ကလေးငယ်များကို အားဖြည့်ဆန် အစားထိုးကျွေးမွေးရေး မိတ်ဆက်ပွဲပြုလုပ်

0
207

Rice

လူမှုဝန်ထမ်းဦးစီးဌာနနဲ့ PATH တို့ ပူးပေါင်းကျင်းပတဲ့ မူလတန်းကြိုကျောင်းများ တွင် ကလေးငယ်များအား အားဖြည့်ဆန် အစားထိုးကျွေးမွေးရေး မိတ်ဆက်ပွဲအခမ်း အနားကို သြဂုတ်လ ၁၈ရက်နေ့ မနက် ၉နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားတွင် လူမှုဖူလုံရေးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ PATH အဖွဲ့နဲ့အတူ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မူလတန်းကြို ကျောင်း၅၁ကျောင်းတွင် အာဟာရအစီအစဉ်များ စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအမျိုးသား အာဟာ ရဖွံ့ဖြိုးရေးနဲ့ သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ….

“အာဟာရဖြည့်ဆန် စတင်ဆောင်ရွက်ဖို့အတွက် ၂ဝ၁၃ ခုနှစ်ကတည်းက ခြေ လှမ်းစခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် မြန်မာပြည်မှာ အဓိက အာဟာရချို့တဲ့မှုပြသာနာ ၂ရပ်ဖြစ်တယ်။ ၅နှစ်အောက် ကလေးတွေမှာ အရပ်ပုညှက်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ၅နှစ်အောက် ကလေးတွေမှာ သွေးအားနည်းတယ်ဆိုတဲ့ ပြဿနာတွေက မြန်မာ ပြည်မှာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာ၂ခုပါ။ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တဲ့ အတွက် လူတိုင်းစားနေတဲ့ဆန်မှာ အာဟာရဓာတ် တွေဖြည့်စွက်ကြမယ်ဆိုပြီး PATH အဖွဲ့အစည်းနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတာပါ။ စောစောက ပြဿနာတွေကို ဖြေရှင်း နိုင်ဖို့အတွက် ဗီတာမင်အေ ၊ ဗီတာမင် ဘီ ၁၊ ဘီ ၃၊ ဘီ ၆ နဲ့ ဖောလစ်အက်စစ်၊ ဘီ ၁၂၊ ဇင့်နဲ့သံဓာတ်စတဲ့ အာဟာရဓာတ်တွေကို ဆန်မှာဖြည့်စွက်မယ်ဆိုပြီး ဒီစီမံချက်ကို အကောင်အထည်ဖော်ခဲ့ကြတာပါ။ မိခင်တွေကို မှာချင်တာက သမားရိုးကျဆန် ကိုကျွေးမယ့်အစား၊ အာဟာရဖြည့်ထားတဲ့ ဆန်ကိုကျွေးခြင်းအားဖြင့် ကလေး ငယ်တွေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်လာမယ်။ ခန္ဓာကိုယ်ပုံ မှန်ကြီးထွား ဖွံ့ဖြိုးဖို့ ဥာဏ်ရည်ဖွံ့ဖြိုးဖို့ အထောက်အကူပြုလာနိုင်ပါမယ်”လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် တို့တွင် ဦးစွာ အကောင်အထည်ဖော်မည်ဖြစ်ပြီး ကျန်ရှိသော ဒေသများသို့လည်း တဖြည်းဖြည်း တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

P-060
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here