆိုင်ကယ် အရောင်းဆိုင်ဆီသို့လည်း ရောက်ရှိ သွားပြန်သည်။ ရဲမှတ်တမ်းများကို ပြန်လည်လေ့လာသောအခါ လမ်း ပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေကြသည့် ယာဉ်မတော်တဆမှုများတွင် မော်တော်ဆိုင်ကယ်က ‘ငပွကြီး’ ဖြစ်နေကြောင်း တွေ့ရသည်။ ပြစ်မှု သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ထားသော မော်တော်ဆိုင်ကယ်များ ကို ရဲစခန်းဝင်းတိုင်းမှာရာ ထောင်ချီ ၍ တွေ့မြင်ရပြန်လေသည်။ ထိုမျှသာ မက ရဲမှတ်တမ်းများအရ မော်တော် ဆိုင်ကယ်စီး၍ လုယက်မှုများက လည်း တိုးပွားလာနေသည်။ ရန်ကုန် မှာ ညမင်းသားမော်တော် ဆိုင်ကယ် အဖွဲ့ ပေါ်နေပြီဟုပင် သတင်းသဲ့သဲ့ ကြားခဲ့ရဖူးသည်။

သြော်… မော် တော်ဆိုင်ကယ် ပြဿနာ ..ဟု ညည်းတွားကာ နတ်မျက်စိသည် နတ် ဘုံလောကသို့ နွမ်းလျှစွာ ပြန်လာ ခဲ့၏။

” ကောင်းကျိုးထက် ဆိုးကျိုး တွေကိုသာ သယ်ဆောင်လာတဲ့ မော် တော်ဆိုင်ကယ်များကို တစ်ပြည်လုံး ပိတ်သိမ်းရန် အကြံပြု လျှောက်တင် ကြောင်းပါဖရား”ဟု စီနီယာ နတ် မင်းကြီးအား အစီရင်ခံလိုက်သော အခါ စီနီယာနတ်မင်းကြီးသည် မျက် နှာထားတော် ညိုမှောင်လျက် …

” ဟဲ့… ငတုံး။ စီးပွားရေးတိုး တက်မှု ပြယုဂ်ဖြစ်နေတဲ့ မော်တော် ဆိုင်ကယ် ယဉ်ကျေးမှုကို နင်တားလို့ မရဘူး။ ဘာလဲ… နင်ကနောက် ကြောင်းပြန်ပြီး လှည်းခေတ်၊ လှေခေတ်ကို ပြန်သွားချင်လို့လား ဝမ်းတွင်းရူး ရဲ့” ဟု ကြိမ်းတော်မူလေ သည်။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here