“Hyorin တစ်ယောက် တကိုယ်တော် ရပ်တည်ပြီး နောက်ပိုင်း Cosmopolitan ကို လာရောက်တာ ပထမဆုံး အကြိမ်ပါ။ သူမ သူမရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းနည်းတွေကို အခုလို “များသောအားဖြင့် GYM မှာ အားကစားလုပ်လေ့ ရှိပေမယ့် အခုနောက်ပိုင်းတော့ အိမ်မှာပဲလုပ်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ လုပ်ပေးမယ်ဆိုရင် ကြွက် သားတွေကို တင်းရင်းစေပြီး လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံ ကိုလည်း ရရှိမှာပါ။ ဝိတ်လျှော့ နေရတဲ့အပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်နေတဲ့ သူတွေကိုလည်း အကြံပေးချင်ပါတယ်။ စိတ်ကို အေးချမ်းတည် ငြိမ်အောင်ထားပါ။ ဒါက အများကြီး အထောက်အကူဖြစ်စေ ပါတယ်။ ဒုတိယတစ်ခုကတော့ တစ်နေကုန် ၅မိနစ်ကနေ ၁ဝမိနစ်ထိ လေ့ကျင့်ခန်းလုပ် ပေးပါ။ နောက်ဆုံး အကြံပေးချင်တာ ကတော့ နည်းနည်းပိုအိပ်ပါ။ အိပ်နေ တော့ ဗိုက်မဆာတော့ဘူးပေါ့”လို့ ပရိသတ်တွေထံဝေမျှခဲ့ပါတယ်။