ဟာသသရုပ်ဆောင် ညောင်ညောင်ရဲ့ကျန်းမာရေး အခြေအနေ

0
328

Zyan-Zyan-1ဟာသ သရုပ်ဆောင် ညောင်ညောင်က သြဂုတ်လ ၂ဝရက် နေ့ည CB ဘဏ်ပွဲ တက်ရင်း စင်ပေါ်က အဆင်းမှာ ချော်လဲပြီး ဘယ်ဘက် လက်ဒဏ် ရာအပြင်းအထန် ရရှိခဲ့ တဲ့အတွက် ပါရမီ ဆေး ရုံမှာ ဆေးကုသမှု ခံယူ ပြီး ဘယ်လက်ကို ခွဲစိတ် ကာ ဒဏ်ရာကို အချက်လေး ဆယ်ကျော် ချုပ်ခဲ့ရပါတယ်။ ယခု အခြေအနေမှာ တော့ ညောင်ညောင်ရဲ့ကျန်းမာရေး အခြေအနေပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေ ကိုတော့ အချိန်ယူ ကုသရဦးမယ်လို့ ညောင်ညောင်က ဆိုပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ညောင်ညောင် ရဲ့လက်ရှိ ကျန်းမာရေး အခြေအနေကတော့ …

“၂၅ ရက်နေ့ကတော့ ဆေးရုံက ခဏ ဆင်းရတယ်။ ၂လက်မလောက် ရတဲ့ဒဏ်ရာ ကတော့ အရွတ်တွေ ပြတ်ထွက်သွားတဲ့ အတွက် အတွင်းရော၊ အပြင်ရော ချုပ်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီဒဏ်ရာက အခြေအနေ ကောင်း တယ်။ အခြေအနေ မကောင်းတာက လက်တွေ့ ပွစာ ကြဲသွားတယ်။ လက်သန်းနားမှာတစ်ခု၊ လက်သန်းကြွယ်နဲ့ လက်ခလယ်ကြားထဲမှာ အကြောတွေ ပြတ်သွားပြီး ဒဏ်ရာ နက်တယ်။ နောက်ပြီး လက်ကောက်ဝတ် ဒဏ်ရာရယ်၊ ဒီဒဏ်ရာ သုံးခုကတော့ တော်တော် နဲ့မပျောက်နိုင်သေးဘူး။ ဒဏ်ရာတွေ ကျက်ဖို့လည်း တစ်လခွဲလောက် အချိန်ယူ ရဦးမယ်။ အကြောတွေ ပျက်သွားတဲ့ အတွက် အကြောတွေ ပြန်ဆက်ထားရတယ်။ လက်တွေ့ ကတော့ ကွေ့ ကောက်နေတာပဲ။ CB ဘဏ်ကတော့ သူတို့ ပွဲတက်ရင်းဖြစ်တော့ ဆေးရုံစရိတ်ကို တာဝန်ယူကြတယ်။ ဟိုတယ်ဘက် ကတော့ တစ်ခေါက် လာတွေ့ကြတယ်။ ဆေးရုံကိုလည်း သုံးလေးရက် တစ်ခါပြန်ပြန်ပြီး သွား ပြရဦးမယ်။ ချုပ်ရိုးတွေလည်း မဖြေ ရသေးဘူး” လို့ ညောင်ညောင်က ပြော ပါတယ်။

ညောင်ညောင်ရဲ့ လက်ဒဏ်ရာ ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို နားထားရပြီး လက်ကိုပကတိ အတိုင်း ပြန်လည်ကောင်းမွန် လာအောင် ၂လ လောက် လေ့ကျင့်ခန်းတွေ လုပ်ရဦး မယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here