သားဦးလေးကို Austin လို့ အမည်ပေးထားတဲ့ သရုပ်ဆောင် မိုးယုစံတို့ ဇနီးမောင်နှံ

0
222

SHA_9809သရုပ်ဆောင် မိုးယုစံက သြဂုတ် လ၂၁ ရက်နေ့၊ ညပိုင်းမှာ ၈ပေါင် ၃အောင်စရှိတဲ့ သားဦးလေးကို ကြည့်မြည်တိုင်မြို့နယ်က  ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံ ကြီးမှာ အောင်မြင်စွာ မွေးဖွားခဲ့ ပါ တယ်။ သားဦးလေးကို တွေ့မြင် ရတဲ့ အခါမှာအတိုင်းမသိ ဝမ်းသာပြီး တာဝန်လည်း ပိုကြီး သွားကြောင်းကို မိုးယုစံရဲ့ခင်ပွန်းဖြစ်သူ ကိုစွမ်းသူ မိုးက

“သားလေးကိုစတွေ့တဲ့ အချိန် မှာ အတိုင်းမသိ ဝမ်းသာပါတယ်။ အမှန်က သားကို ၂၃ရက်နေ့၊ ဗုဒ္ဓဟူး နေ့မှာ မွေးဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း ဆေး ခန်းသွားပြနေတဲ့ အချိန်မှာ ဆရာမ က ဒီနေ့မွေးသင့်တယ်။ ဒီနေ့မမွေး ရင် အခြေအနေ မကောင်းဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဆေးရုံတစ်ခါတည်း တက်ပြီး ည၁ဝ နာရီလောက်မှ မွေးဖြစ်သွားတာပါ”လို့ ပြောပါတယ်။သားဦးလေးကိုတော့ အခု လောလောဆယ်မှာ အိမ်ခေါ် နာမည်အဖြစ် Austin လို့ အမည်ပေး ထားပြီး၊ သားလေးကြီးလာရင်လည်း သူဖြစ်ချင်တာကို နောက်ကနေ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်းကို ကို စွမ်းသူမိုး က

“အိမ်ခေါ် နာမည်ကတော့ ကျွန်တော်နဲ့ မိုးယုနဲ့စဉ်းစားပြီး ပေးထားတာတော့ ရှိတယ်။ မြန်မာ နာမည်ကိုတော့ ကျွန်တော်တို့ မစဉ်း စားရသေးဘူး။ နေ့နံလည်းပြောင်း သွားတယ် ဆိုတော့ မစဉ်းစားရသေး ဘူး။ အိမ်ခေါ်နာမည်က  Austin လို့ပေးထားတယ်။ Austin လို့ပေး ထားတာက သြဂုတ်မှာ မွေးတာဖြစ်တဲ့ အတွက် Austin လို့ပေးလိုက်တာပါ၊ ဖခင်တစ်ယောက် အနေနဲ့က သူ့ အပေါ်မှာ မျှော်မှန်းတယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ သူသွားမယ့် လမ်း ကြောင်းပေါ်မှာကိုယ်က support လုပ်ပေးရုံပါပဲ” လို့ ပြောပါတယ်။

တွယ်တာ၊
ဓာတ်ပုံ My Dream


LEAVE A REPLY

Please enter your comment!
Please enter your name here