အွန်လိုင်းမှာ MTV သီချင်း တစ်ပုဒ်ဖြန့်ချိမယ့် ရွှေစင်

0
154

shwe-sin-2
သြဂုတ်လ ၂၁ ရက်နေ့ မွေးနေ့ရှင် မော်ဒယ်သရုပ် ဆောင်ရွှေစင်က သူမရဲ့ မွေးနေ့ကိုတော့ သင်္ယန်း ကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရ ကျောင်းတိုက်မှာ ရဟန်း ၁ဝ၈ပါးအား သိက္ခာထပ် အလှူပြုလုပ်ခဲ့ပြီး ၊ သင်္ကန်း၊ ဖိနပ်၊တဘက်၊ ဆပ်ပြာ၊သွားတိုက်ဆေး နှင့် ဝတ္ထုငွေများ၊ ကလေး အယောက် ၃၅ဝကို အာဟာရဒါန တစ်ရက်စာ လှူဒါန်းပြီး စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ မုန့်အစရှိသည် များကိုလှူဒါန်းခဲ့ပြီး မွေးနေ့ ညနေပိုင်း မှာတော့ ရွှေတိဂုံ စေတီ ရင်ပြင်တော်မှာ ဆီမီး ၁ဝဝဝ ဆက်ကပ်ပူဇော်ခဲ့ ပါတယ်။ ဒီနှစ်မွေးနေ့ကတော့  မိခင်ဖြစ်သူ ဆီက surprise birthday present ရရှိခဲ့တဲ့ အတွက် အမှတ် တရဖြစ်ခဲ့ကြောင်းကို ရွှေစင်က…

“မွေးနေ့နှစ်တိုင်းကို အလှူတွေပဲ လုပ်ဖြစ်ပါတယ်။ မွေးနေ့မတိုင် ခင်ကတည်းက စင်ဖျားနေတာ။ မွေးနေ့ ရောက်တဲ့နေ့မှာလည်း ဖျားနေ တုန်း၊ စင့်အဖေနဲ့ အမေ က မန္တလေးမှာ ပဲနေကြတာ။ ဒါပေမဲ့ မေမေကတော့ စင်နဲ့ ရန်ကုန်မှာ နေတာများတယ်။ မွေးနေ့ မတိုင်ခင်မှာ မေ မေကအလုပ်ရှိတာ နဲ့မန္တလေး ရောက်နေတာ။ မွေး နေ့မရောက်ခင် ညဘက်မှ မေမေတို့ကရောက်လာ ကြ တာ။ အဲဒီညမှာပဲ မေမေ့ဆီက suprise  မွေးနေ့ လက်ဆောင် ရခဲ့တယ်။ အဲဒါ ကတော့ အမှတ်တရပါပဲ” လို့ ပြောပါတယ်။ မော်ဒယ် သရုပ်ဆောင်အပြင် တစ်ကိုယ် တော်သီချင်းခွေပါ စီစဉ်ဖြစ်နေပြီး မကြာခင်မှာ သီချင်း တစ်ပုဒ်ကို လည်း mtv ရိုက်ပြီး အွန်လိုင်းမှာ ဖြန့်ချိသွား မှာဖြစ်ကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here